ပြည်သူ့ပါတီဆိုင်းဘုတ် ဖျက်ဆီးသူကို အမှုဖွင့်

ပြည်သူ့ပါတီဆိုင်းဘုတ် ဖျက်ဆီးသူကို အမှုဖွင့်

နေပြည်တော်၊အောက်တိုဘာ ၆-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငါးပြေမကျေးရွာအုပ်စု၊ သုခမြိုင်ကျေးရွာမှာ မနေ့အောက်တိုဘာ ၅ ရက်နေ့ မနက်က ပြည်သူ့ပါတီရဲ့ ရပ်ကျေးဆိုင်းဘုတ်နဲ့ ကိုယ်စားလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခဲ့သူကို ကျိုက်မရောရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ မွန်ပြည်နယ် ပြည်သူ့ပါတီတာဝန်ခံ ဦးအောင်ကိုဝင်းသန်းက ပြောပါတယ်။

” ဖျက်ဆီးသူကို အမှုဖွင့်လှစ်ထားတယ်။ ဖျက်ဆီးသူရဲ့နောက်ခံဘက်ဂယောင်း ဘာပါတီ၊ ညာပါတီ ရှိ၊မရှိတော့ မသိပါဘူး”လို့ ဦးအောင်ကိုဝင်းသန်းကပြောပါတယ်။

သုခမြိုင်ကျေးရွာက ပြည်သူ့ပါတီ ရပ်ကျေးဆိုင်းဘုတ်နဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းမဲဆွယ်ဆိုင်းဘုတ်ကို စောရှဲလ်ဆိုသူ အမျိုးသားက တွန်းလှဲဖြိုချဖျက်ဆီးခဲ့တာဖြစ်ပြီး ဓာတ်ပုံ မှတ်တမ်းလည်း ရယူထားတယ်လို့ မွန်ပြည်နယ်ပြည်သူ့ပါတီကနေ သိရပါတယ်။

ပြည်သူ့ပါတီ ဆိုင်းဘုတ်ကိုဖျက်ဆီးသူဟာ ကျိုက်မရောမြို့နယ်NLD ပါတီဥက္ကဋ္ဌဖြစ်သူရဲ့ သားဖြစ်သူတစ်ဦးလို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျိုက်မရောNLDပါတီဥက္ကဋ္ဌ ဦးသိန်းမင်းကို VOM သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာမှာတော့ ‌ဖြေကြားလိုခြင်းမရှိသေးဘူးလို့သာ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ပါတီဆိုင်းဘုတ်ဖျက်ဆီးခဲ့တဲ့ ကိုစောရှဲလ်ကို ကျိုက်မရောမြို့မရဲစခန်းမှ ရွေးကောက်ပွဲကော်မရှင်အက်ဥပဒေပုဒ်မ-၅၇ နဲ့ အမှုဖွင့်စစ်ဆေးဆောင်ရွက်‌နေတယ်လို့ ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။

Photo- Charli Soe
#voiceofmyanmar #VOM #ကျိုက်မရော #ပြည်သူ့ပါတီဆိုင်းဘုတ်ဖျက်ဆီးသူ #အမှုဖွင့်

Zawgyi

ျပည္သူ႔ပါတီဆိုင္းဘုတ္ ဖ်က္ဆီးသူကို အမႈဖြင့္

ေနျပည္ေတာ္၊ေအာက္တိုဘာ ၆-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ က်ိဳက္မေရာၿမိဳ႕နယ္၊ ငါးေျပမေက်း႐ြာအုပ္စု၊ သုခၿမိဳင္ေက်း႐ြာမွာ မေန႔ေအာက္တိုဘာ ၅ ရက္ေန႔ မနက္က ျပည္သူ႔ပါတီရဲ႕ ရပ္ေက်းဆိုင္းဘုတ္နဲ႔ ကိုယ္စားလွယ္ေလာင္း မဲဆြယ္ဆိုင္းဘုတ္ ဖ်က္ဆီးခဲ့သူကို က်ိဳက္မေရာရဲစခန္းမွာ အမႈဖြင့္ထားတယ္လို႔ မြန္ျပည္နယ္ ျပည္သူ႔ပါတီတာဝန္ခံ ဦးေအာင္ကိုဝင္းသန္းက ေျပာပါတယ္။

” ဖ်က္ဆီးသူကို အမႈဖြင့္လွစ္ထားတယ္။ ဖ်က္ဆီးသူရဲ႕ေနာက္ခံဘက္ဂေယာင္း ဘာပါတီ၊ ညာပါတီ ရွိ၊မရွိေတာ့ မသိပါဘူး”လို႔ ဦးေအာင္ကိုဝင္းသန္းကေျပာပါတယ္။

သုခၿမိဳင္ေက်း႐ြာက ျပည္သူ႔ပါတီ ရပ္ေက်းဆိုင္းဘုတ္နဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမဲဆြယ္ဆိုင္းဘုတ္ကို ေစာရွဲလ္ဆိုသူ အမ်ိဳးသားက တြန္းလွဲၿဖိဳခ်ဖ်က္ဆီးခဲ့တာျဖစ္ၿပီး ဓာတ္ပုံ မွတ္တမ္းလည္း ရယူထားတယ္လို႔ မြန္ျပည္နယ္ျပည္သူ႔ပါတီကေန သိရပါတယ္။

ျပည္သူ႔ပါတီ ဆိုင္းဘုတ္ကိုဖ်က္ဆီးသူဟာ က်ိဳက္မေရာၿမိဳ႕နယ္NLD ပါတီဥကၠ႒ျဖစ္သူရဲ႕ သားျဖစ္သူတစ္ဦးလို႔ သတင္းေတြထြက္ေပၚေနတာေၾကာင့္ ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး က်ိဳက္မေရာNLDပါတီဥကၠ႒ ဦးသိန္းမင္းကို VOM သတင္းဌာနမွ ဆက္သြယ္ေမးျမန္းရာမွာေတာ့ ‌ေျဖၾကားလိုျခင္းမရွိေသးဘူးလို႔သာ ျပန္လည္ေျပာဆိုခဲ့ပါတယ္။

ပါတီဆိုင္းဘုတ္ဖ်က္ဆီးခဲ့တဲ့ ကိုေစာရွဲလ္ကို က်ိဳက္မေရာၿမိဳ႕မရဲစခန္းမွ ေ႐ြးေကာက္ပြဲေကာ္မရွင္အက္ဥပေဒပုဒ္မ-၅၇ နဲ႔ အမႈဖြင့္စစ္ေဆးေဆာင္႐ြက္‌ေနတယ္လို႔ က်ိဳက္မေရာၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံး တာဝန္ရွိသူတစ္ဦးရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

Photo- Charli Soe
#voiceofmyanmar #VOM #က်ိဳက္မေရာ #ျပည္သူ႔ပါတီဆိုင္းဘုတ္ဖ်က္ဆီးသူ #အမႈဖြင့္

Related posts

Leave a Comment

VOM News

FREE
VIEW