ဗကသကျောင်းသား ၂ ယောက်ကို ထောင်ဒဏ် ၁ နှစ်ထပ်ချတဲ့ရုံးချိန်း လုံခြုံရေးတင်းကြပ်

ဗကသကျောင်းသား ၂ ယောက်ကို ထောင်ဒဏ် ၁ နှစ်ထပ်ချတဲ့ရုံးချိန်း လုံခြုံရေးတင်းကြပ်

မန္တလေး၊ အောက်တိုဘာ ၅ – ၂၀၂၀
ရှိုင်းအောင်(VOM)

ဗကသများအဖွဲ့ချုပ်က ကိုစိုးလှနိုင်၊ ကိုကျော်သီဟရဲကျော်တို့ ၂ ဦးကို စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ – ၅၀၅(က)/၅၀၅(ခ)နဲ့ တရားစွဲထားတဲ့အမှုကို ဒီကနေ့မနက်ပိုင်းက အောင်မြေသာစံမြို့နယ်တရားရုံးက ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒီရုံးချိန်းမှာ သတင်းထောက်တွေသတင်းဓါတ်ပုံရိုက်ခွင့်မသာအောင် ရဲတပ်ဖွဲ့က လုံခြုံရေးအထပ်ထပ်ပိတ်ဆို့ထားခဲ့ပါတယ်။

ဒီနေ့ထောင်ဒဏ် တနှစ်ချမှတ်ခံရတဲ့ ကျောင်းသား၂ယောက်ဟာ မန္တလေးကျုံးရဲ့ဘေး ၂၆ လမ်းနဲ့ ၇၃ လမ်းထောင့်က ဓာတ်တိုင်တွေမှာ ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ဖက်ဆစ် လူသက်ဝါဒ အလိုမရှိ၊ တပ်မတော် အလင်းဝင်ပါ၊ တပ်မတော်ကြီးလည်းချီလာပါပြီ ပြည်သူများလည်း သေကုန်ပါပြီ အစရှိတဲ့စာသားတွေပါဝင်တဲ့စတစ်ကာတွေကို စက်တင်ဘာလ ၁၄ ရက်နေ့က လိုက်လံကပ်ခဲ့တာကြောင့် တမှုကို ထောင်ဒဏ် ၁နှစ်ဆီ ၂မှုပေါင်းကျခံရမှာဖြစ်တဲ့အတွက် တနှစ်ကျခံရမှာဖြစ်ပါတယ်။

ကိုစိုးလှနိုင်နဲ့ ကိုကျော်သီဟရဲကျော်တို့ ၂ ဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မဟာအောင်မြေမြို့နယ်တရားရုံးကနေ ပုဒ်မ-၅၀၅(က)(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ထားရတာအပြင် ချမ်အေးသာစံ၊ အောင်မြေသာစံနဲ့ အမရပူရမြို့နယ်တွေမှာပါ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

ဒါ့အပြင် မန္တလေး၊ ဈေးချိုရှေ့မှာ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေထဲက ကျောင်းသား ၁၃ ဦးကို ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားပြီး အဲ့ဒီ ၁၃ ဦးထဲက ကျောင်းသား ၈ ဦးကိုလည်း ချမ်းအေးသာစံမြို့နယ်တရားရုံးက အောက်တိုဘာ ၉ ရက်နေ့မှာ ရုံးချိန်းချိန်းဆိုထားပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ဗကသကျောင်းသား

ဗကသေက်ာင္းသား ၂ ေယာက္ကို ေထာင္ဒဏ္ ၁ ႏွစ္ထပ္ခ်တဲ့႐ုံးခ်ိန္း လုံၿခဳံေရးတင္းၾကပ္

မႏၲေလး၊ ေအာက္တိုဘာ ၅ – ၂၀၂၀
ရႈိင္းေအာင္(VOM)

ဗကသမ်ားအဖြဲ႕ခ်ဳပ္က ကိုစိုးလွႏိုင္၊ ကိုေက်ာ္သီဟရဲေက်ာ္တို႔ ၂ ဦးကို စတစ္ကာကမ္ပိန္းျပဳလုပ္ခဲ့တဲ့အတြက္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ – ၅၀၅(က)/၅၀၅(ခ)နဲ႔ တရားစြဲထားတဲ့အမႈကို ဒီကေန႔မနက္ပိုင္းက ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးက ေထာင္ဒဏ္ ၁ ႏွစ္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။ ဒီ႐ုံးခ်ိန္းမွာ သတင္းေထာက္ေတြသတင္းဓါတ္ပုံ႐ိုက္ခြင့္မသာေအာင္ ရဲတပ္ဖြဲ႕က လုံၿခဳံေရးအထပ္ထပ္ပိတ္ဆို႔ထားခဲ့ပါတယ္။

ဒီေန႔ေထာင္ဒဏ္ တႏွစ္ခ်မွတ္ခံရတဲ့ ေက်ာင္းသား၂ေယာက္ဟာ မႏၲေလးက်ဳံးရဲ႕ေဘး ၂၆ လမ္းနဲ႔ ၇၃ လမ္းေထာင့္က ဓာတ္တိုင္ေတြမွာ ဖက္ဆစ္စစ္တပ္ အလိုမရွိ၊ ဖက္ဆစ္ လူသက္ဝါဒ အလိုမရွိ၊ တပ္မေတာ္ အလင္းဝင္ပါ၊ တပ္မေတာ္ႀကီးလည္းခ်ီလာပါၿပီ ျပည္သူမ်ားလည္း ေသကုန္ပါၿပီ အစရွိတဲ့စာသားေတြပါဝင္တဲ့စတစ္ကာေတြကို စက္တင္ဘာလ ၁၄ ရက္ေန႔က လိုက္လံကပ္ခဲ့တာေၾကာင့္ တမႈကို ေထာင္ဒဏ္ ၁ႏွစ္ဆီ ၂မႈေပါင္းက်ခံရမွာျဖစ္တဲ့အတြက္ တႏွစ္က်ခံရမွာျဖစ္ပါတယ္။

ကိုစိုးလွႏိုင္နဲ႔ ကိုေက်ာ္သီဟရဲေက်ာ္တို႔ ၂ ဦးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကလည္း မဟာေအာင္ေျမၿမိဳ႕နယ္တရား႐ုံးကေန ပုဒ္မ-၅၀၅(က)(ခ)နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ခ်မွတ္ခဲ့ထားရတာအျပင္ ခ်မ္ေအးသာစံ၊ ေအာင္ေျမသာစံနဲ႔ အမရပူရၿမိဳ႕နယ္ေတြမွာပါ တရားစြဲဆိုခံထားရတာျဖစ္ပါတယ္။

ဒါ့အျပင္ မႏၲေလး၊ ေဈးခ်ိဳေရွ႕မွာ ခ်ီတက္လမ္းေလွ်ာက္ဆႏၵျပခဲ့ၾကတဲ့ ေက်ာင္းသားေတြထဲက ေက်ာင္းသား ၁၃ ဦးကို ရဲတပ္ဖြဲ႕က ၿငိမ္းစုစီပုဒ္မ ၁၉ နဲ႔ တရားစြဲဆိုထားၿပီး အဲ့ဒီ ၁၃ ဦးထဲက ေက်ာင္းသား ၈ ဦးကိုလည္း ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံးက ေအာက္တိုဘာ ၉ ရက္ေန႔မွာ ႐ုံးခ်ိန္းခ်ိန္းဆိုထားပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ဗကသေက်ာင္းသား

Related posts

Leave a Comment

VOM News

FREE
VIEW