မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ရဲအချုပ်ခန်းဖောက်ပြီး အချုပ်သားတွေ ထွက်ပြေး

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ ရဲအချုပ်ခန်းဖောက်ပြီး အချုပ်သားတွေ ထွက်ပြေး

မကွေး၊ အောက်တိုဘာ ၆ -၂၀၂၀
ကိုတိုးကြီး (VOM)

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ ပွင့်ဖြူမြို့မရဲစခန်းက အချုပ်ခန်းနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့၊ ကလေးမြို့မရဲစခန်းက အချုပ်ခန်းတွေထဲက အချုပ်ကျခံနေသူတစ်ချို့ ဖောက်ထွင်းထွက်ပြေးသွားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

အောက်တိုဘာ ၅ ရက်နေ မနက် ၅ နာရီခွဲအချိန်ခန်းက မကွေးတိုင်း၊ ပွင့်ဖြူမြို့၊ ပွင့်ဖြူမြို့မရဲစခန်း အချုပ်ခန်းက အချုပ်သားတစ်ယောက်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးမြို့မရဲစခန်း အချုပ်ခန်းက အချုပ်သား ၇ ယောက်ဟာ အချုပ်ခန်းကို ဖောက်ထွင်းထွက်ပြေးကြတာ ဖြစ်တယ်လို့ သိရပါတယ်။

” ပွင့်ဖြူအချုပ်က ဆိုင်ကယ်သူခိုး ဆိုင်ကယ်ရာဇာ တရားခံတစ်ယောက် အချုပ်ခန်းထဲက မိလ္လာခုံပေါ်ကနေ မျက်နှာကျက်ကို ဖောက်ထွင်းထွက်ပြေးတာပါ၊ ကလေးရဲစခန်းကတော့ ဘယ်လိုပြေးသလဲ မသိဘူး၊ အချုပ်သား ၇ ယောက်ဖောက်ထွင်း ထွက်ပြေးတာ ၆ ယောက်ပြန်မိပြီး ၁ ယောက်ကတော့ ထွက်ပြေးလွှတ်မြောက်နေတုန်း ဖြစ်တယ်”လို့ ရဲဝန်ထမ်း တစ်ယောက်က ပြောပါတယ်။.

ကလေးမြို့မရဲစခန်း အချုပ်က အချုပ်သား ၇ ယောက်ဟာ အောက်တိုဘာ ၄ ရက်နေ့ မနက် ၃ နာရီအချိန်က အချုပ်ခန်းကို ဖောက်ထွင်းထွက်ပြေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” မကွေးတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က မြိုင်မြို့နယ်၊ ကန်းနီရွာမှာဖြစ်တဲ့ NLD အဖွဲ့ဝင် ကိုမြင့်နိုင် အိမ်ဖျက်စီးခံရတဲ့ ကိစ္စသွားနေတဲ့အချိန်မှာ ပွင့်ဖြူမြို့မရဲစခန်း အချုပ်ခန်းဖောက်ပြေးခံရတာဖြစ်တယ် ” လို့ ပွင့်ဖြူမြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ် ၁၉ ကပ်ရောဂါ ညွှန်ကြားချက်တွေထဲမှာ လူတစ်ဦးနဲ့ တစ်ဦး ၆ ပေအကွာ နေထိုင်ရမယ်လို့ ထုတ်ပြန်ထားပေမမယ့် လက်တွေ့အခြေအနေမှာတော့ ရဲစခန်း အချုပ်ခန်းတွေထဲမှာ အဲ့ဒီ ညွှန်ကြားချက်အမိန့်ကို လိုက်နာဖို့ အချုပ်ခန်းး အကျယ်အဝန်းနဲ့ အချုပ်သားဦးရေဟာ လောက်ငှခြင်းမရှိဘူးလို့လည်း သိရပါတယ်။

” ကလေးမြို့မရဲစခန်းက ၇ ယောက်ပြေးတာ ၆ ယောက်ပြန်မိပြီ၊ ၁ ယောက်ကတော့ လွတ်မြောက်နေတုန်းပဲ”လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ကလေးမြို့မရဲစခန်း အချုပ်ခန်းက အချုပ်သားတွေ အချုပ်ခန်း ဖောက်ထွင်းထွက်ပြေးတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စောမြင့်ဟာ တပ်ဖွဲ့အတွင်း စစ်ဆေးမှုတွေဆောင်ရွက်ဖို့ ကလေးမြို့ကို ထွက်ခွာသွားပြီလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မကွေး #အချုပ်သားထွက်ပြေး

Zawgyi

မေကြးတိုင္းနဲ႔ စစ္ကိုင္းတိုင္းမွာ ရဲအခ်ဳပ္ခန္းေဖာက္ၿပီး အခ်ဳပ္သားေတြ ထြက္ေျပး

မေကြး၊ ေအာက္တိုဘာ ၆ -၂၀၂၀
ကိုတိုးႀကီး (VOM)

မေကြးတိုင္း၊ မင္းဘူးခ႐ိုင္၊ ပြင့္ျဖဴၿမိဳ႕၊ ပြင့္ျဖဴၿမိဳ႕မရဲစခန္းက အခ်ဳပ္ခန္းနဲ႔ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕၊ ကေလးၿမိဳ႕မရဲစခန္းက အခ်ဳပ္ခန္းေတြထဲက အခ်ဳပ္က်ခံေနသူတစ္ခ်ိဳ႕ ေဖာက္ထြင္းထြက္ေျပးသြားတယ္လို႔ ရဲတပ္ဖြဲ႕အသိုင္းအဝိုင္းကေန သိရပါတယ္။

ေအာက္တိုဘာ ၅ ရက္ေန မနက္ ၅ နာရီခြဲအခ်ိန္ခန္းက မေကြးတိုင္း၊ ပြင့္ျဖဴၿမိဳ႕၊ ပြင့္ျဖဴၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္းက အခ်ဳပ္သားတစ္ေယာက္နဲ႔ စစ္ကိုင္းတိုင္း၊ ကေလးၿမိဳ႕၊ ကေလးၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္းက အခ်ဳပ္သား ၇ ေယာက္ဟာ အခ်ဳပ္ခန္းကို ေဖာက္ထြင္းထြက္ေျပးၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။

” ပြင့္ျဖဴအခ်ဳပ္က ဆိုင္ကယ္သူခိုး ဆိုင္ကယ္ရာဇာ တရားခံတစ္ေယာက္ အခ်ဳပ္ခန္းထဲက မိလႅာခုံေပၚကေန မ်က္ႏွာက်က္ကို ေဖာက္ထြင္းထြက္ေျပးတာပါ၊ ကေလးရဲစခန္းကေတာ့ ဘယ္လိုေျပးသလဲ မသိဘူး၊ အခ်ဳပ္သား ၇ ေယာက္ေဖာက္ထြင္း ထြက္ေျပးတာ ၆ ေယာက္ျပန္မိၿပီး ၁ ေယာက္ကေတာ့ ထြက္ေျပးလႊတ္ေျမာက္ေနတုန္း ျဖစ္တယ္”လို႔ ရဲဝန္ထမ္း တစ္ေယာက္က ေျပာပါတယ္။.

ကေလးၿမိဳ႕မရဲစခန္း အခ်ဳပ္က အခ်ဳပ္သား ၇ ေယာက္ဟာ ေအာက္တိုဘာ ၄ ရက္ေန႔ မနက္ ၃ နာရီအခ်ိန္က အခ်ဳပ္ခန္းကို ေဖာက္ထြင္းထြက္ေျပးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

” မေကြးတိုင္း ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီးလႈိင္တင့္က ၿမိဳင္ၿမိဳ႕နယ္၊ ကန္းနီ႐ြာမွာျဖစ္တဲ့ NLD အဖြဲ႕ဝင္ ကိုျမင့္ႏိုင္ အိမ္ဖ်က္စီးခံရတဲ့ ကိစၥသြားေနတဲ့အခ်ိန္မွာ ပြင့္ျဖဴၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္းေဖာက္ေျပးခံရတာျဖစ္တယ္ ” လို႔ ပြင့္ျဖဴၿမိဳ႕မရဲစခန္းက ရဲဝန္ထမ္းတစ္ေယာက္က ေျပာပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ကိုဗစ္ ၁၉ ကပ္ေရာဂါ ၫႊန္ၾကားခ်က္ေတြထဲမွာ လူတစ္ဦးနဲ႔ တစ္ဦး ၆ ေပအကြာ ေနထိုင္ရမယ္လို႔ ထုတ္ျပန္ထားေပမမယ့္ လက္ေတြ႕အေျခအေနမွာေတာ့ ရဲစခန္း အခ်ဳပ္ခန္းေတြထဲမွာ အဲ့ဒီ ၫႊန္ၾကားခ်က္အမိန႔္ကို လိုက္နာဖို႔ အခ်ဳပ္ခန္းး အက်ယ္အဝန္းနဲ႔ အခ်ဳပ္သားဦးေရဟာ ေလာက္ငွျခင္းမရွိဘူးလို႔လည္း သိရပါတယ္။

” ကေလးၿမိဳ႕မရဲစခန္းက ၇ ေယာက္ေျပးတာ ၆ ေယာက္ျပန္မိၿပီ၊ ၁ ေယာက္ကေတာ့ လြတ္ေျမာက္ေနတုန္းပဲ”လို႔ စစ္ကိုင္းတိုင္းရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ေယာက္က ေျပာပါတယ္။

ကေလးၿမိဳ႕မရဲစခန္း အခ်ဳပ္ခန္းက အခ်ဳပ္သားေတြ အခ်ဳပ္ခန္း ေဖာက္ထြင္းထြက္ေျပးတာနဲ႔ ပတ္သက္လို႔ စစ္ကိုင္းတိုင္းရဲတပ္ဖြဲ႕ ဒုတိယ တိုင္းရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ေစာျမင့္ဟာ တပ္ဖြဲ႕အတြင္း စစ္ေဆးမႈေတြေဆာင္႐ြက္ဖို႔ ကေလးၿမိဳ႕ကို ထြက္ခြာသြားၿပီလို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မေကြး #အခ်ဳပ္သားထြက္ေျပး

Related posts

Leave a Comment

VOM News

FREE
VIEW