မန္တလေးတိုင်းမှာ (၄)ရက်အတွင်း မဲစာရင်း ပြင်ဆင်ဖြည့်စွက်ပေးဖို့ လျှောက်ထားသူ နှစ်သောင်းကျော်ရှိ

မန္တလေးတိုင်းမှာ (၄)ရက်အတွင်း မဲစာရင်း ပြင်ဆင်ဖြည့်စွက်ပေးဖို့ လျှောက်ထားသူ နှစ်သောင်းကျော်ရှိ

မန္တလေး၊ အောက်တိုဘာ ၆ -၂၀၂၀
မောင်တာရာ(VOM)

မန္တလေးတိုင်းမှာ ဒုတိယအကြိမ် ကြော်ငြာတဲ့ အခြေခံမဲစာရင်းမှာ ပြင်ဆင်ဖြည့်စွက်ပေးဖို့ လျှောက်ထားသူ နှစ်သောင်းကျော်ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

မန္တလေးတိုင်းမှာ ဒုတိယအကြိမ် မဲစာရင်းတွေ ကြော်ငြာတဲ့ အောက်တိုဘာ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ အခြေခံ မဲစာရင်းလာရောက်ကြည့်ရှု့သူ (၂၄၅၉၄၉)ဦးရှိပြီး၊ မဲစာရင်းမှာ မပါဝင်တဲ့အတွက် ပုံစံ (၃)နဲ့ တောင်းဆို လျှောက်ထားသူ (၁၁၅၉၇)ဦး၊ မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေတဲ့အတွက် ပုံစံ (၄)နဲ့ ကန့်ကွက်လွှာတင်သွင်းသူ (၂၂၆၃)ဦး နဲ့ ကိုယ်ရေးအချက်အလက် မှန်ကန်မှုမရှိတဲ့အတွက် ပုံစံ ၄(ဂ)နဲ့ ပြင်ဆင်လွှာ ဖြည့်စွတ်သူ (၉၁၉၀) ဦး ရှိတယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောပါတယ်။

” ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြော်ငြာတာ ပြောတာပါ။ တကယ်တမ်း ပြောရင်တော့ ရွေးကောက်ပွဲအတွက် ဒါနောက်ဆုံး ကပ်ထားကြော်ငြာခြင်းပဲဖြစ်ပါတယ်။ မဲပေးခွင့်ရှိသူတွေအနေနဲ့ ဆန္ဒမဲပေးချင်တယ်ဆိုရင် မဲစာရင်းကို လာရောက်ကြည့်ရှု့ပေးကြပါ။ မဲစာရင်းမှာ ကိုယ့်အမည်စာရင်း ပါမလာရင်တော့တောင်းဆိုကြပါ။ ကော်မရှင်က ဆောင်ရွက်ပေးတဲ့ နောက်ဆုံးအကြိမ်ပါ”လို့ ဦးရှိန်ဝင်းကပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်းအတွင်း ဆန္ဒမဲပေးခွင့်ဦးရေ ၄၆ သိန်းကျော်ရှိပြီး ရွေးကောက်ပွဲမှာ မဲရုံအရေအတွက် (၅၄၄၈ )ရုံ ထားရှိသွားမယ်လို့ မန္တလေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ရွေးကောက်ပွဲ

Zawgyi

မႏၲေလးတုိင္းမွာ (၄)ရက္အတြင္း မဲစာရင္း ျပင္ဆင္ၿဖည့္စြက္ေပးဖို႔ ေလ်ွာက္ထားသူ ႏွစ္ေသာင္းေက်ာ္ရွိ

မႏၲေလး၊ ေအာက္တုိဘာ ၆ -၂၀၂၀
ေမာင္တာရာ(VOM)

မႏၲေလးတုိင္းမွာ ဒုတိယအႀကိမ္ ေၾကာ္ျငာတဲ့ အေျခခံမဲစာရင္းမွာ ျပင္ဆင္ၿဖည့္စြက္ေပးဖို႔ ေလ်ွာက္ထားသူ ႏွစ္ေသာင္းေက်ာ္ရွိတယ္လုိ႔ မႏၲေလးတုိင္းေဒသႀကီးေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲကေန သိရပါတယ္။

မႏၲေလးတုိင္းမွာ ဒုတိယအႀကိမ္ မဲစာရင္းေတြ ေၾကာ္ျငာတဲ့ ေအာက္တုိဘာ ၁ ရက္ေန႔ကေန ေအာက္တုိဘာလ ၄ ရက္ေန႕အထိ အေျခခံ မဲစာရင္းလာေရာက္ႀကည့္ရႈ႕သူ (၂၄၅၉၄၉)ဦးရွိၿပီး၊ မဲစာရင္းမွာ မပါဝင္တဲ့အတြက္ ပုံစံ (၃)နဲ့ ေတာင္းဆုိ ေလွ်ာက္ထားသူ (၁၁၅၉၇)ဦး၊ မဲစာရင္းမွာ မပါဝင္သင့္သူေတြ ပါဝင္ေနတဲ့အတြက္ ပုံစံ (၄)နဲ့ ကန္႕ကြက္လႊာတင္သြင္းသူ (၂၂၆၃)ဦး နဲ့ ကုိယ္ေရးအခ်က္အလက္ မွန္ကန္မႈမရွိတဲ့အတြက္ ပုံစံ ၄(ဂ)နဲ့ ၿပင္ဆင္လႊာ ၿဖည့္စြတ္သူ (၉၁၉၀) ဦး ရွိတယ္လုိ႔ မႏၲေလးတုိင္းေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ ဥကၠ႒ ဦးရွိန္ဝင္းကေျပာပါတယ္။

” ဒုတိယအႀကိမ္ မဲစာရင္း ကပ္ထားေႀကာ္ျငာတာ ေျပာတာပါ။ တကယ္တမ္း ေျပာရင္ေတာ့ ေရြးေကာက္ပြဲအတြက္ ဒါေနာက္ဆုံး ကပ္ထားေႀကာ္ျငာျခင္းပဲၿဖစ္ပါတယ္။ မဲေပးခြင့္ရွိသူေတြအေနနဲ႔ ဆႏၵမဲေပးခ်င္တယ္ဆုိရင္ မဲစာရင္းကုိ လာေရာက္ႀကည့္ရႈ႔ေပးၾကပါ။ မဲစာရင္းမွာ ကုိယ့္အမည္စာရင္း ပါမလာရင္ေတာ့ေတာင္းဆုိႀကပါ။ ေကာ္မရွင္က ေဆာင္ရြက္ေပးတဲ့ ေနာက္ဆုံးအႀကိမ္ပါ”လုိ့ ဦးရွိန္ဝင္းကေျပာပါတယ္။

ႏုိဝင္ဘာလ ၈ ရက္ေန႕မွာ က်င္းပမယ့္ ၂၀၂၀ ခုႏွစ္ ပါတီစုံ ဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲမွာ မႏၲေလးတုိင္းအတြင္း ဆႏၵမဲေပးခြင့္ဦးေရ ၄၆ သိန္းေက်ာ္ရွိၿပီး ေရြးေကာက္ပြဲမွာ မဲရုံအေရအတြက္ (၅၄၄၈ )ရုံ ထားရွိသြားမယ္လုိ႔ မႏၲေလးတုိင္းေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲကေန သိရပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ေရြးေကာက္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW