ရခိုင်မှာ ခုရက်ပိုင်း တပ်မတော်နဲ့ အေအေတိုက်ပွဲပြင်းထန်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေ

ရခိုင်မှာ ခုရက်ပိုင်း တပ်မတော်နဲ့ အေအေတိုက်ပွဲပြင်းထန်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေ

 

စစ်တွေ၊ အောက်တိုဘာ ၇- ၂၀၂၀

 

ထက်အောင်စိုင်း (VOM)

 

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့မှာ တပ်မတော်နဲ့ အေအေတို့ ယခုရက်ပိုင်း တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာကြောင့် ဒီလတပတ်အတွင်းမှာတင် အရပ်သား သေဆုံးသူ ၅ယောက် ဒဏ်ရာရသူ ၄ယောက်ရှိတယ်လို့ နှစ်ဖက်အပြန်အလှန်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေနဲ့ အရပ်ဖက်စာရင်းတွေအရသိရပါတယ်။

 

စက်တင်ဘာလ ၃၀ ရက်နေ့က မင်းပြားမြို့နယ်ဖက်မှာ တပ်မတော်နဲ့ အေအေတို့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ရှိခဲ့ပါတယ်။

 

စက်တင်ဘာလ ၃၀ ရက်နေ့က မင်းပြားမြို့နယ် မေလွမ်းရွာနဲ့ ဖားပြိုရွာကြားမှာ ထိတွေ့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ ရာမောင်တံတားအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။

 

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ချက်တစ်ခုမှာတော့ စက်တင်ဘာလကနေ အောက်တိုဘာလ ၄ ရက်နေ့ထိ မင်းပြားနဲ့ အမ်းကြားပြည်ထောင်စုလမ်းမကြီးပေါ်မှာ ထိတွေ့တိုက်ပွဲ (၄) ကြိမ်ဖြစ်ပွားခဲ့ကြောင်းနဲ့ အောက်တိုဘာလ ၃ရက်နေ့မှာလည်း အမ်း- မင်းပြား ကားလမ်းပေါ်ရှိ တောင်ဘုတ်ကေကျေးရွာအနီးမှာ အေအေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ကာ အဲဒီ လမ်းကြောင်းတွေမှာ တပ်မတော်က နယ်မြေစိုးမိုးရေးဆောင်ရွက်နေတာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

 

အေအေဖက်က အောက်တိုဘာ ၃ ရက်နေ့က မင်းပြားမြို့နယ်အခြေအနေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်မှာတော့ မေလွန်းရွာ အနောက်မြောက်ဖက် (၃) ကီလိုမီတာအကွာအဝေးမှာရှိတဲ့ အေအေအဖွဲ့ဝင်တွေကို တပ်မတော်က အင်အား ၁၅၀ ခန့်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဖက်က ထိခိုက်ကျဆုံးမှုရှိကြောင်းဖော်ပြပြီး အေအေဖက်ကထိခိုက်ကျဆုံးမှုကိုတော့ ဖော်ပြတာမတွေ့ရပါဘူး။

 

အောက်တိုဘာလ ၃ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ အေအေတို့ရဲ့ မင်းပြားနဲ့ ရသေ့တောင်မြို့နယ်ဖက် တိုက်ပွဲတွေမှာ တပ်မတော်ဖက်က လေကြောင်းပစ်ကူပေးမှုတွေရှိခဲ့ကြောင်း အေအေဖက်ကထုတ်ပြန်ထားပြီး အဲဒီ အောက်တိုဘာလ ၃ ရက်နေ့က ဖြစ်ပွားတဲ့ မင်းပြားနဲ့ ရသေ့တောင်ဖက်တိုက်ပွဲတွေမှာ တပ်မတော်က လေကြောင်းပစ်ခတ်မှုတွေရှိကြောင်း ဒေသခံတွေကလည်းVOM ကို အတည်ပြုပြောထားပါတယ်။

 

တပ်မတော်နဲ့ အေအေတို့ရဲ့ နှစ်ဖက်ထုတ်ပြန်ချက်တွေထဲမှာ တစ်ချို့ အချက်အလက်တွေဟာကွဲပြားမှုတွေရှိနေပြီး အောက်တိုဘာ ၄ ရက်နေ့ ရက်စွဲနဲ့ တပ်မတော်ဖက်ကထုတ်ပြန်တာမှာတော့တိုက်ပွဲဖြစ်စဉ်တွေမှာ အေအေအဖွဲ့ဆီက အလောင်း၊ လက်နက်နဲ့ ဆက်စပ်ပစ္စည်း တချို့သိမ်းဆည်းရမိတာတွေရှိကြောင်း ဖော်ပြပါတယ်။

 

အောက်တိုဘာလ ၄ ရက်နေ့ရက်စွဲနဲ့ တပ်မတော်ဖက်က အေအေနဲ့ ပတ်သက်ကာ ထုတ်ပြန်ချက်နှစ်ခုထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ ပထမဆုံး တပ်ဖက်က ထုတ်ပြန်တာမှာတော့ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတစ်ဝိုက် ထီးစွဲကျေးရွာအနီးက အေအေက ခြေကုတ်ယူထားတဲ့ စိုးမိုးတောင်ကုန်းကို အောက်တိုဘာလ၄ ရက်နေ့ နံနက် ၂ နာရီလောက်မှာ တပ်မတော်ဖက်ကအပြီးတိုင်သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

 

 

 

အေအေရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီတပ်မတော်က သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းကိုအောက်တိုဘာလ ၄ ရက်နေ့၊ ညနေ (၅) နာရီ ခွဲမှာ စတင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ ၇ နာရီ(၂၆) မိနစ်မှာ အလုံးစုံပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြပါထားပါတယ်။

 

အေအေဖက်က ရသေ့တောင်မြို့နယ်မှာ စခန်းတစ်ခုစွန့်လွှတ်လိုက်ရတဲ့ အောက်တိုဘာ ၃ ရက်နေ့မှာ တပ်မတော်ဖက်က ရဟတ်ယာဉ်၊ လက်နက်ကြီး ပစ်ကူတွေအပြင် အင်အားအလုံးအရင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် အေအေဖက်က စခန်းကို စွန့်လွှတ်လိုက်ရတဲ့အပြင် တပ်ဖွဲ့ဝင်တချို့ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအချို့ ဆုံးရှုံးခဲ့ပြီး ဒဏ်ရာရရှိသူ အနည်းငယ်ရှိကြောင်းနဲ့ ကျဆုံးသူမရှိကြောင်း အေအေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အောက်တိုဘာလ ၅ ရက်နေ့ ည ၁၀ နာရီ ကျော်လောက်မှာ အမည်မသိ မူဆလင်အရပ်သား ၃ ဦးဟာ မင်းပြားမြို့ ၊ ဦးစိုးတင့်ရပ်ကွက်ရှိ ဦးစိုးတင့် တံတားချောင်းဝသို့ စက်လှေတစ်စီးနဲ့ ခုတ်မောင်းဝင်လာစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းနဲ့ အဲဒီ မူဆလင် ၃ ဦးဟာ ဘယ်ရွာက လာတယ်ဆိုတာကို အတိအကျမသိကြောင်း မင်းပြားမြို့ ဒေသခံတွေကပြောပါတယ်။

 

မင်းပြားမြို့ ဒေသခံတစ်ဦးပြောတာကတော့ “ သူတို့ကတော့ ဘယ်ရွာကလည်းဆိုတာ အတိအကျမသိရသေးဘူး။ ညည့်အချိန် ၁၀ နာရီလောက်မှာ ဖြစ်တာပါ။ ကင်းလှည့်နေတုန်းမှာတွေလို့ ဦးစိုးတင့်တံတားထက်ကနေပြီး တပ်ကပစ်လိုက်တာပါ (၃) ယောက်လုံးသေသွားပါတယ်။” လို့ ဆိုပါတယ်။

 

မင်းပြားမြို့နယ်ဟာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတဲ့ ဒေသတစ်ခုဖြစ်ပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားမှု အတည်ဖြစ်နေဆဲဒေသတစ်ခုလည်း ဖြစ်ပါတယ်။

 

တပ်မတော်ဖက်က ထုတ်ပြန်ချက်မှာတော့ ရပ်တန့်ဖို့အတွက် အော်ဟစ်ပြောဆိုပေမယ့် ရပ်တန့်မှုမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးလို့ တပ်မတော်နဲ့ ရဲပူးပေါင်း တပ်ဖွဲ့တွေက မိုးပေါ်သို့ သေနတ်သုံးချက်ပစ်ဖောက် ရပ်တန့်ခိုင်းပေမယ့် ဆက်လက်ထွက်ပြေးတာကြောင့် တံတားနဲ့ မီတာ ၅၀ ခန့်အကွာအရောက် ခြောက်လှန့်ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

 

ဒီလ ၅ ရက်နေ့ မနက်ပိုင်းကလည်း  ရသေ့တောင်မြို့နယ်၊ မေယုမြစ်အနောက်ဖက်ကမ်း၊ စေတီပြင်တိုက်နယ်၊ ပြင်ရှည်ကျေးရွာအုပ်စု စဖိုကျွန်း- ကံပြင်ကျေးရွာက စစ်ဘေးရှောင်စခန်းတစ်ခုမှာလက်နက်ကျည်ကျပြီး အသက် (၆၅) နှစ်အရွယ် ဦးသင်္ကြန်တုန်းမှာ လက်နက်ကျည် ခါးကဝင်ပြီးဆီးအိမ်ကို ဖောက်ထွက်သွားပြီး စေတီပြင်ဆေးရုံက တဆင့် စစ်တွေပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။

 

 

ရသေ့တောင်မြို့နယ်က စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာက” ကျနော် အရင်တုန်းကလည်း ပြောခဲ့ပါတယ်။ ကျနော်တို့မှာ လုံခြုံရေးက လုံးဝ အနုတ်လက္ခဏာဆောင်သွားပါပြီ။အခုဖြစ်နေတာက ရွာတွေမှာ လက်နက်ကြီး ကျတယ်။ ဒေသခံတွေသေဆုံး၊ ဒဏ်ရာရကြတယ်။နေဗီ တက်လာရင်လည်း ပစ်တယ်။ မြို့ပေါ်တပ်ရင်းတွေကလည်း ပစ်တယ်။ ကျနော်တို့အတွက်တောင် ဘယ်အချိန်ဘယ်အခါ သေမယ်ဆိုတာကို မှန်ဆရခက်သွားပါပြီ။ ကျနော်တို့ ဘဝတွေကသေမထူး နေမထူးဖြစ်သွားပါပြီ။” လို့ ဆိုပါတယ်။

 

အောက်တိုဘာ ၆ ရက် မနက်ပိုင်း ၇ နာရီကျော်လောက်မှာလည်း ရသေ့တောင်မြို့နယ် မေယုမြစ်အနောက်ဖက်ကမ်း၊ ပြင်ဝန်းကျေးရွာက နေအိမ်တစ်လုံးမှာ လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲပြီး အသက် ၉၃ နှစ်အရွယ် ဦးမာင်စိုးနဲ့ မြေးဖြစ်သူ အသက် (၈) နှစ်အရွယ် မောင်မျိုးသန့်ဇင်တို့ ကျည်စထိမှန်ဒဏ်ရာရရှိသွားပြီး အဖိုးဖြစ်သူမှာ ကျောကုန်းဒဏ်ရာနဲ့ မြေးဖြစ်သူမှာ လည်ပင်းဒဏ်ရာတို့ ရရှိသွားပြီး စေတီပြင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မိသားစုဝင်တွေကပြောပါတယ်။

 

လက်နက်ကျည်စထိမှန်ဒဏ်ရာရှိသွားတဲ့ ဦးမောင်စိုးရဲ့ မိသားစုဝင်တစ်ဦးပြောတာက “ မနက်ကဇက်ရေယာဉ်ပေါ်ကနေပြီး ပစ်ပါတယ်။ အားလုံး ပုန်းခိုကျင်းထဲဝင်နေတာမှာ လက်နက်ကြီးကျည်က အိမ်ခေါင်မိုးကို ဖောက်ပြီး လာကျတယ်။ လာကျတော့ ပေါက်ကွဲပြီး ကျည်စတွေထိမှန်တာပါ။လက်နက်ကြီးပစ်တာက တစ်လုံးတည်း မဟုတ်ဘူး။ အပင်တွေမှာလည်းကျတယ်။ ကျနော်တို့ကအဲဒီအချိန်မှာ ထွက်ပြီးမကြည့်ရဲဘူး။ စေတီပြင်ရွာထဲမှာ ကျတယ်ဆိုတာလည်း ဟုတ်ပါတယ်။ သူတို့ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ဆရာဝန်ကပြောပါတယ်။ အခုစေတီပြင်ဆေးရုံကိုပို့ထားပါပြီ။” လို့ ပြောပါတယ်။

 

အောက်တိုဘာလ ၂ ရက်နေ့က မင်းပြားမြို့နယ် ရာမောင်တံတားအနီး တပ်နဲ့ အေအေ တိုက်ပွဲဖြစ်ပွားရာ သည်ကန်ကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်သိန်းနုစိန် အသက် (၅၃) နှစ်မှာ ခြေထောက်ကို လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရှိခဲ့ကြောင်း သိရပါတယ်။

 

ဆက်လက်ပြီး အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘူးသီးတောင်မြို့နယ် ပုလဲတောင်ကျေးရွာရဲ့ အရှေ့ဘက် မီတာ ၄၀၀၀ ခန့်အကွာက လက်နက်ငယ်ကျည်သံ ၇ ချက်ကြားရတာကြောင့် အဲဒီနေရာသို့ တပ်မတော်က သွားရောက်စစ်ဆေးစဉ် ဒေသခံမူဆလင် အမျိုးသားအလောင်းနှစ်လောင်းနဲ့ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတဲ့  မူဆလင် အမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့ကြောင်း တပ်မတော်ဖက်က ထုတ်ပြန်ထားပါတယ်။

 

အဲဒီ မူဆလင်အမျိုးသား နှစ်ဦး သေဆုံးမှုဟာ အေအေရဲ့ လက်ချက်ကြောင့်ဖြစ်တယ်လို့တပ်မတော်ဖက်ကစွပ်စွဲထားပါတယ်။

 

အေအေအဖွဲ့ရဲ့ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ဘူးသီးတောင်မြို့နယ်အတွင်းအောက်တိုဘာလ ၅ ရက်နေ့ နေ့လယ် (၂) ရီခန့်မှာ တပ်မတော်က ခမီချောင်ကျေးရွာရဲ့အနောက်တောင်ဖက် (၇၀၀) မီတာအကွာအဝေးမှာရှိတဲ့ အေအေတပ်ဖွဲ့ဝင်တွေရှိရာကို ဝင်ရောက်လာတာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ (၅) မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြီးနောက်အသက် (၁၀) နှစ်နဲ့ (၁၁) နှစ်အရွယ် မူဆလင်ကလေးငယ် (၂) ဦးမှာ နှစ်ဖက်တိုက်ပွဲကြားညှပ်ပါသွားတာကြောင့် သေဆုံးသွားကြောင်းနဲ့ လူလတ်ပိုင်း တစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြထားပါတယ်။

 

အဲဒီ သေဆုံးသွားတဲ့ မူဆလင်အလောင်းနှစ်လောင်ဟာ ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာကအပြစ်မဲ့ အရပ်သား ပြည်သူများဖြစ်ပြီး မူဆလင်ကလေး၊ လူကြီး (၁၅) ဦးကို တပ်မတော်ကပေါ်တာအဖြစ်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အေအေဖက်က လည်းစွပ်စွဲထားပါတယ်။

 

တပ်မတော်နဲ့ အေအေတို့ရဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကနေ ယနေ့အချိန်ထိ စစ်ရေးပဋိပက္ခကာလ တစ်နှစ်ကျော်အတွင်း  အရပ်သားပြည်သူတွေ နေရပ်စွန့်ခွာရတာ ၂သိန်းကျော်ရှိပြီး လက်နက်ကြီးငယ်ကျည်တွေကျပြီး ထိခိုက်ဒဏ်ရာရသူ ၇၀၀နီးပါးနဲ့  သေဆုံးသူ ၃၀၀ ဝန်းကျင်ရှိတယ်လို့  ၂ဖက်ထုတ်ပြန်ချက်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းအတွေစာရင်းဇယားတွေအရသိရပါတယ်။

 

 

စစ်ဘေးရှောင်ပြည်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်းနှစ်ဖက်တိုက်ပွဲတွေရပ်တန့်ပြီး စားပွဲဝိုင်းပေါ်မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအတိုင်းဆွေးနွေးအဖြေရှာဖို့ တိုက်တွန်းနေကြပြီး စစ်ဘေးရှောင်ပြည်သူတွေကလည်း ဒေသတည်ငြိမ်အေးချမ်းရင် နေရပ်ပြန်လိုကြောင်း ပြောထားပါတယ်။

 

 

#voiceofmyanmar #VOM #ရခိုင်စစ်ပွဲ #တိုက်ပွဲအရှိန်မြင့် #သေဆုံးဒဏ်ရာရသူများလာ

 

Zawgy

ရခိုင္မွာ ခုရက္ပိုင္း တပ္မေတာ္နဲ႔ ေအေအတိုက္ပြဲျပင္းထန္ၿပီး အရပ္သားထိခိုက္ေသဆုံးမႈေတြျမင့္တက္ေန

စစ္ေတြ၊ ေအာက္တိုဘာ ၇- ၂၀၂၀

ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ၿမိဳ႕နယ္တခ်ိဳ႕မွာ တပ္မေတာ္နဲ႔ ေအေအတို႔ ယခုရက္ပိုင္း တိုက္ပြဲေတြ ဆက္တိုက္ဆိုသလို ျဖစ္ပြားေနတာေၾကာင့္ ဒီလတပတ္အတြင္းမွာတင္ အရပ္သား ေသဆုံးသူ ၅ေယာက္ ဒဏ္ရာရသူ ၄ေယာက္ရွိတယ္လို႔ ႏွစ္ဖက္အျပန္အလွန္ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြနဲ႔ အရပ္ဖက္စာရင္းေတြအရသိရပါတယ္။

စက္တင္ဘာလ ၃၀ ရက္ေန႔က မင္းျပားၿမိဳ႕နယ္ဖက္မွာ တပ္မေတာ္နဲ႔ ေအေအတို႔ ထိေတြ႕တိုက္ပြဲေတြ ဆက္တိုက္ဆိုသလို ရွိခဲ့ပါတယ္။

စက္တင္ဘာလ ၃၀ ရက္ေန႔က မင္းျပားၿမိဳ႕နယ္ ေမလြမ္း႐ြာနဲ႔ ဖားၿပိဳ႐ြာၾကားမွာ ထိေတြ႕တိုက္ပြဲေတြစတင္ျဖစ္ပြားခဲ့ၿပီး ေနာက္တစ္ေန႔ ေအာက္တိုဘာလ ၁ ရက္ေန႔မွာေတာ့ ရာေမာင္တံတားအနီးမွာ ႏွစ္ဖက္ထိေတြ႕တိုက္ပြဲ (၃) ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေျပာပါတယ္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ေအာက္တိုဘာလ ၄ ရက္ေန႔က ထုတ္ျပန္ခ်က္တစ္ခုမွာေတာ့ စက္တင္ဘာလကေန ေအာက္တိုဘာလ ၄ ရက္ေန႔ထိ မင္းျပားနဲ႔ အမ္းၾကား ျပည္ေထာင္စုလမ္းမႀကီးေပၚမွာ ထိေတြ႕တိုက္ပြဲ (၄) ႀကိမ္ျဖစ္ပြားခဲ့ေၾကာင္းနဲ႔ ေအာက္တိုဘာလ ၃ ရက္ေန႔မွာလည္း အမ္း- မင္းျပား ကားလမ္းေပၚရွိ ေတာင္ဘုတ္ေကေက်း႐ြာအနီးမွာ ေအေအနဲ႔ တိုက္ပြဲျဖစ္ပြားခဲ့ကာ အဲဒီ လမ္းေၾကာင္းေတြမွာ တပ္မေတာ္က နယ္ေျမစိုးမိုးေရးေဆာင္႐ြက္ေနတာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ေအေအဖက္က ေအာက္တိုဘာ ၃ ရက္ေန႔က မင္းျပားၿမိဳ႕နယ္အေျခအေနနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္ခ်က္မွာေတာ့ ေမလြန္း႐ြာ အေနာက္ေျမာက္ဖက္ (၃) ကီလိုမီတာအကြာအေဝးမွာရွိတဲ့ ေအေအအဖြဲ႕ဝင္ေတြကို တပ္မေတာ္က အင္အား ၁၅၀ ခန႔္နဲ႔ ထိုးစစ္ဆင္တိုက္ခိုက္လာတာေၾကာင့္ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး တပ္မေတာ္ဖက္က ထိခိုက္က်ဆုံးမႈရွိေၾကာင္းေဖာ္ျပၿပီး ေအေအဖက္က ထိခိုက္က်ဆုံးမႈကိုေတာ့ ေဖာ္ျပတာမေတြ႕ရပါဘူး။

ေအာက္တိုဘာလ ၃ ရက္ေန႔မွာ ျဖစ္ပြားခဲ့တဲ့ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ မင္းျပားနဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ဖက္ တိုက္ပြဲေတြမွာ တပ္မေတာ္ဖက္က ေလေၾကာင္းပစ္ကူေပးမႈေတြရွိခဲ့ေၾကာင္း ေအေအဖက္ကထုတ္ျပန္ထားၿပီး အဲဒီ ေအာက္တိုဘာလ ၃ ရက္ေန႔က ျဖစ္ပြားတဲ့ မင္းျပားနဲ႔ ရေသ့ေတာင္ဖက္တိုက္ပြဲေတြမွာ တပ္မေတာ္က ေလေၾကာင္းပစ္ခတ္မႈေတြရွိေၾကာင္း ေဒသခံေတြကလည္း VOM ကို အတည္ျပဳေျပာထားပါတယ္။

တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ ႏွစ္ဖက္ထုတ္ျပန္ခ်က္ေတြထဲမွာ တစ္ခ်ိဳ႕ အခ်က္အလက္ေတြဟာ ကြဲျပားမႈေတြရွိေနၿပီး ေအာက္တိုဘာ ၄ ရက္ေန႔ ရက္စြဲနဲ႔ တပ္မေတာ္ဖက္ကထုတ္ျပန္တာမွာေတာ့ တိုက္ပြဲျဖစ္စဥ္ေတြမွာ ေအေအအဖြဲ႕ဆီက အေလာင္း၊ လက္နက္နဲ႔ ဆက္စပ္ပစၥည္း တခ်ိဳ႕ သိမ္းဆည္းရမိတာေတြရွိေၾကာင္း ေဖာ္ျပပါတယ္။

ေအာက္တိုဘာလ ၄ ရက္ေန႔ရက္စြဲနဲ႔ တပ္မေတာ္ဖက္က ေအေအနဲ႔ ပတ္သက္ကာ ထုတ္ျပန္ခ်က္ ႏွစ္ခုထုတ္ျပန္ခဲ့တာျဖစ္ၿပီး အဲဒီထဲမွာ ပထမဆုံး တပ္ဖက္က ထုတ္ျပန္တာမွာေတာ့ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်း႐ြာတစ္ဝိုက္ ထီးစြဲေက်း႐ြာအနီးက ေအေအက ေျခကုတ္ယူထားတဲ့ စိုးမိုးေတာင္ကုန္းကို ေအာက္တိုဘာလ၄ ရက္ေန႔ နံနက္ ၂ နာရီေလာက္မွာ တပ္မေတာ္ဖက္က အၿပီးတိုင္သိမ္းပိုက္ရရွိခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

ေအေအရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ အဲဒီတပ္မေတာ္က သိမ္းပိုက္ရရွိခဲ့တဲ့ စခန္းကို ေအာက္တိုဘာလ ၄ ရက္ေန႔၊ ညေန (၅) နာရီ ခြဲမွာ စတင္တိုက္ခိုက္ခဲ့ၿပီး ယင္းေန႔ ညေန ၇ နာရီ (၂၆) မိနစ္မွာ အလုံးစုံျပန္လည္ သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပပါထားပါတယ္။

ေအေအဖက္က ရေသ့ေတာင္ၿမိဳ႕နယ္မွာ စခန္းတစ္ခုစြန႔္လႊတ္လိုက္ရတဲ့ ေအာက္တိုဘာ ၃ ရက္ေန႔မွာ တပ္မေတာ္ဖက္က ရဟတ္ယာဥ္၊ လက္နက္ႀကီး ပစ္ကူေတြအျပင္ အင္အားအလုံးအရင္းနဲ႔ တိုက္ခိုက္ခဲ့တာေၾကာင့္ ေအေအဖက္က စခန္းကို စြန႔္လႊတ္လိုက္ရတဲ့အျပင္ တပ္ဖြဲ႕ဝင္တခ်ိဳ႕ ဒဏ္ရာရရွိကာ လက္နက္ခဲယမ္းအခ်ိဳ႕ ဆုံးရႈံးခဲ့ၿပီး ဒဏ္ရာရရွိသူ အနည္းငယ္ရွိေၾကာင္းနဲ႔ က်ဆုံးသူမရွိေၾကာင္း ေအေအရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေအာက္တိုဘာလ ၅ ရက္ေန႔ ည ၁၀ နာရီ ေက်ာ္ေလာက္မွာ အမည္မသိ မူဆလင္အရပ္သား ၃ ဦးဟာ မင္းျပားၿမိဳ႕ ၊ ဦးစိုးတင့္ရပ္ကြက္ရွိ ဦးစိုးတင့္ တံတားေခ်ာင္းဝသို႔ စက္ေလွတစ္စီးနဲ႔ ခုတ္ေမာင္းဝင္လာစဥ္ ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္းနဲ႔ အဲဒီ မူဆလင္ ၃ ဦးဟာ ဘယ္႐ြာက လာတယ္ဆိုတာကို အတိအက်မသိေၾကာင္း မင္းျပားၿမိဳ႕ ေဒသခံေတြကေျပာပါတယ္။

မင္းျပားၿမိဳ႕ ေဒသခံတစ္ဦးေျပာတာကေတာ့ “ သူတို႔ကေတာ့ ဘယ္႐ြာကလည္းဆိုတာ အတိအက်မသိရေသးဘူး။ ညည့္အခ်ိန္ ၁၀ နာရီေလာက္မွာ ျဖစ္တာပါ။ ကင္းလွည့္ေနတုန္းမွာေတြလို႔ ဦးစိုးတင့္တံတားထက္ကေနၿပီး တပ္ကပစ္လိုက္တာပါ (၃) ေယာက္လုံးေသသြားပါတယ္။” လို႔ ဆိုပါတယ္။

မင္းျပားၿမိဳ႕နယ္ဟာ တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ စစ္ေရးတင္းမာမႈေတြ ျမင့္တက္ေနတဲ့ ေဒသတစ္ခုျဖစ္ၿပီး ညမထြက္ရ အမိန႔္ထုတ္ျပန္ထားမႈ အတည္ျဖစ္ေနဆဲေဒသတစ္ခုလည္း ျဖစ္ပါတယ္။

တပ္မေတာ္ဖက္က ထုတ္ျပန္ခ်က္မွာေတာ့ ရပ္တန႔္ဖို႔အတြက္ ေအာ္ဟစ္ေျပာဆိုေပမယ့္ ရပ္တန႔္မႈမရွိဘဲ ဆက္လက္ေမာင္းႏွင္ထြက္ေျပးလို႔ တပ္မေတာ္နဲ႔ ရဲပူးေပါင္း တပ္ဖြဲ႕ေတြက မိုးေပၚသို႔ ေသနတ္သုံးခ်က္ပစ္ေဖာက္ ရပ္တန႔္ခိုင္းေပမယ့္ ဆက္လက္ထြက္ေျပးတာေၾကာင့္ တံတားနဲ႔ မီတာ ၅၀ ခန႔္အကြာအေရာက္ ေျခာက္လွန႔္ပစ္ခတ္ ဖမ္းဆီးခဲ့ေၾကာင္း ေဖၚျပထားပါတယ္။

ဒီလ ၅ ရက္ေန႔ မနက္ပိုင္းကလည္း ရေသ့ေတာင္ၿမိဳ႕နယ္၊ ေမယုျမစ္အေနာက္ဖက္ကမ္း၊ ေစတီျပင္တိုက္နယ္၊ ျပင္ရွည္ေက်း႐ြာအုပ္စု စဖိုကြၽန္း- ကံျပင္ေက်း႐ြာက စစ္ေဘးေရွာင္စခန္းတစ္ခုမွာ လက္နက္က်ည္က်ၿပီး အသက္ (၆၅) ႏွစ္အ႐ြယ္ ဦးသၾကၤန္တုန္းမွာ လက္နက္က်ည္ ခါးကဝင္ၿပီး ဆီးအိမ္ကို ေဖာက္ထြက္သြားၿပီး ေစတီျပင္ေဆး႐ုံက တဆင့္ စစ္ေတြျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ၿပီး ေဆးကုသမႈခံယူေနရတာ ျဖစ္ပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္က စစ္ေဘးေရွာင္ေတြကို ကူညီေပးေနတဲ့ ကိုဘကၠာက” က်ေနာ္ အရင္တုန္းကလည္း ေျပာခဲ့ပါတယ္။ က်ေနာ္တို႔မွာ လုံၿခဳံေရးက လုံးဝ အႏုတ္လကၡဏာေဆာင္သြားပါၿပီ။ အခုျဖစ္ေနတာက ႐ြာေတြမွာ လက္နက္ႀကီး က်တယ္။ ေဒသခံေတြေသဆုံး၊ ဒဏ္ရာရၾကတယ္။ ေနဗီ တက္လာရင္လည္း ပစ္တယ္။ ၿမိဳ႕ေပၚတပ္ရင္းေတြကလည္း ပစ္တယ္။ က်ေနာ္တို႔အတြက္ေတာင္ ဘယ္အခ်ိန္ဘယ္အခါ ေသမယ္ဆိုတာကို မွန္ဆရခက္သြားပါၿပီ။ က်ေနာ္တို႔ ဘဝေတြက ေသမထူး ေနမထူးျဖစ္သြားပါၿပီ။” လို႔ ဆိုပါတယ္။

ေအာက္တိုဘာ ၆ ရက္ မနက္ပိုင္း ၇ နာရီေက်ာ္ေလာက္မွာလည္း ရေသ့ေတာင္ၿမိဳ႕နယ္ ေမယုျမစ္အေနာက္ဖက္ကမ္း၊ ျပင္ဝန္းေက်း႐ြာက ေနအိမ္တစ္လုံးမွာ လက္နက္ႀကီးက်ည္တစ္လုံးက်ေရာက္ေပါက္ကြဲၿပီး အသက္ ၉၃ ႏွစ္အ႐ြယ္ ဦးမာင္စိုးနဲ႔ ေျမးျဖစ္သူ အသက္ (၈) ႏွစ္အ႐ြယ္ ေမာင္မ်ိဳးသန႔္ဇင္တို႔ က်ည္စထိမွန္ဒဏ္ရာရရွိသြားၿပီး အဖိုးျဖစ္သူမွာ ေက်ာကုန္းဒဏ္ရာနဲ႔ ေျမးျဖစ္သူမွာ လည္ပင္းဒဏ္ရာတို႔ ရရွိသြားၿပီး ေစတီျပင္ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ရေၾကာင္း မိသားစုဝင္ေတြကေျပာပါတယ္။

လက္နက္က်ည္စထိမွန္ဒဏ္ရာရွိသြားတဲ့ ဦးေမာင္စိုးရဲ႕ မိသားစုဝင္တစ္ဦးေျပာတာက “ မနက္က ဇက္ေရယာဥ္ေပၚကေနၿပီး ပစ္ပါတယ္။ အားလုံး ပုန္းခိုက်င္းထဲဝင္ေနတာမွာ လက္နက္ႀကီးက်ည္က အိမ္ေခါင္မိုးကို ေဖာက္ၿပီး လာက်တယ္။ လာက်ေတာ့ ေပါက္ကြဲၿပီး က်ည္စေတြထိမွန္တာပါ။ လက္နက္ႀကီးပစ္တာက တစ္လုံးတည္း မဟုတ္ဘူး။ အပင္ေတြမွာလည္းက်တယ္။ က်ေနာ္တို႔က အဲဒီအခ်ိန္မွာ ထြက္ၿပီးမၾကည့္ရဲဘူး။ ေစတီျပင္႐ြာထဲမွာ က်တယ္ဆိုတာလည္း ဟုတ္ပါတယ္။ သူတို႔ ဒဏ္ရာအေျခအေနကေတာ့ မစိုးရိမ္ရဘူးလို႔ ဆရာဝန္ကေျပာပါတယ္။ အခုေစတီျပင္ေဆး႐ုံကို ပို႔ထားပါၿပီ။” လို႔ ေျပာပါတယ္။

ေအာက္တိုဘာလ ၂ ရက္ေန႔က မင္းျပားၿမိဳ႕နယ္ ရာေမာင္တံတားအနီး တပ္နဲ႔ ေအေအ တိုက္ပြဲျဖစ္ပြားရာ သည္ကန္ေက်း႐ြာက ေဒသခံအမ်ိဳးသမီးတစ္ဦးျဖစ္တဲ့ ေဒၚသိန္းႏုစိန္ အသက္ (၅၃) ႏွစ္မွာ ေျခေထာက္ကို လက္နက္ႀကီးက်ည္စထိမွန္ဒဏ္ရာရွိခဲ့ေၾကာင္း သိရပါတယ္။

ဆက္လက္ၿပီး ေအာက္တိုဘာလ ၅ ရက္ေန႔ မြန္းလြဲ ၂ နာရီခန႔္က ဘူးသီးေတာင္ၿမိဳ႕နယ္ ပုလဲေတာင္ေက်း႐ြာရဲ႕ အေရွ႕ဘက္ မီတာ ၄၀၀၀ ခန႔္အကြာက လက္နက္ငယ္က်ည္သံ ၇ ခ်က္ၾကားရတာေၾကာင့္ အဲဒီေနရာသို႔ တပ္မေတာ္က သြားေရာက္စစ္ေဆးစဥ္ ေဒသခံမူဆလင္ အမ်ိဳးသား အေလာင္းႏွစ္ေလာင္းနဲ႔ ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိထားတဲ့ မူဆလင္ အမ်ိဳးသားတစ္ဦးကို ေတြ႕ရွိခဲ့ေၾကာင္း တပ္မေတာ္ဖက္က ထုတ္ျပန္ထားပါတယ္။

အဲဒီ မူဆလင္အမ်ိဳးသား ႏွစ္ဦး ေသဆုံးမႈဟာ ေအေအရဲ႕ လက္ခ်က္ေၾကာင့္ျဖစ္တယ္လို႔ တပ္မေတာ္ဖက္ကစြပ္စြဲထားပါတယ္။

ေအေအအဖြဲ႕ရဲ႕ မေန႔က ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္မွာေတာ့ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း ေအာက္တိုဘာလ ၅ ရက္ေန႔ ေန႔လယ္ (၂) ရီခန႔္မွာ တပ္မေတာ္က ခမီေခ်ာင္ေက်း႐ြာရဲ႕ အေနာက္ေတာင္ဖက္ (၇၀၀) မီတာအကြာအေဝးမွာရွိတဲ့ ေအေအတပ္ဖြဲ႕ဝင္ေတြရွိရာကို ဝင္ေရာက္လာတာေၾကာင့္ ႏွစ္ဖက္ထိေတြ႕တိုက္ပြဲ (၅) မိနစ္ခန႔္ၾကာ ျဖစ္ပြားခဲ့ၿပီး တိုက္ပြဲၿပီးေနာက္ အသက္ (၁၀) ႏွစ္နဲ႔ (၁၁) ႏွစ္အ႐ြယ္ မူဆလင္ကေလးငယ္ (၂) ဦးမွာ ႏွစ္ဖက္တိုက္ပြဲၾကားညႇပ္ပါသြားတာေၾကာင့္ ေသဆုံးသြားေၾကာင္းနဲ႔ လူလတ္ပိုင္း တစ္ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။

အဲဒီ ေသဆုံးသြားတဲ့ မူဆလင္အေလာင္းႏွစ္ေလာင္ဟာ ဘူးသီးေတာင္ၿမိဳ႕နယ္ ျပင္ရွည္ေက်း႐ြာက အျပစ္မဲ့ အရပ္သား ျပည္သူမ်ားျဖစ္ၿပီး မူဆလင္ကေလး၊ လူႀကီး (၁၅) ဦးကို တပ္မေတာ္ကေပၚတာအျဖစ္ေခၚေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ေအေအဖက္က လည္းစြပ္စြဲထားပါတယ္။

တပ္မေတာ္နဲ႔ ေအေအတို႔ရဲ႕ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကုန္ပိုင္းကေန ယေန႔အခ်ိန္ထိ စစ္ေရးပဋိပကၡကာလ တစ္ႏွစ္ေက်ာ္အတြင္း အရပ္သားျပည္သူေတြ ေနရပ္စြန႔္ခြာရတာ ၂သိန္းေက်ာ္ရွိၿပီး လက္နက္ႀကီးငယ္က်ည္ေတြက်ၿပီး ထိခိုက္ဒဏ္ရာရသူ ၇၀၀နီးပါးနဲ႔ ေသဆုံးသူ ၃၀၀ ဝန္းက်င္ရွိတယ္လို႔ ၂ဖက္ထုတ္ျပန္ခ်က္ေတြနဲ႔ အရပ္ဖက္အဖြဲ႕အစည္းအေတြစာရင္းဇယားေတြအရသိရပါတယ္။

စစ္ေဘးေရွာင္ျပည္သူေတြ၊ အရပ္ဖက္အဖြဲ႕အစည္းေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း ႏွစ္ဖက္တိုက္ပြဲေတြရပ္တန႔္ၿပီး စားပြဲဝိုင္းေပၚမွာ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းအတိုင္း ေဆြးေႏြးအေျဖရွာဖို႔ တိုက္တြန္းေနၾကၿပီး စစ္ေဘးေရွာင္ျပည္သူေတြကလည္း ေဒသတည္ၿငိမ္ေအးခ်မ္းရင္ ေနရပ္ျပန္လိုေၾကာင္း ေျပာထားပါတယ္။

#voiceofmyanmar #VOM #ရခိုင္စစ္ပြဲ #တိုက္ပြဲအရွိန္ျမင့္ #ေသဆုံးဒဏ္ရာရသူမ်ားလာ

 

Related posts

Leave a Comment

VOM News

FREE
VIEW