ချင်းတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေနဲ့အဖွဲ့ မင်းတပ်မှာ  ကွာရန်တင်းဝင်တာ ရက်ပြည့်ပေမယ့် ထွက်ခွင့်မရလို့ မဲဆွယ်ခွင့်ဆုံးရှုံးနေ

ချင်းတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေနဲ့အဖွဲ့ မင်းတပ်မှာ  ကွာရန်တင်းဝင်တာ ရက်ပြည့်ပေမယ့် ထွက်ခွင့်မရလို့ မဲဆွယ်ခွင့်ဆုံးရှုံးနေ

 

အောက်တိုဘာ- ၈- ၂၀၂၀

ရှိုင်းအောင်(VOM)

 

ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ ကိုယ်စားပြုပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့်  ကိုယ်စားလှယ်လောင်းတွေနဲ့  ပါတီစည်းရုံးရေးမှူး၊ ပါတီဝင်တွေဟာ မင်းတပ်မြို့က Quarantine Center မှာ Q ဝင်ရက်ပြည့်ပေမယ့်လို့  ကျော်နေ‌ပေမယ့် ပြန်မရတာကြောင့် မင်းတပ်မြို့မှာမဲဆွယ်စည်းရုံးဖို့ အခက်တွေ့နေကြပါတယ်။

 

Q ဝင်နေရတဲ့၊  CNLD ရဲ့ မင်းတပ်မဲဆန္ဒနယ် အမှတ် ၂  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမနားကီးက VOM ပြောပြတာက

“ အခက်အခဲတွေကတော့ ကျန်တဲ့ပါတီက ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးရေးတွေလုပ်နေကြပြီလေ  ကျနော်တို့ CNLD အနေနဲ့  မင်းတပ်မြို့မှာ မဲဆွယ်စည်းရုံးခွင့်မရှိဘူးဖြစ်သွားတယ်ပေါ့၊ ဒါကျတော်တို့အတွက် ပထမဦးဆုံးကြုံရတဲ့အခက်အခဲပါ၊ ဒီကနေပြန်ထွက်ပြီးတော့ မဲပြန်ဆွယ်မယ်ဆိုရင်လည်း Negative ပြပြ ဘယ်လိုပြပြပေါ့၊  ပြည်သူတွေက ကျနော်တို့ကို သံသယမျက်လုံးတွေနဲ့ ကြည့်နေကြမှာလေ၊ ပုံမှန် ၁၄ ရက်ဆိုတဲ့သတ်မှတ်ချက်က သေချာတယ်၊ ကျတော်တို့က အဲ့ထက်ပိုပြီးနေလိုက်ရတဲ့အခါမှာ ဒီလူတွေက တစ်ခုခုဖြစ်လို့ ပိုပြီးနေရတာဖြစ်လိမ့်မယ်ဆိုပြီး သူတို့စိတ်ထဲမှာ သံသယဝင်သွားနိုင်တယ်လေ”  လို့ ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြည်နယ်အမှတ်  ၂ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမနားကီး က ပြောပါတယ်။

 

မင်းတပ်မြို့ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မယ့် CNLD ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင် ၃၈ ဦးဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၂ ရက်နေက စပြီး မင်းတပ်မြို့က အ.ထ.က- ၁ နဲ့  အ.ထ.က -၃ တို့မှာဖွင့်လှစ်ထားတဲ့ Quarantine Center  တွေမှာ Q ဝင်နေရတာဖြစ်ပါတယ်။

 

မင်းတပ်မှာ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရွှေနိုင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဟုန်းရောင်၊ပြည်နယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမှန်ထွန်းဂေ၊ ပြည်နယ်အမှတ်  ၂ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမနားကီး၊ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၃၈ ဦး Q ဝင်နေရတာဖြစ်တယ်လို့ VOM ကို‌ပြောပါတယ်။

 

ချင်းပြည်နယ်ကိုယ်စားပြု ချင်းအမျိုးသားဒီမိုကရေစီပါတီ(CNLD) ပါတီဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲကာလကနေ စတင်ယှဉ်ပြိုင်လာတာဖြစ်ပြီး ခုလာမယ့်ရွေးကောက်ပွဲမှာတော့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၇ ဦးနဲ့  ၂၀၂၀  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

 

CNLD ဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD)၊ ချင်းတိုးတက်ရေးပါတီ (CPP)နဲ့ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) ပါတီသုံးခု ပူးပေါင်းပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်နဲ့ ပြန်လည်မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။

 

 

#VOM #VoiceofMyanmar #CNLN #ချင်းအမျိုးသားဒီမိုကရေစီပါတီ(CNLD) #Quarantine  #ရွေးကောက်ပွဲ

 

Zawgy

ခ်င္းတိုင္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကိုယ္စားလွယ္ေလာင္းေတြနဲ႔အဖြဲ႕ မင္းတပ္မွာ ကြာရန္တင္းဝင္တာ ရက္ျပည့္ေပမယ့္ ထြက္ခြင့္မရလို႔ မဲဆြယ္ခြင့္ဆုံးရႈံးေန

ေအာက္တိုဘာ- ၈- ၂၀၂၀
ရႈိင္းေအာင္(VOM)

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ကေန ကိုယ္စားျပဳၿပီး ေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းေတြနဲ႔ ပါတီစည္း႐ုံးေရးမႉး၊ ပါတီဝင္ေတြဟာ မင္းတပ္ၿမိဳ႕က Quarantine Center မွာ Q ဝင္ရက္ျပည့္ေပမယ့္လို႔ ေက်ာ္ေန‌ေပမယ့္ ျပန္မရတာေၾကာင့္ မင္းတပ္ၿမိဳ႕မွာမဲဆြယ္စည္း႐ုံးဖို႔ အခက္ေတြ႕ေနၾကပါတယ္။

Q ဝင္ေနရတဲ့၊ CNLD ရဲ႕ မင္းတပ္မဲဆႏၵနယ္ အမွတ္ ၂ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမနားကီးက VOM ေျပာျပတာက
“ အခက္အခဲေတြကေတာ့ က်န္တဲ့ပါတီက ကိုယ္စားလွယ္ေလာင္းေတြက မဲဆြယ္စည္း႐ုံးေရးေတြလုပ္ေနၾကၿပီေလ က်ေနာ္တို႔ CNLD အေနနဲ႔ မင္းတပ္ၿမိဳ႕မွာ မဲဆြယ္စည္း႐ုံးခြင့္မရွိဘူးျဖစ္သြားတယ္ေပါ့၊ ဒါက်ေတာ္တို႔အတြက္ ပထမဦးဆုံးႀကဳံရတဲ့ အခက္အခဲပါ၊ ဒီကေနျပန္ထြက္ၿပီးေတာ့ မဲျပန္ဆြယ္မယ္ဆိုရင္လည္း Negative ျပျပ ဘယ္လိုျပျပေပါ့၊ ျပည္သူေတြက က်ေနာ္တို႔ကို သံသယမ်က္လုံးေတြနဲ႔ ၾကည့္ေနၾကမွာေလ၊ ပုံမွန္ ၁၄ ရက္ဆိုတဲ့သတ္မွတ္ခ်က္က ေသခ်ာတယ္၊ က်ေတာ္တို႔က အဲ့ထက္ပိုၿပီးေနလိုက္ရတဲ့အခါမွာ ဒီလူေတြက တစ္ခုခုျဖစ္လို႔ ပိုၿပီးေနရတာျဖစ္လိမ့္မယ္ဆိုၿပီး သူတို႔စိတ္ထဲမွာ သံသယဝင္သြားႏိုင္တယ္ေလ” လို႔ ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕ ျပည္နယ္အမွတ္ ၂ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမနားကီး က ေျပာပါတယ္။

မင္းတပ္ၿမိဳ႕ ကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ CNLD ကိုယ္စားလွယ္ေလာင္းေတြနဲ႔ ပါတီဝင္ ၃၈ ဦးဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၂ ရက္ေနက စၿပီး မင္းတပ္ၿမိဳ႕က အ.ထ.က- ၁ နဲ႔ အ.ထ.က -၃ တို႔မွာဖြင့္လွစ္ထားတဲ့ Quarantine Center ေတြမွာ Q ဝင္ေနရတာျဖစ္ပါတယ္။

မင္းတပ္မွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေ႐ႊႏိုင္း၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ေဒၚဟုန္းေရာင္၊ ျပည္နယ္အမွတ္ ၁ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမွန္ထြန္းေဂ၊ ျပည္နယ္အမွတ္ ၂ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးမနားကီး၊ အမ်ိဳးသား ၃၁ ဦး၊ အမ်ိဳးသမီး ၇ ဦး စုစုေပါင္း ၃၈ ဦး Q ဝင္ေနရတာျဖစ္တယ္လို႔ VOM ကို‌ေျပာပါတယ္။

ခ်င္းျပည္နယ္ကိုယ္စားျပဳ ခ်င္းအမ်ိဳးသားဒီမိုကေရစီပါတီ(CNLD) ပါတီဟာ ၁၉၉၀ ခုႏွစ္ေ႐ြးေကာက္ပြဲကာလကေန စတင္ယွဥ္ၿပိဳင္လာတာျဖစ္ၿပီး ခုလာမယ့္ေ႐ြးေကာက္ပြဲမွာေတာ့ ျမန္မာတစ္ႏိုင္ငံလုံးအတိုင္းအတာအေနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၅၇ ဦးနဲ႔ ၂၀၂၀ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

CNLD ဟာ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ ၁၆ ရက္ေန႔က ခ်င္းဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (CLD)၊ ခ်င္းတိုးတက္ေရးပါတီ (CPP)နဲ႔ ခ်င္းအမ်ိဳးသားဒီမိုကရက္တစ္ပါတီ (CNDP) ပါတီသုံးခု ပူးေပါင္းၿပီး ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အမည္နဲ႔ ျပန္လည္မွတ္ပုံတင္ခဲ့တာျဖစ္ပါတယ္။

#VOM #VoiceofMyanmar #CNLN #ခ်င္းအမ်ိဳးသားဒီမိုကေရစီပါတီ(CNLD) #Quarantine #ေ႐ြးေကာက္ပြဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW