နေပြည်တော်မှာ PPPပါတီက လူစုလူဝေးနဲ့လှည့်လည်အင်းအားပြ

နေပြည်တော်မှာ PPPပါတီက လူစုလူဝေးနဲ့လှည့်လည်အင်းအားပြ

နေပြည်တော်၊ အောက်တိုဘာ ၈-၂၀၂၀
ကိုလတ် (VOM)

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရဲ့ ရပ်ကွက် ကျေးရွာအချို့မှာ PPP ပါတီဟာ ဒီကနေ့ အောက်တိုဘာ ၈ ရက် မနက်ပိုင်းက လူအင်အား ၂၀၀ ခန့်၊ ကားအစီးရေ ၆၀ ခန့်နဲ့ အင်အားပြလှည့်လည်ခဲ့ကြပါတယ်။

နယ်ခံဖြစ်ပေမယ့် ကိုဗစ်ကာလကြောင့် ရွေးကောက်ပွဲမှာ ၅၀ ရာခိုင်နှုန်းလောက်ပဲ အောင်မြင်မှုရရှိနိုင်မယ်လို့ ဥတ္တရမြို့နယ် PPP ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဖြိုးအောင်က ပြောပါတယ်။

“ကျနော့်နယ်မြေမှာ အောင်နိုင်မှုအနေနဲ့ ၅၀ – ၅၀ မှန်းထားပါတယ်ခင်ဗျ၊ ဘာလို့လဲဆိုတော့ ကိုဗစ်ကာလဖြစ်နေတော့လေ၊ အောင်နိုင်ရေး တကယ်လှုပ်လှုပ်ရှားရှားနဲ့ သွားရတာလည်းမရှိဘူး ၊ ကျန်းမာရေးက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ရတော့ အခက်အခဲတွေအများကြီးရှိပါတယ်။ ကျနော်က နယ်ခံလည်းဖြစ်တဲ့အတွက် ကျနော့် ရပ်ကွက်က ပြည်သူလူထု၊ ကျေးလက်နေလူတန်းစား၊ ကျနော်ကိုဝန်းရံသူများတာ တစ်ကြောင်း၊ နယ်ခံဖြစ်နေတဲ့အတွက် ခင်မင်မှုအတိုင်းအတာရော အဲ့ဒီလိုမျိုးလေးတွေ ဝန်းရံပေးတဲ့အတွက် ၅၀၊ ၅၀ မှန်းထားတာဖြစ်ပါတယ်”လို့ ဦးကျော်ဖြိုးအောင်က ပြောပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ PPP ပါတီအနေနဲ့ တစ်နိုင်ငံအတိုင်းအတာအရ ကိုယ်စားလှယ်လောင်း (၂၃၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး နေပြည်တော်မှာတော့ (၅) နေရာသာ ယှဉ်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

နေပြည်တော်မှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၈)နေရာနဲ့ အမျိုးသားလွှတ်တော် (၂)နေရာအတွက် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်း ၇၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ရွေးကောက်ပွဲ #PPPပါတီ #လူစုလူဝေးနဲ့လှည့်

Zawgyi

ေနျပည္ေတာ္မွာ PPPပါတီက လူစုလူေဝးနဲ႔လွည့္လည္အင္းအားျပ

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၈-၂၀၂၀
ကိုလတ္ (VOM)

ေနျပည္ေတာ္၊ ဥတၱရသီရိၿမိဳ႕နယ္ရဲ႕ ရပ္ကြက္ ေက်း႐ြာအခ်ိဳ႕မွာ PPP ပါတီဟာ ဒီကေန႔ ေအာက္တိုဘာ ၈ ရက္ မနက္ပိုင္းက လူအင္အား ၂၀၀ ခန႔္၊ ကားအစီးေရ ၆၀ ခန႔္နဲ႔ အင္အားျပလွည့္လည္ခဲ့ၾကပါတယ္။

နယ္ခံျဖစ္ေပမယ့္ ကိုဗစ္ကာလေၾကာင့္ ေ႐ြးေကာက္ပြဲမွာ ၅၀ ရာခိုင္ႏႈန္းေလာက္ပဲ ေအာင္ျမင္မႈရရွိႏိုင္မယ္လို႔ ဥတၱရၿမိဳ႕နယ္ PPP ပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ၿဖိဳးေအာင္က ေျပာပါတယ္။

“က်ေနာ့္နယ္ေျမမွာ ေအာင္ႏိုင္မႈအေနနဲ႔ ၅၀ – ၅၀ မွန္းထားပါတယ္ခင္ဗ်၊ ဘာလို႔လဲဆိုေတာ့ ကိုဗစ္ကာလျဖစ္ေနေတာ့ေလ၊ ေအာင္ႏိုင္ေရး တကယ္လႈပ္လႈပ္ရွားရွားနဲ႔ သြားရတာလည္းမရွိဘူး ၊ က်န္းမာေရးက ထုတ္ျပန္ထားတဲ့ လမ္းၫႊန္ခ်က္နဲ႔အညီ လုပ္ေဆာင္ရေတာ့ အခက္အခဲေတြအမ်ားႀကီးရွိပါတယ္။ က်ေနာ္က နယ္ခံလည္းျဖစ္တဲ့အတြက္ က်ေနာ့္ ရပ္ကြက္က ျပည္သူလူထု၊ ေက်းလက္ေနလူတန္းစား၊ က်ေနာ္ကိုဝန္းရံသူမ်ားတာ တစ္ေၾကာင္း၊ နယ္ခံျဖစ္ေနတဲ့အတြက္ ခင္မင္မႈအတိုင္းအတာေရာ အဲ့ဒီလိုမ်ိဳးေလးေတြ ဝန္းရံေပးတဲ့အတြက္ ၅၀၊ ၅၀ မွန္းထားတာျဖစ္ပါတယ္”လို႔ ဦးေက်ာ္ၿဖိဳးေအာင္က ေျပာပါတယ္။

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ PPP ပါတီအေနနဲ႔ တစ္ႏိုင္ငံအတိုင္းအတာအရ ကိုယ္စားလွယ္ေလာင္း (၂၃၀)ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး ေနျပည္ေတာ္မွာေတာ့ (၅) ေနရာသာ ယွဥ္ၿပိဳင္မွာျဖစ္တယ္လို႔ သိရပါတယ္။

ေနျပည္ေတာ္မွာ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ (၈)ေနရာနဲ႔ အမ်ိဳးသားလႊတ္ေတာ္ (၂)ေနရာအတြက္ ပါတီအသီးသီးက ကိုယ္စားလွယ္ေလာင္း ၇၀ ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္ #ေ႐ြးေကာက္ပြဲ #PPPပါတီ #လူစုလူေဝးနဲ႔လွည့္

Related posts

Leave a Comment

VOM News

FREE
VIEW