ကိုဗစ်ကာလမှာဖွင့်ထားတဲ့ ကေတီဗီ ဆိုင်ဝန်ထမ်းတွေနဲ့ ဆိုင်လာဧည့်သည်အချို့ကို ထောင်ဒဏ် ၁ နှစ်ခွဲအမိန့်ချ

ကိုဗစ်ကာလမှာဖွင့်ထားတဲ့ ကေတီဗီ ဆိုင်ဝန်ထမ်းတွေနဲ့ ဆိုင်လာဧည့်သည်အချို့ကို ထောင်ဒဏ် ၁ နှစ်ခွဲအမိန့်ချ

အောက်တိုဘာ ၉-၂၀၂၀
ကိုတိုးကြီး (VOM)

ကိုဗစ်-၁၉ ကူးဆက်မြန် ကပ်ရောဂါကာလမှာဖွင့်ထားတဲ့ ကေတီဗီဆိုင်က ဆိုင်ဝန်ထမ်းတွေနဲ့ ကေတီဗီကိုသွားရောက်ပြီး သီချင်းဆိုသူအချို့ကို မနေ့အောက်တိုဘာ ၈ ရက် ညနေပိုင်းက မုံရွာမြို့နယ်တရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ်ခွဲ အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

မုံရွာ (အလုံ သုံးထောင့်ချွန်း) လမ်းဆုံအနီးမှာ တရားမဝင်ဖွင့်နေတဲ့ Rainbow ကေတီဗီဆိုင်ကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးရာမှာ ကေတီဗီအခန်းအတွင်း သီချင်းဆိုနေတဲ့ ဧည့်သည် အမျိုးသား ၃ ယောက်နဲ့ ဆိုင်ဝန်ထမ်း အမျိုးသမီး ၄ ယောက် သီချင်းဆိုနေတာကို တွေ့ရတဲ့အတွက် ဖမ်းဆီးအရေးယူပြီး အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

” အဲ့ဒီအမှုကို အလုံရဲကင်းစခန်းမှူး ဒုရဲအုပ် မိုးမင်းထွန်းက အမှုစစ်တယ် ၊ ရဲစွဲချက်အမှတ် ၇၇၆/၂၀၂၀ နဲ့ တရားစွဲတယ် ၊ တရားရုံးက ရာဇသတ်ကြီး အမှု အမှတ် ၂၀၅၅/၂၀၂၀အရ အောက်တိုဘာ ၇ ရက်နေ့က အမှုတွဲလက်ခံပြီး ကြားနာစစ်ဆေးတယ် ၊ နောက်တစ်နေ့ အောက်တိုဘာ ၈ ရက်မှာ မြို့နယ်တရားသူကြီး ဒေါ်စုနန္ဒာစိုးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးမှု ဥပဒေပုဒ်မ-၂၅ အရ အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် ၆ လ ကျခံဖို့ အမိန့်ချခဲ့တာဖြစ်တယ်”လို့ တရားစွဲဆိုရေးမှာပါဝင်တဲ့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ကိုဗစ် – ၁၉ ရောဂါနဲ့ပတ်သက်လို့ ပထမလှိုင်းမှာ ရန်ကုန်၊ အင်းစိန်က ဘာသာရေး တရာဟောဆရာတစ်ယောက်ရဲ့ တရားပွဲတစ်ခုကနေ ရောဂါပိုးကူးစက်ပြန့်ပွားတယ်လို့ဆိုပြီး အရေးယူမှုတွေရှိခဲ့ပါတယ်။

ရန်ကုန်မြို့က Music Zoneကေတီဗီဲနဲ့ စားသောက်ဆိုင်မှာ ကိုဗစ်ပိုးတွေ့လူနာတွေ များပြားလာတဲ့အတွက် ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာကို တရားစွဲဆိုထားတဲ့ဖြစ်စဉ်လည်း ရှိနေပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွေအရ စက်တင်ဘာ ၁ ရက်နေ့ကစလို့ နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ တားမြစ်အမိန့်ကိုကျော်လွန်ပြီး လုပ်ကိုင်နေတဲ့ KTV ၊ BAR၊ အနှိပ်ခန်းတွေ အပြင် ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ အိမ် ၂ အိမ် အပါအဝင် အမှုပေါင်း ( ၈၅၆ )မှု ၊ ကျူးလွန်သူ အမျိုးသားပေါင်း (၁၆၂၆ )ယောက် ၊ အမျိုးသမီး (၈၂) ယောက်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ကေတီဗီဖမ်းဆီးမှု #ထောင်၁နှစ်ခွဲချ

Zawgyi

ကိုဗစ္ကာလမွာဖြင့္ထားတဲ့ ေကတီဗီ ဆိုင္ဝန္ထမ္းေတြနဲ႔ ဆိုင္လာဧည္႔သည္အခ်ိဳ႔ကို ေထာင္ဒဏ္ ၁ ႏွစ္ခဲြအမိန္႔ခ်

ေအာက္တိုဘာ ၉-၂၀၂၀
ကိုတိုးႀကီး (VOM)

ကိုဗစ္-၁၉ ကူးဆက္ျမန္ ကပ္ေရာဂါကာလမွာဖြင့္ထားတဲ့ ေကတီဗီဆိုင္က ဆိုင္ဝန္ထမ္းေတြန႔ဲ ေကတီဗီကိုသြားေရာက္ၿပီး သီခ်င္းဆိုသူအခ်ိဳ႔ကို မေန႔ေအာက္တိုဘာ ၈ ရက္ ညေနပိုင္းက မုံ႐ြာၿမိဳ႕နယ္တရား႐ုံးကေန အလုပ္နဲ႔ ေထာင္ဒဏ္ ၁ ႏွစ္ခြဲ အမိန႔္ခ်လိုက္တယ္လို႔ သိရပါတယ္။

မုံ႐ြာ (အလုံ သုံးေထာင့္ခြၽန္း) လမ္းဆုံအနီးမွာ တရားမဝင္ဖြင့္ေနတဲ့ Rainbow ေကတီဗီဆိုင္ကို ေရွာင္တခင္ ဝင္ေရာက္ဖမ္းဆီးရာမွာ ေကတီဗီအခန္းအတြင္း သီခ်င္းဆိုေနတဲ့ ဧည့္သည္ အမ်ိဳးသား ၃ ေယာက္နဲ႔ ဆိုင္ဝန္ထမ္း အမ်ိဳးသမီး ၄ ေယာက္ သီခ်င္းဆိုေနတာကို ေတြ႕ရတဲ့အတြက္ ဖမ္းဆီးအေရးယူၿပီး အမႈဖြင့္တိုင္တန္းခဲ့တာျဖစ္ပါတယ္။

” အဲ့ဒီအမႈကို အလုံရဲကင္းစခန္းမွဴး ဒုရဲအုပ္ မိုးမင္းထြန္းက အမႈစစ္တယ္ ၊ ရဲစြဲခ်က္အမွတ္ ၇၇၆/၂၀၂၀ နဲ႔ တရားစြဲတယ္ ၊ တရား႐ုံးက ရာဇသတ္ႀကီး အမႈ အမွတ္ ၂၀၅၅/၂၀၂၀အရ ေအာက္တိုဘာ ၇ ရက္ေန႔က အမႈတြဲလက္ခံၿပီး ၾကားနာစစ္ေဆးတယ္ ၊ ေနာက္တစ္ေန႔ ေအာက္တိုဘာ ၈ ရက္မွာ ၿမိဳ႕နယ္တရားသူႀကီး ေဒၚစုနႏၵာစိုးက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးမႈ ဥပေဒပုဒ္မ-၂၅ အရ အလုပ္နဲ႔ ေထာင္ဒဏ္ ၁ ႏွစ္ ၆ လ က်ခံဖို႔ အမိန႔္ခ်ခဲ့တာျဖစ္တယ္”လို႔ တရားစြဲဆိုေရးမွာပါဝင္တဲ့ ရဲအရာရွိတစ္ေယာက္က ​ေျပာပါတယ္။

ကိုဗစ္ – ၁၉ ေရာဂါနဲ႔ပတ္သက္လို႔ ပထမလႈိင္းမွာ ရန္ကုန္၊ အင္းစိန္က ဘာသာေရး တရာေဟာဆရာတစ္​ေယာက္ရဲ႕ တရားပြဲတစ္ခုကေန ေရာဂါပိုးကူးစက္ျပန႔္ပြားတယ္လို႔ဆိုၿပီး အေရးယူမႈေတြရွိခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႔က Music Zoneေကတီဗီဲနဲ႔ စားေသာက္ဆိုင္မွာ ကိုဗစ္ပိုးေတြ႕လူနာေတြ မ်ားျပားလာတဲ့အတြက္ ဆိုင္ပိုင္ရွင္နဲ႔ မန္ေနဂ်ာကို တရားစြဲဆိုထားတဲ့ျဖစ္စဥ္လည္း ရွိေနပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ထုတ္ျပန္ခ်က္ေတြအရ စက္တင္ဘာ ၁ ရက္ေန႔ကစလို႔ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ အပါအ၀င္ တိုင္းေဒသႀကီး နဲ႔ ျပည္နယ္ေတြမွာ တားျမစ္အမိန႔္ကိုေက်ာ္လြန္ၿပီး လုပ္ကိုင္ေနတဲ့ KTV ၊ BAR၊ အႏွိပ္ခန္းေတြ အျပင္ ျပည္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနတဲ့ အိမ္ ၂ အိမ္ အပါအ၀င္ အမႈေပါင္း ( ၈၅၆ )မႈ ၊ က်ဴးလြန္သူ အမ်ိဳးသားေပါင္း (၁၆၂၆ )ေယာက္ ၊ အမ်ိဳးသမီး (၈၂) ေယာက္ကို ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က အမႈဖြင့္အေရးယူထားတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #မံုရြာ #ေကတီဗီဖမ္းဆီးမႈ #ေထာင္၁ႏွစ္ခဲြခ်

Related posts

Leave a Comment

VOM News

FREE
VIEW