ပဲခူးတိုင်းမှာ မဲစာရင်းမပါလို့ ပုံစံ ၃ နဲ့ လျှောက်ထားသူ (၁၂၀၀၀)ကျော်ရှိ

ပဲခူးတိုင်းမှာ မဲစာရင်းမပါလို့ ပုံစံ ၃ နဲ့ လျှောက်ထားသူ (၁၂၀၀၀)ကျော်ရှိ
အောက်တိုဘာ ၉-၂၀၂၀
သိင်္ဂီ(VOM)
ပဲခူးတိုင်းအတွင်း ဆန္ဒမဲပေးခွင့်ရှိသူတွေ မဲစာရင်းမှာမပါဝင်တဲ့အတွက် ပုံစံ ၃ နဲ့ လျှောက်ထားလာသူ စုစုပေါင်း (၁၂၀၀၀)ကျော်ရှိတယ်လို့ ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။
ဒါ့အပြင် မဲဆန္ဒရှင်စာရင်းမှာ အမည်စာရင်းပါဝင်ပေမယ့် အချက်အလက်မှားယွင်းနေတာကြောင့် အချက်အလက်တွေ ပြင်ဆင်ဖို့ ပြန်လည်လျှောက်ထားလာတဲ့ အရေအတွက်က (၄၀၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။
“၃ (က) နဲ့လျှောက်ခိုင်းထားတယ်။လျှောက်လို့ရတယ်၊ လျှောက်နိုင်တယ်ဆိုတာကိုလည်း တရားဝင်ကြေငြာထားတယ်၊ အခုဆိုရင် မဲစာရင်းမှာမပါလို့ တောင်းဆိုလာတဲ့သူက (၁၂၀၀၀)ကျော်ရှိတယ်။ အချက်အလက်ပြင်ဆင်ဖို့ တောင်းဆိုလာသူက (၄၄၀၀)ကျော်ရှိတယ်။ ၄ (ဂ) နဲ့ ကန့်ကွက်သူက (၂၉၀၀)ကျော်ရှိတယ်”လို့ ပဲခူးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်မိုးကပြောပါတယ်။
မဲပေးခွင့်ရှိသူစာရင်းမှာ မိမိအမည်မပါရှိခဲ့ရင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို ပုံစံ ၃ လျှောက်လွှာရယူပြီး လျှောက်ထားရမှာဖြစ်သလို ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေကိုလည်း အသိပေးပြောဆိုကာ လျှောက်ထားနိုင်ပါတယ်။ ဒါမှသာ မဲပေးခွင့်ဆုံးရှုံးမှုမရှိမှာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်းကို ထုတ်ပြန်ကြေငြာထားသလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် websiteမှာလည်း မဲပေးခွင့်ရှိသူစာရင်းမှာ မိမိအမည်ပါ၊မပါကို စစ်ဆေးနိုင်ဖို့ ဆောင်ရွက်ပေးထားသောကြောင့် အမည်စာရင်းပါဝင်ခြင်း ရှိ၊မရှိကို စစ်ဆေးနိုင်တယ်လို့သိရပါတယ်။
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ပဲခူးတိုင်းအတွင်း မဲပေးခွင့်ရှိသူ စုစုပေါင်း ၃၈ သိန်းကျော်ရှိပြီး၊ မဲရုံပေါင်း ၄၀၀၀ ကျော် လျာထားတယ်လို့သိရပါတယ်။
#voiceofmyanmar #VOM #ပဲခူး #မဲစာရင်း
Zawgyi
ပဲခူးတိုင္းမွာ မဲစာရင္းမပါလို႔ ပုံစံ ၃ နဲ႔ ေလွ်ာက္ထားသူ (၁၂၀၀၀)ေက်ာ္ရွိ
ေအာက္တိုဘာ ၉-၂၀၂၀
သိဂႌ(VOM)
ပဲခူးတိုင္းအတြင္း ဆႏၵမဲေပးခြင့္ရွိသူေတြ မဲစာရင္းမွာမပါဝင္တဲ့အတြက္ ပုံစံ ၃ နဲ႔ ေလွ်ာက္ထားလာသူ စုစုေပါင္း (၁၂၀၀၀)ေက်ာ္ရွိတယ္လို႔ ပဲခူးတိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲကေန သိရပါတယ္။
ဒါ့အျပင္ မဲဆႏၵရွင္စာရင္းမွာ အမည္စာရင္းပါဝင္ေပမယ့္ အခ်က္အလက္မွားယြင္းေနတာေၾကာင့္ အခ်က္အလက္ေတြ ျပင္ဆင္ဖို႔ ျပန္လည္ေလွ်ာက္ထားလာတဲ့ အေရအတြက္က (၄၀၀၀) ေက်ာ္ရွိတယ္လို႔ သိရပါတယ္။
“၃ (က) နဲ႔ေလွ်ာက္ခိုင္းထားတယ္။ေလွ်ာက္လို႔ရတယ္၊ ေလွ်ာက္ႏိုင္တယ္ဆိုတာကိုလည္း တရားဝင္ေၾကျငာထားတယ္၊ အခုဆိုရင္ မဲစာရင္းမွာမပါလို႔ ေတာင္းဆိုလာတဲ့သူက (၁၂၀၀၀)ေက်ာ္ရွိတယ္။ အခ်က္အလက္ျပင္ဆင္ဖို႔ ေတာင္းဆိုလာသူက (၄၄၀၀)ေက်ာ္ရွိတယ္။ ၄ (ဂ) နဲ႔ ကန႔္ကြက္သူက (၂၉၀၀)ေက်ာ္ရွိတယ္”လို႔ ပဲခူးတိုင္း ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉး ဦးေအာင္ေက်ာ္မိုးကေျပာပါတယ္။
မဲေပးခြင့္ရွိသူစာရင္းမွာ မိမိအမည္မပါရွိခဲ့ရင္ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲကို ပုံစံ ၃ ေလွ်ာက္လႊာရယူၿပီး ေလွ်ာက္ထားရမွာျဖစ္သလို ရပ္ကြက္၊ေက်း႐ြာအုပ္ခ်ဳပ္ေရးတာဝန္ရွိသူေတြကိုလည္း အသိေပးေျပာဆိုကာ ေလွ်ာက္ထားႏိုင္ပါတယ္။ ဒါမွသာ မဲေပးခြင့္ဆုံးရႈံးမႈမရွိမွာျဖစ္တယ္လို႔သိရပါတယ္။
လက္ရွိမွာ မဲေပးပိုင္ခြင့္ရွိတဲ့ မဲဆႏၵရွင္စာရင္းကို ထုတ္ျပန္ေၾကျငာထားသလို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ websiteမွာလည္း မဲေပးခြင့္ရွိသူစာရင္းမွာ မိမိအမည္ပါ၊မပါကို စစ္ေဆးႏိုင္ဖို႔ ေဆာင္႐ြက္ေပးထားေသာေၾကာင့္ အမည္စာရင္းပါဝင္ျခင္း ရွိ၊မရွိကို စစ္ေဆးႏိုင္တယ္လို႔သိရပါတယ္။
လာမယ့္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ ျပဳလုပ္မယ့္ ၂၀၂၀အေထြေထြေ႐ြးေကာက္ပြဲမွာ ပဲခူးတိုင္းအတြင္း မဲေပးခြင့္ရွိသူ စုစုေပါင္း ၃၈ သိန္းေက်ာ္ရွိၿပီး၊ မဲ႐ုံေပါင္း ၄၀၀၀ ေက်ာ္ လ်ာထားတယ္လို႔သိရပါတယ္။

Related posts

Leave a Comment

VOM News

FREE
VIEW