မော်လမြိုင်မြို့ရှိ ကိုဗစ်အတည်ပြုလူနာတွေထားဖို့ ဆောက်လုပ်နေတဲ့ ယာယီဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေကို ထားမှာမဟုတ်

မော်လမြိုင်မြို့ရှိ ကိုဗစ်အတည်ပြုလူနာတွေထားဖို့ ဆောက်လုပ်နေတဲ့ ယာယီဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေကို ထားမှာမဟုတ်

အောက်တိုဘာ ၉-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ထဲမှာ Covid-19 အတည်ပြုလူနာများပြားလာတဲ့အတွက် ရောဂါပိုးစစ်ဆေးတွေ့ရှိသူတွေကို ထားရှိမယ့် ယာယီဆေးရုံဟာ ရာခိုင်နူန်းပြည့်ပြီးဆီးသွားပြီဖြစ်ပေမယ့် ကျန်းမာရေးဝန်ထမ်းတွေကိုမထားရှိဘူးလို့ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောပြပါတယ်။

” ‌ေ‌ဆးရုံက ရာနူန်းပြည့်ပြီးပြီ။ အဲ့ဒီဆေးရုံမှာ ကို‌ဗစ်ပိုးတွေ့ပြီး ရောဂါလက္ခဏာမပြင်းသ‌ူတွေ ထားမယ်။ ကျန်းမာရေးဝန်ထမ်းက ဘယ်လိုမှထုတ်သုံးလို့မရတော့တာကြောင့်ဘော်လန်တီယာတွေနဲ့ ကြီးကြပ်တာဝန်ယူမယ်”လို့ ဒေါက်တာထိန်းလင်းကပြောပါတယ်။

အဲ့ဒီယာယီဆေးရုံကို မော်လမြိုင်မြို့ခံ လုပ်ငန်းရှင်တစ်ဦးက စက်တင်ဘာ၂၅ ရက်နေ့ကနေ စတင်ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး အဆောက်အဦး ၃ ခုလုံးကို နှစ်ပတ်အတွင်း တည်ဆောက်ပြီးစီးခဲ့တဲ့အပြင် လူနာ၂၈၀ဦးခန့် ထားရှိနိုင်မယ်ဖြစ်တယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

မွန်ပြည်နယ်အတွင်း ကိုဗစ်ဒုတိယလှိုင်းဖြစ်ပွားချိန်မှာ Covid-19ပိုးရှိသူဦးရေ များပြား လာပြီးနောက်ပိုင်း မော်လမြိုင်ဆေးရုံကြီးမှာ နေရာအခက်အခဲရှိလာတဲ့အတွက်‌ အခုလိုယာယီဆေးရုံဆောက်လုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေထားရှိမယ် ယာယီအဆောက်အဦး ၃ ခုမှာ မော်လမြိုင်မြို့နယ် ပြည်သူ့ဆေးရုံအနီး အ.ထ.က – ၁ ဘောလုံးကွင်းထဲမှာ တည်ဆောက်ထားပြီး အလျား ၁၂၀ ပေ၊ အနံ ၅၂‌ ပေရှိကာ ရောဂါပိုးတွေ့ပြီး ရောဂါလက္ခဏာမပြသေးတဲ့ လူနာတွေကိုပါ ထားရှိသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နဲ့ ခရိုင်အဆင့်ဆေးရုံအချို့မှာ ကိုဗစ်ရောဂါပိုးတွေ့လူနာ ၃၀၀ နီးပါးရှိနေပေမယ့်လည်း ပိုးတွေ့ရှိမှု အနည်းငယ်လျော့နည်းကျဆင်းနေပြီဖြစ်တဲ့အတွက် မော်လမြိုင်ဆေးရုံနဲ့ ဝန်ထမ်းအိမ်ယာတစ်ခုမှာ ပိုးတွေ့ရှိသူတွေကို အများဆုံးကုသပေးနေရပြီး ထပ်မံတိုးမြင့်လာတဲ့ လူနာတွေကိုတော့ ယာယီဆေးရုံကို စတင်ပို့ဆောင်တော့မှာဖြစ်တယ်လို့ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

Photo – ဘိုဘိုဝင်း
#voiceofmyanmar #VOM #မော်လမြိုင် #ကိုဗစ် #ယာယီဆေးရုံ

Zawgyi

ေမာ္လၿမိဳင္ၿမိဳ႔ရွိ ကိုဗစ္အတည္ျပဳလူနာေတြထားဖို႔ ေဆာက္လုပ္ေနတဲ့ ယာယီေဆး႐ုံမွာ က်န္းမာေရးဝန္ထမ္းေတြကို ထားမွာမဟုတ္

ေအာက္တိုဘာ ၉-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္ထဲမွာ Covid-19 အတည္ျပဳလူနာမ်ားျပားလာတဲ့အတြက္ ေရာဂါပိုးစစ္ေဆးေတြ႕ရွိသူေတြကို ထားရွိမယ့္ ယာယီေဆး႐ုံဟာ ရာခိုင္ႏူန္းျပည့္ၿပီးဆီးသြားၿပီျဖစ္ေပမယ့္ က်န္းမာေရးဝန္ထမ္းေတြကိုမထားရွိဘူးလို႔ မြန္ျပည္နယ္အစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ေဒါက္တာထိန္လင္းက ေျပာျပပါတယ္။

” ‌ေ‌ဆး႐ုံက ရာႏူန္းျပည့္ၿပီးၿပီ။ အဲ့ဒီေဆး႐ုံမွာ ကို‌ဗစ္ပိုးေတြ႕ၿပီး ေရာဂါလကၡဏာမျပင္းသ‌ူေတြ ထားမယ္။ က်န္းမာေရးဝန္ထမ္းက ဘယ္လိုမွထုတ္သုံးလို႔မရေတာ့တာေၾကာင့္ေဘာ္လန္တီယာေတြနဲ႔ ႀကီးၾကပ္တာဝန္ယူမယ္”လို႔ ေဒါက္တာထိန္းလင္းကေျပာပါတယ္။

အဲ့ဒီယာယီေဆး႐ုံကို ေမာ္လၿမိဳင္ၿမိဳ႕ခံ လုပ္ငန္းရွင္တစ္ဦးက စက္တင္ဘာ၂၅ ရက္ေန႔ကေန စတင္ေဆာက္လုပ္လွဴဒါန္းခဲ့တာျဖစ္ၿပီး အေဆာက္အဦး ၃ ခုလုံးကို ႏွစ္ပတ္အတြင္း တည္ေဆာက္ၿပီးစီးခဲ့တဲ့အျပင္ လူနာ၂၈၀ဦးခန႔္ ထားရွိႏိုင္မယ္ျဖစ္တယ္လို႔ မြန္ျပည္နယ္အစိုးရအဖြဲ႕ကေန သိရပါတယ္။

မြန္ျပည္နယ္အတြင္း ကိုဗစ္ဒုတိယလႈိင္းျဖစ္ပြားခ်ိန္မွာ Covid-19ပိုးရွိသူဦးေရ မ်ားျပား လာၿပီးေနာက္ပိုင္း ေမာ္လၿမိဳင္ေဆး႐ုံႀကီးမွာ ေနရာအခက္အခဲရွိလာတဲ့အတြက္‌ အခုလိုယာယီေဆးရံုေဆာက္လုပ္တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ကိုဗစ္အတည္ျပဳလူနာေတြထားရွ္ိမယ္ ယာယီအေဆာက္အဦး ၃ ခုမွာ ေမာ္လၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံအနီး အ.ထ.က – ၁ ေဘာလုံးကြင္းထဲမွာ တည္ေဆာက္ထားၿပီး အလ်ား ၁၂၀ ေပ၊ အနံ ၅၂‌ ေပရွိကာ ေရာဂါပိုးေတြ႕ၿပီး ေရာဂါလကၡဏာမျပေသးတဲ့ လူနာေတြကိုပါ ထားရွိသြားမယ္လို႔ ျပည္နယ္အစိုးရအဖြဲ႔ကေန သိရပါတယ္။

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္နဲ႔ ခ႐ိုင္အဆင့္ေဆး႐ုံအခ်ိဳ႕မွာ ကိုဗစ္ေရာဂါပိုးေတြ႕လူနာ ၃၀၀ နီးပါးရွိေနေပမယ့္လည္း ပိုးေတြ႕ရွိမႈ အနည္းငယ္ေလ်ာ့နည္းက်ဆင္းေနၿပီျဖစ္တဲ့အတြက္ ေမာ္လၿမိဳင္ေဆး႐ုံနဲ႔ ဝန္ထမ္းအိမ္ယာတစ္ခုမွာ ပိုးေတြ႕ရွိသူေတြကို အမ်ားဆံုးကုသေပးေနရၿပီး ထပ္မံတိုးျမင့္လာတဲ့ လူနာေတြကိုေတာ့ ယာယီေဆး႐ုံကို စတင္ပို႔ေဆာင္ေတာ့မွာျဖစ္တယ္လို ႔ျပည္နယ္အစိုးရအဖြဲ႕ကေန သိရပါတယ္။

Photo – ဘိုဘိုဝင္း
#voiceofmyanmar #VOM #ေမာ္လၿမိဳင္ #ကိုဗစ္ #ယာယီေဆးရံု

Related posts

Leave a Comment

VOM News

FREE
VIEW