ပိုးတွေ့လူနာ ၁၉ ယောက်ရှိတဲ့ သိမ်ဇရပ်မြို့က နေရာ ၄ ခုကို လော့ခ်ဒေါင်းချ

ပိုးတွေ့လူနာ ၁၉ ယောက်ရှိတဲ့ သိမ်ဇရပ်မြို့က နေရာ ၄ ခုကို လော့ခ်ဒေါင်းချ

အောက်တိုဘာ ၁၁-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှာ အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းက ထုတ်ပြန်ချက်အရ Covid-19ပိုးတွေ့လူနာ ၁၉ ဦးအထိတွေ့ရှိခဲ့တဲ့အတွက် ဒေသတွင်းနေရာ ၄ ခုကို အဝင်အထွက် လက်မခံတော့ဘဲ လော့ခ်ဒေါင်း သက်မှတ်လိုက်တယ်လို့
သိမ်ဇရပ်အုပ်ချုပ်ရေးမှူး ဦးတေဇာကြည်က ပြောပါတယ်။

ကနဦး အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသားတစ်ဦးကလည်း စောင့်ကြည့်နေတုန်း ရောဂါပိုးတွေ့တာ။ ရန်ကုန်ကခိုးပြီးဝင်လာတဲ့ အမျိုးသမီးကိုလည်း သိသိချင်း ခေါ်ယူစောင့်ကြည့်ထားတာပါ။ ပိုးတွေ့လူနာအားလုံး ခိုးဝင်လာပြီးဖြစ်ခဲ့တာမဟုတ်ပါဘူး”လို့ ဦးတေဇာကြည်က ပြောပါတယ်။

အခုလက်ရှိ သိမ်ဇရပ်မြို့ပေါ်မှာ ကိုဗစ်ပိုးတွေ့လူနာ အမျိုးသား ၊ အမျိုးသမီး ၁၉ ဦးနဲ့ ထိတွေ့မိခဲ့သူ စုစုပေါင်း၂၁ ဦးကိုလည်း ကွာရန်တင်းစင်တာတွေမှာ စောင့်ကြည့်နေပြီး မြို့ပေါ်ရပ်ကွက်အချို့ကိုလည်း အသွားလာစောင့်ကြည့်နေတဲ့အပြင် နေရာလေးခုကို လော့ခ်ဒေါင်းသက်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒီကနေန့မနက် ထုတ်ပြန်ချက်အရ ကျိုက်ထိုမြို့နယ်နဲ့ သိမ်ဇရပ်မြို့တွေထဲက အမှတ် ၁ ရပ်ကွက်၊ အောက်လူလေးလမ်းပိုင်းရှိ လမ်းနယ်မြေ ‌၄ ခု၊ အမှတ် ၁ ရပ်ကွက် မြရတနာလမ်းပိုင်းရှိလမ်းနယ်မြေ ၃ ခုနဲ့ အမှတ်၂ ရပ်ကွက်အောင်မင်္ဂလာလမ်းပိုင်း လမ်းနယ်မြေ၅ ခုကို လော့ခ်ဒေါင်းအဖြစ်သက်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” လော့ခ်ဒေါင်းက အမှတ် ၁ ရပ်ကွက်ကနေရာတစ်ခု၊ အမှတ်၂ ရပ်ကွက်က အမှတ် ၂ လမ်း၊ ၃ လမ်းနဲ့ ၄ လမ်းပါ။ အခက်အခဲက စားရေးသောက်ရေးနဲ့ လက်ရှိ လော့ခ်ဒေါင်းချထားတဲ့နေရာတွေမှာ စည်းကမ်းထိန်းသိမ်းဖို့ လူအင်အားပါ”လို့ သိမ်ဇရပ်မြို့ခံ ကိုစိုင်းရက ပြောပါတယ်။

ကိုဗစ်ဒုတိယလှိုင်းကာလမှာ မွန်ပြည်နယ်အတွင်း Covid-19 ပိုးတွေ့လူနာ စုစုပေါင်း ၃၀၀ ကျော်ရှိနေပြီး ဒီကနေ့မနက် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်အချို့အရ ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်တစ်ခုမှာသာ ရောဂါပိုးတွေ့လူနာ ၁၁ ဦးထွက်ပေါ်ပြီး ရွှေလှေကျေးရွာ ၉ ဦး၊ ပေါက်တောကျေးရွာ ၁ ဦးနဲ့ ကဇိုင်းရပ်မှ ၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။

သိမ်ဇရပ်မြို့က ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရတဲ့ အမျိုးသား၊ အမျိုးသမီး ၁၉ ဦးနဲ့ ကျိုက်ထိုက လူနာနှစ်ဦး စုစုပေါင်း၂၁ ဦးကို အောက်တိုဘာလ ၁၀ရက်နေ့ ညပိုင်းမှာပဲ မောလမြိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ဒေသခံပရဟိတအဖွဲ့တွေက ပို့ဆောင်ပေးခဲ့ပြီးဖြစ်တယ်လို့ ကျိုက်ထိုလူမှုကူညီရေးအဖွဲ့ရဲ့ပြောပြချက်အရ သိရပါတယ်။

Photo – ကိုစိုင်းရ
#voiceofmyanmar #VOM #ကျိုက်ထို #ကိုဗစ်ပိုးတွေ့လူနာ #လော့ခ်ဒေါင်းချ

Zawgyi

ပိုးေတြ႕လူနာ ၁၉ ေယာက္ရွိတဲ့ သိမ္ဇရပ္ၿမိဳ႔က ေနရာ ၄ ခုကို ေလာ့ခ္ေဒါင္းခ်

ေအာက္တိုဘာ ၁၁-၂၀၂၀
ေကာင္းလက္်ာ(VOM)

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ သိမ္ဇရပ္ၿမိဳ႕မွာ ေအာက္တိုဘာလ ၁၀ ရက္ေန႔ ညပိုင္းက ထုတ္ျပန္ခ်က္အရ Covid-19ပိုးေတြ႕လူနာ ၁၉ ဦးအထိေတြ႕ရွိခဲ့တဲ့အတြက္ ေဒသတြင္းေနရာ ၄ ခုကို အဝင္အထြက္ လက္မခံေတာ့ဘဲ ေလာ့ခ္ေဒါင္း သက္မွတ္လိုက္တယ္လို႔
သိမ္ဇရပ္အုပ္ခ်ဳပ္ေရးမႉး ဦးေတဇာၾကည္က ေျပာပါတယ္။

ကနဦး အမ်ိဳးသမီး ႏွစ္ဦးနဲ႔ အမ်ိဳးသားတစ္ဦးကလည္း ေစာင့္ၾကည့္ေနတုန္း ေရာဂါပိုးေတြ႕တာ။ ရန္ကုန္ကခိုးၿပီးဝင္လာတဲ့ အမ်ိဳးသမီးကိုလည္း သိသိခ်င္း ေခၚယူေစာင့္ၾကည့္ထားတာပါ။ ပိုးေတြ႕လူနာအားလုံး ခိုးဝင္လာၿပီးျဖစ္ခဲ့တာမဟုတ္ပါဘူး”လို႔ ဦးေတဇာၾကည္က ေျပာပါတယ္။

အခုလက္ရွိ သိမ္ဇရပ္ၿမိဳ႕ေပၚမွာ ကိုဗစ္ပိုးေတြ႕လူနာ အမ်ိဳးသား ၊ အမ်ိဳးသမီး ၁၉ ဦးနဲ႔ ထိေတြ႕မိခဲ့သူ စုစုေပါင္း၂၁ ဦးကိုလည္း ကြာရန္တင္းစင္တာေတြမွာ ေစာင့္ၾကည့္ေနၿပီး ၿမိဳ႕ေပၚရပ္ကြက္အခ်ိဳ႕ကိုလည္း အသြားလာေစာင့္ၾကည့္ေနတဲ့အျပင္ ေနရာေလးခုကို ေလာ့ခ္ေဒါင္းသက္မွတ္လိုက္တာလည္း ျဖစ္ပါတယ္။

မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ဒီကေနန႔မနက္ ထုတ္ျပန္ခ်က္အရ က်ိဳက္ထိုၿမိဳ႕နယ္နဲ႔ သိမ္ဇရပ္ၿမိဳ႔ေတြထဲက အမွတ္ ၁ ရပ္ကြက္၊ ေအာက္လူေလးလမ္းပိုင္းရွိ လမ္းနယ္ေျမ ‌၄ ခု၊ အမွတ္ ၁ ရပ္ကြက္ ျမရတနာလမ္းပိုင္းရွိလမ္းနယ္ေျမ ၃ ခုနဲ႔ အမွတ္၂ ရပ္ကြက္ေအာင္မဂၤလာလမ္းပိုင္း လမ္းနယ္ေျမ၅ ခုကို ေလာ့ခ္ေဒါင္းအျဖစ္သက္မွတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

” ေလာ့ခ္ေဒါင္းက အမွတ္ ၁ ရပ္ကြက္ကေနရာတစ္ခု၊ အမွတ္၂ ရပ္ကြက္က အမွတ္ ၂ လမ္း၊ ၃ လမ္းနဲ႔ ၄ လမ္းပါ။ အခက္အခဲက စားေရးေသာက္ေရးနဲ႔ လက္ရွိ ေလာ့ခ္ေဒါင္းခ်ထားတဲ့ေနရာေတြမွာ စည္းကမ္းထိန္းသိမ္းဖို႔ လူအင္အားပါ”လို႔ သိမ္ဇရပ္ၿမိဳ႕ခံ ကိုစိုင္းရက ေျပာပါတယ္။

ကိုဗစ္ဒုတိယလႈိင္းကာလမွာ မြန္ျပည္နယ္အတြင္း Covid-19 ပိုးေတြ႕လူနာ စုစုေပါင္း ၃၀၀ ေက်ာ္ရွိေနၿပီး ဒီကေန႔မနက္ မြန္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္ခ်က္အခ်ိဳ႕အရ ျပည္နယ္အတြင္း ဘီးလင္းၿမိဳ႕နယ္တစ္ခုမွာသာ ေရာဂါပိုးေတြ႕လူနာ ၁၁ ဦးထြက္ေပၚၿပီး ေ႐ႊေလွေက်း႐ြာ ၉ ဦး၊ ေပါက္ေတာေက်း႐ြာ ၁ ဦးနဲ႔ ကဇိုင္းရပ္မွ ၁ ဦး ျဖစ္တယ္လို႔ သိရပါတယ္။

သိမ္ဇရပ္ၿမိဳ႕က ကိုဗစ္ေရာဂါပိုးစစ္ေဆးေတြ႕ရွိခဲ့ရတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီး ၁၉ ဦးနဲ႔ က်ိဳက္ထိုက လူနာႏွစ္ဦး စုစုေပါင္း၂၁ ဦးကို ေအာက္တိုဘာလ ၁၀ရက္ေန႔ ညပိုင္းမွာပဲ ေမာလၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးကို ေဒသခံပရဟိတအဖြဲ႔ေတြက ပို႔ေဆာင္ေပးခဲ့ၿပီးျဖစ္တယ္လို႔ က်ိဳက္ထိုလူမႈကူညီေရးအဖြဲ႔ရဲ႔ေျပာျပခ်က္အရ သိရပါတယ္။

Photo – ကိုစိုင္းရ
#voiceofmyanmar #VOM #က်ိဳက္ထို #ကိုဗစ္ပိုးေတြ႕လူနာ #ေလာ့ခ္ေဒါင္းခ်

Related posts

Leave a Comment

VOM News

FREE
VIEW