ဘန်ကောက်မြို့အနီး ရထားနဲ့ဘတ်စ်ကား တိုက်မိ၊ လူ ၂၀ ဦးထက်မနည်းသေဆုံး

ဘန်ကောက်မြို့အနီး ရထားနဲ့ဘတ်စ်ကား တိုက်မိ၊ လူ ၂၀ ဦးထက်မနည်းသေဆုံး

ဘန်ကောက်၊ အောက်တိုဘာ-၁၁-၂၀၂၀
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးမှာ ခရီးသည်တွေကိုတင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးနဲ့ ကုန်တင်ရထားတစ်စင်းတို့ ဒီကနေ့မနက်ပိုင်းက တိုက်မိခဲ့တာကြောင့် လူ ၂၀ ထက်မနည်းသေဆုံးသွားပြီး ဒါဇင်များစွာ ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီမတော်တဆမှုဟာ မြို့တော်ဘန်ကောက်ရဲ့ အရှေ့ဘက် ကီလိုမီတာ ၅၀ အကွာ Chachoengsao ပြည်နယ်ရှိ Khlong Khwaeng Klan ဘူတာမှာ ဒေသစံတော်ချိန် မနက် ၈ နာရီက ဖြစ်ပွားခဲ့တာပါ။

ဘတ်စ်ကားပေါ်မှာ ခရီးသည် ၆၀ ဦးတင်ဆောင်လာပြီး သူတို့ဟာ ဗုဒ္ဓဘာသာ ဘာသာရေးအခမ်းအနားတစ်ခုအတွက် Chachoengsao ပြည်နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းကို လာရောက်ကြတာဖြစ်တယ်လို့ ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲတစ်ဦးက ပြောပါတယ်။

ရထားနဲ့ဝင်တိုက်ချိန်မှာ ဘတ်စ်ကားဟာ ရထားသံလမ်းပေါ်ကို ရောက်ရှိနေပြီး အဲဒီနေရာမှာ သံလမ်းအတားအဆီးတွေမရှိဘူးလို့ ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနက ဆိုပါတယ်။

ဖြစ်စဉ်ကြောင့် လက်ရှိအချိန်ထိ လူ ၂၉ ဦးဒါဏ်ရာရရှိသွားပြီး သေဆုံးသူနဲ့ ဒဏ်ရာရရှိသူအရေအတွက် တိုးမြင့်လာနိုင်တယ်လို့ ပြည်နယ်အုပ်ချုုပ်ရေးမှူးကပြောပါတယ်။

Ref : CNA
Photo: Twitter/Ruamduay
#voiceofmyanmar #VOM #ဘန်ကောက်

Zawgyi

ဘန္ေကာက္ျမဳိ႕အနီး ရထားနဲ႔ဘတ္စ္ကား တိုက္မိ၊ လူ ၂၀ ဦးထက္မနည္းေသဆံုး

ဘန္ေကာက္၊ ေအာက္တိုဘာ-၁၁-၂၀၂၀
မ်ိဳးဆက္(VOM)

ထိုင္းနိုင္ငံ၊ ဘန္ေကာက္ျမိဳ႕အနီးမွာ ခရီးသည္ေတြကိုတင္ေဆာင္လာတဲ႔ ဘတ္စ္ကားတစ္စီးနဲ႔ ကုန္တင္ရထားတစ္စင္းတို႔ ဒီကေန႔မနက္ပိုင္းက တိုက္မိခဲ႔တာေၾကာင္႔ လူ ၂၀ ထက္မနည္းေသဆံုးသြားျပီး ဒါဇင္မ်ားစြာ ဒဏ္ရာရရိွသြားတယ္လို႔ တာ၀န္ရိွသူေတြက ေျပာပါတယ္။

ဒီမေတာ္တဆမႈဟာ ျမို႕ေတာ္ဘန္ေကာက္ရဲ႕ အေရွ႕ဘက္ ကီလိုမီတာ ၅၀ အကြာ Chachoengsao ျပည္နယ္ရိွ Khlong Khwaeng Klan ဘူတာမွာ ေဒသစံေတာ္ခ်ိန္ မနက္ ၈ နာရီက ျဖစ္ပြားခဲ႔တာပါ။

ဘတ္စ္ကားေပၚမွာ ခရီးသည္ ၆၀ ဦးတင္ေဆာင္လာျပီး သူတို႔ဟာ ဗုဒၶဘာသာ ဘာသာေရးအခမ္းအနားတစ္ခုအတြက္ Chachoengsao ျပည္နယ္မွာရိွတဲ႔ ဘုန္းၾကီးေက်ာင္းကို လာေရာက္ၾကတာျဖစ္တယ္လို႔ ခရိုင္ရဲတပ္ဖြဲ႔အၾကီးအကဲတစ္ဦးက ေျပာပါတယ္။

ရထားနဲ႔၀င္တိုက္ခ်ိန္မွာ ဘတ္စ္ကားဟာ ရထားသံလမ္းေပၚကို ေရာက္ရိွေနျပီး အဲဒီေနရာမွာ သံလမ္းအတားအဆီးေတြမရိွဘူးလို႔ ျပည္နယ္ သဘာ၀ေဘးအႏၱရာယ္ စီမံခန္႔ခြဲေရးဌာနက ဆုိပါတယ္။

ျဖစ္စဥ္ေၾကာင္႔ လက္ရိွအခ်ိန္ထိ လူ ၂၉ ဦးဒါဏ္ရာရရိွသြားျပီး ေသဆံုးသူနဲ႔ ဒဏ္ရာရရိွသူအေရအတြက္ တိုးျမင္႔လာနုိင္တယ္လို႔ ျပည္နယ္အုပ္ခ်ုဳပ္ေရးမွဴးကေျပာပါတယ္။

Ref : CNA
Photo: Twitter/Ruamduay
#voiceofmyanmar #VOM #ဘန္ေကာက္

Related posts

Leave a Comment

VOM News

FREE
VIEW