တပ်နယ်မြေမှာ NLD အောင်နိုင်ရေး အင်အားပြယာဉ်တန်း ပထမဆုံးအကြိမ်လှည့်လည်

တပ်နယ်မြေမှာ NLD အောင်နိုင်ရေး အင်အားပြယာဉ်တန်း ပထမဆုံးအကြိမ်လှည့်လည်
အောက်တိုဘာ ၁၁-၂၀၂၀
ကိုလတ် (VOM)
နေပြည်တော်မှာ တပ်နယ်မြေလို့လူသိများတဲ့ ဇေယျာသီရိမြို့နယ်ထဲမှာ NLD အောင်နိုင်ရေး အင်အားပြယာဉ်တန်းဟာ ဒီကနေ့မနက်ပိုင်းကက လူအင်အားအမြောက်အများနဲ့ ပထမဆုံးအကြိမ် လှည့်လည်ခဲ့ပါတယ်။
“ဘယ်သူမှ ပိုက်ဆံလည်း မပေးဘူး။ ကျွေးမွေးတာလည်း မရှိဘူး။ ကိုယ့်စရိတ်နဲ့ကိုယ် အားပေးတယ် ထောက်ခံတယ်၊ ၀န်းရံတယ်။ ကိုယ့် အမေကို ချစ်လို့။ အမေစုကိုချစ်လို့ ထောက်ခံတာ။ ကိုယ်စားလှယ် ဘယ်သူဆိုတာတော့ မသိဘူး”လို့ လှည့်လည်ရာမှာပါ၀င်တဲ့ စိမ်းစားပင်ကျေးရွာက ကိုခင်လေးက ပြောပါတယ်။
အဲ့ဒီအင်အားပြယာဉ်တန်းမှာ ထွန်းစက်၊ ဆိုင်ကယ်၊ ကားတွေနဲ့ လူအင်အား ၁၃၀၀ ကျော် လောက်ဟာ ရပ်ကွက်၊ကျေးရွာအချို့ကို လှည့်လည်ခဲ့တာလည်းဖြစ်ပါတယ်။
“ဒီမှာ ကြံ့ခိုင်ရေးပါတီကတော့ အစုစုလေးတွေနဲ့ လိုက်ပြောနေတာတော့ကြားမိတယ်။ ဦးသန်းဌေးလား ဘယ်သူလဲတော့မသိဘူး။ ဟိုနေ့ကတောင် ဟိုရှေ့ရွာမှာ ဟောပြောတာလုပ်သွားသေးတယ်။ သူတို့လည်း လှည့်ကြတာပဲ။ ကျမတို့လည်း လှည့်ကြတာပဲ။ ဒီအချိန် ဘယ်ကိုဗစ်မှလည်း မကြောက်ဘူး။ ကျမတို့ ပါတီအောင်ဖို့ပဲ သိတယ်။ အောင်လည်းအောင်ပြီးသား”လို့ လှည့်လည်ရာမှာပါ၀င်ခဲ့တဲ့ သစ်တပ်ကျေးရွာဒေသခံကပြောပါတယ်။
ဇေယျာသီရိမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ နှင်းဆီပါတီနဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးတွေက ၀င်ရောက်ယှဉ်ပြိုင်ကျမှာဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီတော့ ပြည်သူ့လွှတ်တော်နေရာမှာ ပါတီဥက္ကဌ ဦးသန်းဌေး ကိုယ်တိုင်၀င်ရောက်ယှဉ်ပြိုင်မယ့် နေရာလည်းဖြစ်ပါတယ်။
Zawgyi
တပ္နယ္ေျမမွာ NLD ေအာင္ႏိုင္ေရး အင္အားျပယာဥ္တန္း ပထမဆုံးအႀကိမ္လွည့္လည္
ေအာက္တိုဘာ ၁၁-၂၀၂၀
ကိုလတ္ (VOM)
ေနျပည္ေတာ္မွာ တပ္နယ္ေျမလို႔လူသိမ်ားတဲ့ ေဇယ်ာသီရိၿမိဳ႕နယ္ထဲမွာ NLD ေအာင္ႏိုင္ေရး အင္အားျပယာဥ္တန္းဟာ ဒီကေန႔မနက္ပိုင္းကက လူအင္အားအေျမာက္အမ်ားနဲ႔ ပထမဆုံးအႀကိမ္ လွည့္လည္ခဲ့ပါတယ္။
“ဘယ္သူမွ ပိုက္ဆံလည္း မေပးဘူး။ ေကြၽးေမြးတာလည္း မရွိဘူး။ ကိုယ့္စရိတ္နဲ႔ကိုယ္ အားေပးတယ္ ေထာက္ခံတယ္၊ ၀န္းရံတယ္။ ကိုယ့္ အေမကို ခ်စ္လို႔။ အေမစုကိုခ်စ္လို႔ ေထာက္ခံတာ။ ကိုယ္စားလွယ္ ဘယ္သူဆိုတာေတာ့ မသိဘူး”လို႔ လွည့္လည္ရာမွာပါ၀င္တဲ့ စိမ္းစားပင္ေက်း႐ြာက ကိုခင္ေလးက ေျပာပါတယ္။
အဲ့ဒီအင္အားျပယာဥ္တန္းမွာ ထြန္းစက္၊ ဆိုင္ကယ္၊ ကားေတြနဲ႔ လူအင္အား ၁၃၀၀ ေက်ာ္ ေလာက္ဟာ ရပ္ကြက္၊ေက်း႐ြာအခ်ိဳ႕ကို လွည့္လည္ခဲ့တာလည္းျဖစ္ပါတယ္။
“ဒီမွာ ႀကံ့ခိုင္ေရးပါတီကေတာ့ အစုစုေလးေတြနဲ႔ လိုက္ေျပာေနတာေတာ့ၾကားမိတယ္။ ဦးသန္းေဌးလား ဘယ္သူလဲေတာ့မသိဘူး။ ဟိုေန႔ကေတာင္ ဟိုေရွ႕႐ြာမွာ ေဟာေျပာတာလုပ္သြားေသးတယ္။ သူတို႔လည္း လွည့္ၾကတာပဲ။ က်မတို႔လည္း လွည့္ၾကတာပဲ။ ဒီအခ်ိန္ ဘယ္ကိုဗစ္မွလည္း မေၾကာက္ဘူး။ က်မတို႔ ပါတီေအာင္ဖို႔ပဲ သိတယ္။ ေအာင္လည္းေအာင္ၿပီးသား”လို႔ လွည့္လည္ရာမွာပါ၀င္ခဲ့တဲ့ သစ္တပ္ေက်း႐ြာေဒသခံကေျပာပါတယ္။
ေဇယ်ာသီရိၿမိဳ႕နယ္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ၊ ႏွင္းဆီပါတီနဲ႔ အေျခခံလူတန္းစားဘဝျမင့္မားေရးေတြက ၀င္ေရာက္ယွဥ္ၿပိဳင္က်မွာျဖစ္ၿပီး ျပည္ခိုင္ၿဖိဳးပါတီေတာ့ ျပည္သူ႔လႊတ္ေတာ္ေနရာမွာ ပါတီဥကၠဌ ဦးသန္းေဌး ကိုယ္တိုင္၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ေနရာလည္းျဖစ္ပါတယ္။

Related posts

Leave a Comment

VOM News

FREE
VIEW