တပ်မတော်နှင့်RCSS/SSAတို့ရဲ့ တိုက်ပွဲကိစွ ရှမ်းပြည်နယ်အစိုးရကနေ တာဝန်ယူဖြေရှင်းပေးဖို့ SNLDကိုယ်စားလှယ်လောင်းတွေ တောင်းဆို

တပ်မတော်နှင့်RCSS/SSAတို့ရဲ့ တိုက်ပွဲကိစွ ရှမ်းပြည်နယ်အစိုးရကနေ တာဝန်ယူဖြေရှင်းပေးဖို့ SNLDကိုယ်စားလှယ်လောင်းတွေ တောင်းဆို

အောက်တိုဘာ ၁၁-၂၀၂၀
အေးချမ်းသူ(VOM)

တပ်မတော်နဲ့ RCSS/SSAတို့ကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေရဲ့ လူ့အခွင့်အရေးဆုံးရှုံးနေတာတွေကို ရှမ်းပြည်နယ်အစိုးရကနေ တာဝန်ယူဖြေရှင်းပေးဖို့အတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုခဲ့ကြပါတယ်။

ကျောက်မဲမြို့နယ်၊ ပုံပိုးဒေသမှာ တပ်မတော်နဲ့ ရှမ်းလက်နက်ကိုင်ဖွဲ့(RCSS/SSA)တို့ စက်တင်ဘာ ၃၀ရက်နေ့ကနေ စတင်ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ (၃၀၀၀)ခန့် စစ်ဘေးရှောင်ခဲ့ရတဲ့အတွက် အောက်တိုဘာ ၉ရက်နေ့မှာ SNLDကနေ ကျောက်မဲခရိုင်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၄)ဦး လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြတယ်၊ အစိုးရကို ဖြေရှင်းပေးဖို့တောင်းဆိုတာပါ။ အခု တိုက်ပွဲဖြစ်နေတာကို အစိုးရပဲ မကြားတာလား၊ မကြားချင်ဟန်ဆောင်နေတာလားတော့ မသိဘူး”လို့ SNLDပါတီမှ အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းထွန်းဉာဏ်က ပြောပါတယ်။

အခုလို တိုက်ပွဲတွေကိုရပ်တန့်ခြင်းမရှိဘဲ နှစ်ဖက်စစ်အင်အားဖြည့်တင်းမှုတွေရှိလာပြီ
း စစ်ဘေးရှောင်အရေအတွက် သုံးထောင်ကျော်လာတဲ့အပြင် ဒဏ်ရာရရှိသူတွေနဲ့ အိုးအိမ်စွန့်ခွာအသက်လုပြေးနေရတဲ့သူတွေလည်းရှိလာတယ်လို့ ဦးစိုင်းထွန်းဉာဏ်ကပြောပါတယ်။

ပုံပိုးဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ရှောင်ပြည်သူတွေကို အကူအညီပေးနေတဲ့ ကျောက်မဲတိုက်ပွဲရှောင်ကော်မတီအဖွဲ့ဝင် ကိုသားဇော်ပြောပြတာကတော့ “လက်ရှိကတော့ ရှိတာလေးနဲ့ စစ်ရှောင်တွေကိုကူညီနေရတာ၊ ပုံပိုးဒေသရဲ့တောင်ထိပ်ဘုန်းကြီးကျောင်းမှာ ထားတယ်။ ဒဏ်ရာရတဲ့သူတော့ သိပ်မရှိပါဘူး”လို့ ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ရှမ်းပြည်နယ်အစိုးရကို စာတင်မယ့်ကိစ္စဟာ ရုံးပိတ်ရက်ဖြစ်နေပေမယ့် လာရှိုးမြို့နယ်ဒု-အုပ်ချုပ်ရေးမှူးတွေက စစ်ဘေးရှောင်တွေကိစ္စဖြစ်တဲ့အတွက် စီစဉ်ပေးနေတယ်လို့ ရှမ်းပြည်နယ်အစိုးရ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်က ပြောပါတယ်။

“ကျနော်က မသိဘူး။ ရုံးပိတ်ရက် အခုက မဲဆွယ်သွားနေတာ၊ အဲ့ကိစွတွေကို ကျနော်မသိဘူး။ လာရှိုးမြို့နယ်ဒု-အုပ်ချုပ်ရေးမှူးက ကူညီပေးနေတယ်လို့ ဖုန်းဆက်တယ်”လို့ ဦးစိုးညွန့်လွင်ကပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ စစ်ဘေးရှောင်ပြည်သူတွေကို ပုံပိုးဒေသရှိ ခံခဲ၊ နာဖောင်း၊ ဟဲဂျီ အစရှိတဲ့ ဘုန်းကြီးကျောင်း (၇)ကျောင်းမှာ တိမ်းရှောင်ခိုလှုံနေရပြီး ပရဟိတအဖွဲ့အစည်းတွေရဲ့ လှူဒါန်းမှုနဲ့နေထိုင်စားသောက်နေရတယ်လို့ SNLDမှ အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းစိုင်းထွန်းညဏ်က ပြောပါတယ်။

#voiceofmyanmar #VOM #ကျောက်မဲ #စစ်ဘေးရှောင် #SNLD

Zawgyi

တပ္မေတာ္ႏွင့္RCSS/SSAတို႔ရဲ႔ တိုက္ပြဲကိစြ ႐ွမ္းျပည္နယ္အစုိးရကေန တာဝန္ယူေျဖ႐ွင္းေပးဖို႔ SNLDကုိယ္စားလွယ္ေလာင္းေတြ ေတာင္းဆို

ေအာက္တိုဘာ ၁၁-၂၀၂၀
ေအးခ်မ္းသူ(VOM)

တပ္မေတာ္နဲ႔ RCSS/SSAတို႔ၾကား ျဖစ္ေပၚေနတဲ့ တိုက္ပြဲေတြေၾကာင့္ ျပည္သူေတြရဲ႔ လူ႔အခြင့္အေရးဆုံး႐ႈံးေနတာေတြကို ႐ွမ္းျပည္နယ္အစုိးရကေန တာဝန္ယူေျဖ႐ွင္းေပးဖို႔အတြက္ ႐ွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(SNLD)ပါတီ လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းေတြက ေတာင္းဆုိခဲ့ၾကပါတယ္။

ေက်ာက္မဲၿမိဳ႕နယ္၊ ပုံပုိးေဒသမွာ တပ္မေတာ္နဲ႔ ႐ွမ္းလက္နက္ကုိင္ဖြဲ႔(RCSS/SSA)တို႔ စက္တင္ဘာ ၃၀ရက္ေန႔ကေန စတင္ျဖစ္ခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ေဒသခံျပည္သူ (၃၀၀၀)ခန္႔ စစ္ေဘးေ႐ွာင္ခဲ့ရတဲ့အတြက္ ေအာက္တိုဘာ ၉ရက္ေန႔မွာ SNLDကေန ေက်ာက္မဲခ႐ုိင္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ (၄)ဦး လက္မွတ္ေရးထုိးေတာင္းဆိုခဲ့ၾကတယ္၊ အစုိးရကုိ ေျဖ႐ွင္းေပးဖုိ႔ေတာင္းဆိုတာပါ။ အခု တိုက္ပြဲျဖစ္ေနတာကုိ အစုိးရပဲ မၾကားတာလား၊ မၾကားခ်င္ဟန္ေဆာင္ေနတာလားေတာ့ မသိဘူး”လို႔ SNLDပါတီမွ အမွတ္(၂)ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း စုိင္းထြန္းဉာဏ္က ေျပာပါတယ္။

အခုလို တိုက္ပြဲေတြကုိရပ္တန္႔ျခင္းမ႐ွိဘဲ ႏွစ္ဖက္စစ္အင္အားျဖည့္တင္းမႈေတြ႐ွိလာၿပီ
း စစ္ေဘးေ႐ွာင္အေရအတြက္ သုံးေထာင္ေက်ာ္လာတဲ့အျပင္ ဒဏ္ရာရ႐ွိသူေတြနဲ႔ အုိးအိမ္စြန္႔ခြာအသက္လုေျပးေနရတဲ့သူေတြလည္းရွိလာတယ္လို႔ ဦးစိုင္းထြန္းဉာဏ္ကေျပာပါတယ္။

ပံုပုိးေဒသမွာ ျဖစ္ပြားေနတဲ့ စစ္ေ႐ွာင္ျပည္သူေတြကို အကူအညီေပးေနတဲ့ ေက်ာက္မဲတိုက္ပြဲေ႐ွာင္ေကာ္မတီအဖြဲ႔ဝင္ ကိုသားေဇာ္ေျပာျပတာကေတာ့ “လက္႐ွိကေတာ့ ႐ွိတာေလးနဲ႔ စစ္ေ႐ွာင္ေတြကုိကူညီေနရတာ၊ ပံုပုိးေဒသရဲ႕ေတာင္ထိပ္ဘုန္းႀကီးေက်ာင္းမွာ ထားတယ္။ ဒဏ္ရာရတဲ့သူေတာ့ သိပ္မ႐ွိပါဘူး”လို႔ ေျပာပါတယ္။

႐ွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(SNLD) လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းေတြက ႐ွမ္းျပည္နယ္အစုိးရကို စာတင္မယ့္ကိစၥဟာ ႐ုံးပိတ္ရက္ျဖစ္ေနေပမယ့္ လာ႐ႈိးၿမိဳ႕နယ္ဒု-အုပ္ခ်ဳပ္ေရးမွဴးေတြက စစ္ေဘးေရွာင္ေတြကိစၥျဖစ္တဲ့အတြက္ စီစဥ္ေပးေနတယ္လို႔ ႐ွမ္းျပည္နယ္အစုိးရ စီမံ/ဘ႑ာဝန္ႀကီး ဦးစုိးၫြန္႔လြင္က ေျပာပါတယ္။

“က်ေနာ္က မသိဘူး။ ႐ုံးပိတ္ရက္ အခုက မဲဆြယ္သြားေနတာ၊ အဲ့ကိစြေတြကုိ က်ေနာ္မသိဘူး။ လာ႐ႈိးၿမိဳ႕နယ္ဒု-အုပ္ခ်ဳပ္ေရးမွဴးက ကူညီေပးေနတယ္လုိ႔ ဖုန္းဆက္တယ္”လို႔ ဦးစိုးၫြန္႔လြင္ကေျပာပါတယ္။

လက္႐ွိအေျခအေနမွာေတာ့ စစ္ေဘးေ႐ွာင္ျပည္သူေတြကို ပုံပုိးေဒသ႐ွိ ခံခဲ၊ နာေဖာင္း၊ ဟဲဂ်ီ အစရွိတဲ့ ဘုန္းႀကီးေက်ာင္း (၇)ေက်ာင္းမွာ တိမ္းေ႐ွာင္ခုိလံႈေနရၿပီး ပရဟိတအဖြဲ႔အစည္းေတြရဲ႔ လႉဒါန္းမႈနဲ႔ေနထိုင္စားေသာက္ေနရတယ္လို႔ SNLDမွ အမွတ္(၂)ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းစုိင္းထြန္းညဏ္က ေျပာပါတယ္။

#voiceofmyanmar #VOM #ေက်ာက္မဲ #စစ္ေဘးေရွာင္ #SNLD

Related posts

Leave a Comment

VOM News

FREE
VIEW