Stay Homeသက်မှတ်ထားတဲ့လမ်းအနီးက နေအိမ်တစ်အိမ်မှာ မယားဖြစ်သူကို ခင်ပွန်းက ဓားနဲ့ထိုးသတ်

Stay Homeသက်မှတ်ထားတဲ့လမ်းအနီးက နေအိမ်တစ်အိမ်မှာ မယားဖြစ်သူကို ခင်ပွန်းက ဓားနဲ့ထိုးသတ်

အောက်တိုဘာ ၁၁-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးမြို့နယ်၊ ကျွန်းသာယာရပ်ကွက်၊ ဘိုတဲကုန်းရပ်ကွက်က နေအိမ်တစ်အိမ်မှာ မနေ့ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းက လင်မယားချင်း ရန်ဖြစ်ရာမှ မယားဖြစ်သူကို ခင်ပွန်းက ဓားနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့တယ်လို့ ပဲခူးမြို့ကျွန်းသာယာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

” စတေးဟုမ်း‌ လုပ်ထားတဲ့ လမ်းပိုင်းကပ်လျက်ကနေအိမ်မှာ ဖြစ်တာပါ။ ဇနီး‌မောင်နှံချင်းစကားများတော့ မိန်းကလေးက သနပ်ခါးတုံးနဲ့ပေါက်တယ်။ ဒါကို ခင်ပွန်းက ဓားနဲ့ထထိုးတာပါ။ ဆေးရုံပို့ပေမယ့် လမ်းမှာပဲဆုံးသွားတယ်”လို့ ကျွန်းသာယာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမျိုးထွဋ်ဇော်က ပြောပါတယ်။

ခင်ပွန်းဖြစ်သူ အသက်(၁၈ နှစ်)အရွယ်နဲ့ ဇနီးဖြစ်သူ အသက်(၁၉ နှစ်)တို့ဇနီးမောင်နှံဟာ နေအိမ်မှာ အတူရှိနေချိန် စကားများရန်ဖြစ်ခဲ့ကြရာမှ ဇနီးဖြစ်သူက သနပ်ခါးတုံးနဲ့ခေါင်းကို ပစ်ပေါက်ခဲ့တာကြောင့် ခင်ပွန်းဖြစ်သူ မိုးချစ်(ခ)အောင်မိုး(ခ)တရုတ်က အရိုးအသွား ၈ လက်မခန့်ရှိတဲ့ ဓားဦးချွန်နဲ့ ထိုးသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အမှုနဲ့ပတ်သက်လို့ မိုးချစ်(ခ) အောင်မိုး(ခ)တရုတ်ကို ပဲခူးမြို့နယ်၊ အမှတ်-၂ နယ်မြေရဲစခန်းက (ပ)၈၅၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၀၂အရ အမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ပဲခူးမြို့နယ်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှု မြှင့်တက်တာလာကြောင့် မြို့ပေါ်ရပ်ကွက်တွေကို စတေးဟုမ်းပြုလုပ်ထားတဲ့အပြင် လူစုလူဝေးမပြုလုပ်ဖို့ ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာနက သတိပေးမ‌ှုတွေ ပြုလုပ်ထားတာဖြစ်ပါတယ်။

အခုလို နေအိမ်အတွင်းမှာ လူသတ်မှုဖြစ်တာနဲ့ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်
ဆွေးနွေးရေးပညာရှင် ဒေါက်တာမျိုးမင်းဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ” ယနေ့ခေတ်မှာတော့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးလည်း အရေးကြီးနေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးထိခိုက်လာပါက ခံစားချက်နဲ့အပြုမူများကို မထိန်းနိုင်တဲ့အပြင် လူအချင်းချင်းအကြား ပေါင်းသင်းဆက်ဆံရေးလုပ်ငန်းများမှာပါ ထိခိုက်ဆုံးရှူံးမှူ ဖြစ်ပေါ်လာတတ်တယ်”လို့ သုံးသပ်ပြောဆိုပါတယ်။

ကိုဗစ်ဒုတိယလှိုင်းကာလမှာ အောက်ခြေလူတန်းစားအချို့ ကျန်းမာရေးသာမက စားဝတ်နေရေးပြဿနာတွေကိုပါ ကြုံတွေ့နေရ‌တာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ စိတ်ပညာရှင်အချို့က သုံးသပ်ပြောဆိုမှုရှိနေတယ့်အပြင်
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မကွေးတိုင်းအတွင်းမှာ နေအိမ်ကွာရန်တင်းဝင်နေတဲ့ အမျိုးသား ၁ဦး ကြိုးဆွဲချသေဆုံးမှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

Photo – ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #ပဲခူး #လူသတ်မှု

Zawgyi

Stay Homeသက္မွတ္ထားတဲ့လမ္းအနီးက ေနအိမ္တစ္အိမ္မွာ မယားျဖစ္သူကို ခင္ပြန္းက ဓားနဲ႔ထိုးသတ္

ေအာက္တိုဘာ ၁၁-၂၀၂၀
ေကာင္းလက္်ာ(VOM)

ပဲခူးၿမိဳ႕နယ္၊ ကြၽန္းသာယာရပ္ကြက္၊ ဘိုတဲကုန္းရပ္ကြက္က ေနအိမ္တစ္အိမ္မွာ မေန႔ ေအာက္တိုဘာ ၁၀ ရက္ေန႔ ညပိုင္းက လင္မယားခ်င္း ရန္ျဖစ္ရာမွ မယားျဖစ္သူကို ခင္ပြန္းက ဓားနဲ႔ထိုးသတ္မႈျဖစ္ပြားခဲ့တယ္လို႔ ပဲခူးၿမိဳ႕ကြၽန္းသာယာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန သိရပါတယ္။

” စေတးဟုမ္း‌ လုပ္ထားတဲ့ လမ္းပိုင္းကပ္လ်က္ကေနအိမ္မွာ ျဖစ္တာပါ။ ဇနီး‌ေမာင္ႏွံခ်င္းစကားမ်ားေတာ့ မိန္းကေလးက သနပ္ခါးတုံးနဲ႔ေပါက္တယ္။ ဒါကို ခင္ပြန္းက ဓားနဲ႔ထထုိးတာပါ။ ေဆး႐ုံပို႔ေပမယ့္ လမ္းမွာပဲဆုံးသြားတယ္”လို႔ ကြၽန္းသာယာရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးမ်ိဳးထြဋ္ေဇာ္က ေျပာပါတယ္။

ခင္ပြန္းျဖစ္သူ အသက္(၁၈ ႏွစ္)အရြယ္နဲ႔ ဇနီးျဖစ္သူ အသက္(၁၉ ႏွစ္)တို႔ဇနီးေမာင္ႏွံဟာ ေနအိမ္မွာ အတူရွိေနခ်ိန္ စကားမ်ားရန္ျဖစ္ခဲ့ၾကရာမွ ဇနီးျဖစ္သူက သနပ္ခါးတုံးနဲ႔ေခါင္းကို ပစ္ေပါက္ခဲ့တာေၾကာင့္ ခင္ပြန္းျဖစ္သူ မိုးခ်စ္(ခ)ေအာင္မိုး(ခ)တ႐ုတ္က အ႐ိုးအသြား ၈ လက္မခန႔္ရွိတဲ့ ဓားဦးခြၽန္နဲ႔ ထိုးသတ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အမႈနဲ႔ပတ္သက္လို႔ မိုးခ်စ္(ခ) ေအာင္မိုး(ခ)တ႐ုတ္ကို ပဲခူးၿမိဳ႕နယ္၊ အမွတ္-၂ နယ္ေျမရဲစခန္းက (ပ)၈၅၅/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၃၀၂အရ အမႈဖြင့္ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။

ပဲခူးၿမိဳ႕နယ္အတြင္း ကိုဗစ္ေရာဂါပိုးေတြ႕ရွိမႈ ျမွင့္တက္တာလာေၾကာင့္ ၿမိဳ႔ေပၚရပ္ကြက္ေတြကို စေတးဟုမ္းျပဳလုပ္ထားတဲ့အျပင္ လူစုလူေဝးမျပဳလုပ္ဖို႔ ပဲခူးတုိင္းက်န္းမာေရးဦးစီးဌာနက သတိေပးမ‌ႈေတြ ျပဳလုပ္ထားတာျဖစ္ပါတယ္။

အခုလို ေနအိမ္အတြင္းမွာ လူသတ္မႈျဖစ္တာနဲ႔ပတ္သက္ၿပီး စိတ္ပိုင္းဆိုင္ရာႏွစ္သိမ့္
ေဆြးေႏြးေရးပညာရွင္ ေဒါက္တာမ်ိဳးမင္းဦးကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ ” ယေန႔ေခတ္မွာေတာ့ ႐ုပ္ပိုင္းဆိုင္ရာက်န္းမာေရးသာမက စိတ္ပိုင္းဆိုင္ရာက်န္းမာေရးလည္း အေရးႀကီးေနၿပီး စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးထိခိုက္လာပါက ခံစားခ်က္နဲ႔အျပဳမူမ်ားကို မထိန္းႏိုင္တဲ့အျပင္ လူအခ်င္းခ်င္းအၾကား ေပါင္းသင္းဆက္ဆံေရးလုပ္ငန္းမ်ားမွာပါ ထိခိုက္ဆုံးရႉံးမႉ ျဖစ္ေပၚလာတတ္တယ္”လို႔ သုံးသပ္ေျပာဆိုပါတယ္။

ကိုဗစ္ဒုတိယလႈိင္းကာလမွာ ေအာက္ေျခလူတန္းစားအခ်ိဳ႕ က်န္းမာေရးသာမက စားဝတ္ေနေရးျပႆနာေတြကိုပါ ႀကဳံေတြ႕ေနရ‌တာေၾကာင့္ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြနဲ႔ပါ ရင္ဆိုင္ေနရတယ္လို႔ စိတ္ပညာရွင္အခ်ိဳ႕က သုံးသပ္ေျပာဆိုမႈရွိေနတယ့္အျပင္
ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း မေကြးတိုင္းအတြင္းမွာ ေနအိမ္ကြာရန္တင္းဝင္ေနတဲ့ အမ်ိဳးသား ၁ဦး ႀကိဳးဆြဲခ်ေသဆုံးမႈလည္း ျဖစ္ပြားခဲ့ပါေသးတယ္။

Photo – ရဲတပ္ဖြဲ႕
#voiceofmyanmar #VOM #ပဲခူး #လူသတ္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW