ကွာရန်တင်းစင်တာအပြင်ဘက်ထွက်ပြီး ရည်းစားဖြစ်သူနဲ့ချိန်းတွေ့တဲ့အမျိုးသားကို ဘေးစီမံအက်နဲ့ အမှုဖွင့်ထား

ကွာရန်တင်းစင်တာအပြင်ဘက်ထွက်ပြီး ရည်းစားဖြစ်သူနဲ့ချိန်းတွေ့တဲ့အမျိုးသားကို ဘေးစီမံအက်နဲ့ အမှုဖွင့်ထား

အောက်တိုဘာ ၁၃-၂၀၂၀
ကောင်းလက်ျာ(VOM)

မကွေးတိုင်း‌၊ ချောက်မြို့နယ်၊ အေးစေတီရပ်ကွက်၊ မဟာသာစည်သာသနာ့ရိပ်သာ ကွာရန်တင်းစင်တာမှာ အသွားအလာစောင့်ကြည့်ခံနေရတဲ့ အမျိုးသားတစ်ဦးဟာ ကွာရန်တင်းစင်တာအပြင်ဘက်ထွက်ပြီး ရည်စားဖြစ်သူနဲ့သွားရောက်တွေ့ဆုံခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်စီမံခန့် ခွဲမှုအက်ဥပဒေနဲ့ အမှုဖွင့်ခံလိုက်ရတယ်လို့ ချောက်မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။

” အမှုက ဖွင့်ထားပြီးပါပြီ။ တရားစွဲဆိုမှုကိစ္စကတော့ ခရိုင်နဲ့တိုင်းအဆင့်ဆင့်ကို ဆက်လက်တင်ပြထားရလို့ ရုံးတင်လို့မရသေးပါဘူး”လို့ ချောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့မနက်ပိုင်းမှာ မဟာစည်သာသနာ့ရိပ်သာ Quarnatineကို ရန်ကုန်ကနေပြန်လာ‌တာကြောင့် စောင့်ကြည့်ခံနေရတဲ့ အသက် ၃၆ နှစ်အရွယ် ကုန်တင်ယာဉ်မောင်းအမျိုးသားဟာ အဲ့ဒီနေ့ ည ၉ နာရီခွဲလောက်မှာ စခန်းပြင်ပထွက်လာတာကို လုံခြုံ
ရေးအဖွဲ့က တွေ့ရှိမေးမြန်းရာ ရည်းစားနဲ့တွေ့ဖို့ ထွက်လာတာကို သိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအမျိုးသားကို အောက်တိုဘာ ၁၂ ရက်နေ့မှာ Task Kit နဲ့ကိုဗစ်ပိုးစစ်ဆေးရာမှာတော့ ရောဂါပိုးမတွေ့ရပေမယ့် ကွာရန်တင်းစင်တာပြင်ပကို သိလျက်နဲ့တမင်ထွက်လာခဲ့တဲ့ ယာဉ်မောင်းအမျိုးသားကို အရေးယူပေးဖို့ ချောက်မြို့ သဘာဝဘေးအန္တရယ်စီမံခန့်ခွဲမှုအဖွဲ့က တာဝန်ရှိသူတစ်ဦး တရားလိုပြုလုပ် တိုင်တန်းခဲ့တာဖြစ်တယ်လို့ ချောက်မြို့မရဲစခန်းကနေ သိရပါတယ်။

အမှုနဲ့ပတ်သက်လို့ အသက် ၃၆နှစ်အရွယ် အမျိုးသားကို ချောက်မြို့မရဲစခန်းမှ (ပ)၂၃၁/၂၀၂၀ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအက်ဥပဒေပုဒ်မ-၂၅ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ချောက် #ကွာရန်တင်း

Zawgyi

ကြာရန္တင္းစင္တာအျပင္ဘက္ထြက္ၿပီး ရည္းစားျဖစ္သူနဲ႔ခ်ိန္းေတြ႕တဲ့အမ်ိဳးသားကို ေဘးစီမံအက္နဲ႔ အမႈဖြင့္ထား

ေအာက္တိုဘာ ၁၃-၂၀၂၀
ေကာင္းလက္်ာ(VOM)

မေကြးတိုင္း‌၊ ေခ်ာက္္ၿမိဳ႕နယ္၊ ေအးေစတီရပ္ကြက္၊ မဟာသာစည္သာသနာ့ရိပ္သာ ကြာရန္တင္းစင္တာမွာ အသြားအလာေစာင့္ၾကည့္ခံေနရတဲ့ အမ်ိဳးသားတစ္ဦးဟာ ကြာရန္တင္းစင္တာအျပင္ဘက္ထြက္ၿပီး ရည္စားျဖစ္သူနဲ႔သြားေရာက္ေတြ႕ဆံုခဲ့တာေၾကာင့္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ ခြဲမႈအက္ဥပေဒနဲ႔ အမႈဖြင့္ခံလိုက္ရတယ္လို႔ ေခ်ာက္္ၿမိဳ႕နယ္အေထြ‌ေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကေန သိရပါတယ္။

” အမႈက ဖြင့္ထားၿပီးပါၿပီ။ တရားစြဲဆိုမႈကိစၥကေတာ့ ခ႐ိုင္နဲ႔တိုင္းအဆင့္ဆင့္ကို ဆက္လက္တင္ျပထားရလို႔ ႐ုံးတင္လို႔မရေသးပါဘူး”လို႔ ေခ်ာက္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

ေအာက္တိုဘာလ ၁၁ ရက္ေန႔မနက္ပိုင္းမွာ မဟာစည္သာသနာ့ရိပ္သာ Quarnatineကို ရန္ကုန္ကေနျပန္လာ‌တာေၾကာင့္ ေစာင့္ၾကည့္ခံေနရတဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ ကုန္တင္ယာဥ္ေမာင္းအမ်ိဳးသားဟာ အဲ့ဒီေန႔ ည ၉ နာရီခြဲေလာက္မွာ စခန္းျပင္ပထြက္လာတာကို လုံၿခဳံ
ေရးအဖြဲ႕က ေတြ႕ရွိေမးျမန္းရာ ရည္းစားနဲ႔ေတြ႕ဖို႔ ထြက္လာတာကို သိရွိခဲ့ရတာျဖစ္တယ္လို႔ သိရပါတယ္။

အဲ့ဒီအမ်ိဳးသားကို ေအာက္တိုဘာ ၁၂ ရက္ေန႔မွာ Task Kit နဲ႔ကိုဗစ္ပိုးစစ္ေဆးရာမွာေတာ့ ေရာဂါပိုးမေတြ႕ရေပမယ့္ ကြာရန္တင္းစင္တာျပင္ပကို သိလ်က္နဲ႔တမင္ထြက္လာခဲ့တဲ့ ယာဥ္ေမာင္းအမ်ိဳးသားကို အေရးယူေပးဖို႔ ေခ်ာက္ၿမိဳ႕ သဘာဝေဘးအႏၲရယ္စီမံခန႔္ခြဲမႈအဖြဲ႕က တာဝန္ရွိသူတစ္ဦး တရားလိုျပဳလုပ္ တိုင္တန္းခဲ့တာျဖစ္တယ္လုိ႔ ေခ်ာက္ၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

အမႈနဲ႔ပတ္သက္လို႔ အသက္ ၃၆ႏွစ္အရြယ္ အမ်ိဳးသားကို ေခ်ာက္ၿမိဳ႕မရဲစခန္းမွ (ပ)၂၃၁/၂၀၂၀ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စိီမံခန႔္ခြဲမႈအက္ဥပေဒပုဒ္မ-၂၅ နဲ႔ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေခ်ာက္ #ကြာရန္တင္း

Related posts

Leave a Comment

VOM News

FREE
VIEW