ဝှေခါကျေးရွာမှာ တန်နဲ့ချီတဲ့ ကျောက်စိမ်းတုံးတွေ့ရှိ

ဝှေခါကျေးရွာမှာ တန်နဲ့ချီတဲ့ ကျောက်စိမ်းတုံးတွေ့ရှိ

အောက်တိုဘာ-၁၃-၂၀၂၀
ဇော်မိုးထက်(VOM )

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု၊ ဝှေခါကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်ဟောင်းအတွင်းမှာ အလေးချိန်တစ်တန်ကျော်ရှိတဲ့ ကျောက်စိမ်းတုံး တစ်တုံးကို မနေ့ အောက်တိုဘာ ၁၂ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့တယ်လို့ ဝှေခါကျေးရွာ ဒေသခံတွေဆီကနေ သိရပါတယ် ။

အဲ့ဒီကျောက်စိမ်းတုံးကို တပိုင်တနိုင်ကျောက်စိမ်းတူးဖော်နေတဲ့ ရေမဆေးသမားတွေက တွေ့ရှိခဲ့တာလို့ သိရပြီး စတင်တွေ့ရှိတဲ့ ရေမဆေးသမားတွေဟာ ကျောက်စိမ်းမျိုးနွယ် မဟုတ်ဘဲ သာမန်ကျောက်တုံးဖြစ်နေတာကြောင့် မယူပဲထားခဲ့တယ်လို့ ရေမဆေးသမားတွေက ပြောပါတယ်။

ဝှေခါကျေးရွာတာဝန်ခံ ဦးကျော်မင်းကတော့ ” ကျောက်စိမ်းမဟုတ်ဘူးဗျ ။ အလေးချိန်ကတော့ ပိဿာချိန် ရှစ်ရာလောက်တော့ရှိမယ် ။ တပ်နဲ့ ရဲကတော့ လုံခြုံရေးယူထားတယ် “လို့ပြောပါတယ်။

ကျောက်စိမ်းတုံးကြီးတွေ့ရှိခဲ့တဲ့နေရာဟာ ဇူလိုင်လ ၂ရက် နေ့မနက်ပိုင်းက လုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် တပိုင်တနိုင်ကျောက်တူးသူ ရေမဆေးလုပ်သားပေါင်း နှစ်ရာနီးပါး သေဆုံးခဲ့ပြီး ဆက်လက်ပြိုနိုင်တဲ့ အန္တရယ်ရှိတာကြောင့် ကျောက်စိမ်းမတူးဖို့ တားမြစ်ထားတဲ့နေရာဖြစ်ပါတယ်။

အခုကျောက်စိမ်းတုံးကြီး တွေ့ရှိခဲ့တဲ့နေရာအနီးမှာပဲ ၂၀၁၈ခုနှစ်ဇန်နဝါရီလ ၁၉ရက်နေ့က အလေးချိန် 1100kgရှိတဲ့ အရည်အသွေးမြင့် အရည်ကျောက်စိမ်းတုံးကြီး ထွက်ခဲ့တာလည်းဖြစ်ပါတယ် ။

အဲ့ဒီ ကျောက်စိမ်းတုံးစတင်တွေ့ရှိခဲ့တဲ့ ရေမဆေးသမားတွေကို ကျပ်သိန်းပေါင်းတသောင်းနှစ်ထောင့်ငါးရာ (၁၂၅၀၀)နဲ့ ဈေးဖြတ်ပြီး ကုမ္မဏီတခုက ဝယ်ယူသွားခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #ကျောက်စိမ်းတုံးတွေ့

Zawgyi

ေဝွခါေက်း႐ြာမွာ တန္နဲ႔ခ်ီတဲ့ ေက်ာက္စိမ္းတုံးေတြ႕ရွိ

ေအာက္တိုဘာ-၁၃-၂၀၂၀
ေဇာ္မိုးထက္(VOM )

ကခ်င္ျပည္နယ္၊ မိုးညႇင္းခ႐ိုင္၊ ဖားကန႔္ၿမိဳ႕နယ္၊ ဆိပ္မူအုပ္စု၊ ေဝွခါေက်း႐ြာအနီးက ေက်ာက္စိမ္းလုပ္ကြက္ေဟာင္းအတြင္းမွာ အေလးခ်ိန္တစ္တန္ေက်ာ္ရွိတဲ့ ေက်ာက္စိမ္းတုံး တစ္တုံးကို မေန႔ ေအာက္တိုဘာ ၁၂ရက္ေန႔ ညေနပိုင္းက ေတြ႕ရွိခဲ့တယ္လို႔ ေဝွခါေက်းရြာ ေဒသခံေတြဆီကေန သိရပါတယ္ ။

အဲ့ဒီေက်ာက္စိမ္းတုံးကို တပိုင္တႏိုင္ေက်ာက္စိမ္းတူးေဖာ္ေနတဲ့ ေရမေဆးသမားေတြက ေတြ႕ရွိခဲ့တာလို႔ သိရၿပီး စတင္ေတြ႕ရွိတဲ့ ေရမေဆးသမားေတြဟာ ေက်ာက္စိမ္းမ်ိဳးႏြယ္ မဟုတ္ဘဲ သာမန္ေက်ာက္တုံးျဖစ္ေနတာေၾကာင့္ မယူပဲထားခဲ့တယ္လို႔ ေရမေဆးသမားေတြက ေျပာပါတယ္။

ေဝွခါေက်း႐ြာတာဝန္ခံ ဦးေက်ာ္မင္းကေတာ့ ” ေက်ာက္စိမ္းမဟုတ္ဘူးဗ် ။ အေလးခ်ိန္ကေတာ့ ပိႆာခ်ိန္ ရွစ္ရာေလာက္ေတာ့ရွိမယ္ ။ တပ္နဲ႔ ရဲကေတာ့ လုံၿခဳံေရးယူထားတယ္ “လို ႔ေျပာပါတယ္။

ေက်ာက္စိမ္းတုံးႀကီးေတြ႕ရွိခဲ့တဲ့ေနရာဟာ ဇူလိုင္လ ၂ရက္ ေန႔မနက္ပိုင္းက လုပ္ကြက္ ကမ္းပါးၿပိဳက်မႈေၾကာင့္ တပိုင္တႏိုင္ေက်ာက္တူးသူ ေရမေဆးလုပ္သားေပါင္း ႏွစ္ရာနီးပါး ေသဆုံးခဲ့ၿပီး ဆက္လက္ၿပိဳႏိုင္တဲ့ အႏၲရယ္ရွိတာေၾကာင့္ ေက်ာက္စိမ္းမတူးဖို႔ တားျမစ္ထားတဲ့ေနရာျဖစ္ပါတယ္။

အခုေက်ာက္စိမ္းတုံးႀကီး ေတြ႕ရွိခဲ့တဲ့ေနရာအနီးမွာပဲ ၂၀၁၈ခုႏွစ္ဇန္နဝါရီလ ၁၉ရက္ေန႔က အေလးခ်ိန္ 1100kgရွိတဲ့ အရည္အေသြးျမင့္ အရည္ေက်ာက္စိမ္းတုံးႀကီး ထြက္ခဲ့တာလည္းျဖစ္ပါတယ္ ။

အဲ့ဒီ ေက်ာက္စိမ္းတုံးစတင္ေတြ႕ရွိခဲ့တဲ့ ေရမေဆးသမားေတြကို က်ပ္သိန္းေပါင္းတေသာင္းႏွစ္ေထာင့္ငါးရာ (၁၂၅၀၀)နဲ႔ ေစ်းျဖတ္ၿပီး ကုမၼဏီတခုက ဝယ္ယူသြားခဲ့တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ဖားကန္႔ #ေက်ာက္စိမ္းတံုးေတြ႕

Related posts

Leave a Comment

VOM News

FREE
VIEW