အောင်သာစည်ရွာအနီး တပ်နဲ့ အေအေတိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုရှိပြီး နေအိမ်တစ်ချို့ မီးလောင်

အောင်သာစည်ရွာအနီး တပ်နဲ့ အေအေတိုက်ပွဲပြင်းထန်၊ လေကြောင်းတိုက်ခိုက်မှုရှိပြီး နေအိမ်တစ်ချို့ မီးလောင်

အောက်တိုဘာ ၁၃- ၂၀၂၀
ထက်အောင်စိုင်း(VOM)

ရသေ့တောင်မြို့နယ်၊ အောင်သာစည်ရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းက တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းအချိန်ထိ ပစ်ခတ်သံတွေကြားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁၃ရက်နေ့ မနက် ၉ နာရီလောက်မှာ ပစ်ခတ်သံတွေပိုပြင်းလာပြီးနောက် ဂျက်တိုက်လေယာဉ်(၂) စီးနဲ့ အောင်သာစည်ကျေးရွာအနီးတစ်ဝိုက်ကို မိနစ် (၃၀) ကြာပစ်ခတ်တာတွေရှိတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်က ဒေသခံတစ်ဦးပြောတာက” မနက်ကတည်းက ပစ်သံတွေကြားနေရတာပါ။ အခုလည်း လက်နက်ကြီး ပစ်သံတွေ အများကြီး ကြားရပါတယ်။ ဂျက်တိုက်လေယာဉ်တွေနဲ့လည်း လာပစ်တာရှိပါတယ်။ ပထမဆုံးအကြိမ်လာပစ်တုန်းက (၂) စီး၊ မကြာသေးမီက (၄) စီးနဲ့ လာပစ်သွားပါတယ်”လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ မနက် ၆ နာရီလောက်ကတည်းက ပစ်ခတ်သံတွေကြားရကြောင်းနဲ့ လက်နက်ကြီးကျရောက်မှုကြောင့် အောင်သာစည်ကျေးရွာအတွင်းက နေအိမ် တစ်ဆောင်၊ နှစ်ဆောင်လောက်မီးလောင်သွားတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့ကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ဖုန်းလက်ခံ ဖြေကြားတာမရှိသေးတဲ့အတွက် အဆက်အသွယ်ရရှိဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ရက်စွဲနဲ့ တပ်မတော်ဖက်က ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတစ်ဝိုက် ထီးစွဲကျေးရွာအနီးက အေအေက ခြေကုတ်ယူထားတဲ့ စိုးမိုးတောင်ကုန်ကို အောက်တိုဘာလ ၄ ရက်နေ့မှာ တပ်မတော်ဖက်ကနေ အပြီးတိုင်သိမ်းပိုက်ရရှိခဲ့တယ်လို့ထုတ်ပြန်ချက်တစ်ခုကို ဖော်ပြထားတာလည်းရှိပါတယ်။

ဒီကနေ့ဖြစ်ပွားတဲ့တိုက်ပွဲကလည်း ရသေ့တောင်မြို့နယ်၊အောင်သာစည်ရွာအနီးက စိုးမိုးတောင်ကုန်းကိစ္စနဲ့ပတ်သက်ပြီး တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရသေ့တောင်

Zawgyi

ေအာင္သာစည္႐ြာအနီး တပ္နဲ႔ ေအေအတိုက္ပြဲျပင္းထန္၊ ေလေၾကာင္းတိုက္ခိုက္မႈရွိၿပီး ေနအိမ္တစ္ခ်ိဳ႕ မီးေလာင္

ေအာက္တိုဘာ ၁၃- ၂၀၂၀
ထက္ေအာင္စိုင္း(VOM)

ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္ရြာအနီးမွာ ဒီကေန႔ မနက္ပိုင္းက တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲ အျပင္းအထန္ျဖစ္ပြားခဲ့ၿပီး ညေနပိုင္းအခ်ိန္ထိ ပစ္ခတ္သံေတြၾကားေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဒီကေန႔ ေအာက္တိုဘာ ၁၃ရက္ေန႔ မနက္ ၉ နာရီေလာက္မွာ ပစ္ခတ္သံေတြပိုျပင္းလာၿပီးေနာက္ ဂ်က္တိုက္ေလယာဥ္(၂) စီးနဲ႔ ေအာင္သာစည္ေက်း႐ြာအနီးတစ္ဝိုက္ကို မိနစ္ (၃၀) ၾကာပစ္ခတ္တာေတြရွိတယ္လို႔ မ်က္ျမင္ေဒသခံေတြက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္က ေဒသခံတစ္ဦးေျပာတာက” မနက္ကတည္းက ပစ္သံေတြၾကားေနရတာပါ။ အခုလည္း လက္နက္ႀကီး ပစ္သံေတြ အမ်ားႀကီး ၾကားရပါတယ္။ ဂ်က္တိုက္ေလယာဥ္ေတြနဲ႔လည္း လာပစ္တာရွိပါတယ္။ ပထမဆုံးအႀကိမ္လာပစ္တုန္းက (၂) စီး၊ မၾကာေသးမီက (၄) စီးနဲ႔ လာပစ္သြားပါတယ္”လို႔ ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ မနက္ ၆ နာရီေလာက္ကတည္းက ပစ္ခတ္သံေတြၾကားရေၾကာင္းနဲ႔ လက္နက္ႀကီးက်ေရာက္မႈေၾကာင့္ ေအာင္သာစည္ေက်း႐ြာအတြင္းက ေနအိမ္ တစ္ေဆာင္၊ ႏွစ္ေဆာင္ေလာက္မီးေလာင္သြားတယ္လို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ၾကားေရးအဖြဲ႕ကို ဖုန္းဆက္သြယ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္ထိ ဖုန္းလက္ခံ ေျဖၾကားတာမရွိေသးတဲ့အတြက္ အဆက္အသြယ္ရရွိဖို႔ ႀကိဳးစားေနဆဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၄ ရက္ေန႔ရက္စြဲနဲ႔ တပ္မေတာ္ဖက္က ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်း႐ြာတစ္ဝိုက္ ထီးစြဲေက်း႐ြာအနီးက ေအေအက ေျခကုတ္ယူထားတဲ့ စိုးမိုးေတာင္ကုန္ကို ေအာက္တိုဘာလ ၄ ရက္ေန႔မွာ တပ္မေတာ္ဖက္ကေန အၿပီးတိုင္သိမ္းပိုက္ရရွိခဲ့တယ္လို႔ထုတ္ျပန္ခ်က္တစ္ခုကို ေဖာ္ျပထားတာလည္းရွိပါတယ္။

ဒီကေန႔ျဖစ္ပြားတဲ့တိုက္ပြဲကလည္း ရေသ့ေတာင္ၿမိဳ႔နယ္၊ေအာင္သာစည္ရြာအနီးက စိုးမိုးေတာင္ကုန္းကိစၥနဲ႔ပတ္သက္ၿပီး တစ္ေက်ာ့ျပန္တိုက္ပြဲျဖစ္ပြားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ရေသ့ေတာင္

Related posts

Leave a Comment

VOM News

FREE
VIEW