ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရ

ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရ

လစ္စဘွန်း၊ အောက်တိုဘာ-၁၄-၂၀၂၀
မျိုးဆက် (VOM)

ပေါ်တူဂီအသင်းနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုဟာ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံနေရတယ်လို့ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာ ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ရော်နယ်ဒိုဟာ အောက်တိုဘာ ၁၄ ရက်မှာ ကစားရမယ့် နိုင်ငံတကာပွဲစဉ်ဖြစ်တဲ့ ဆွီဒင်နဲ့ ပွဲစဉ်ကို လွဲချှော်မှာဖြစ်တယ်လို့ အဖွဲ့ချုပ်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုဟာ Ballon d’Or ဆုကို ငါးကြိမ်ဆွတ်ခူးထားသူဖြစ်ပြီး ပြင်သစ်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ပွဲစဉ်ကို ပါရီမှာ အောက်တိုဘာ ၁၁ ရက်က ကစားခဲ့ပါတယ်။

သူ့မှာ ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်းသိရှိပြီးနောက် ပေါ်တူဂီအသင်းနဲ့ ပြင်သစ်အသင်းသားတွေကို စစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရမှုမရှိကြောင်း သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေက ထုတ်ပြန်ထားပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၁၀၁ ဂိုးသွင်းယူပေးထားပြီး အုပ်စုဗိုလ်ဖြစ်ဖို့ရည်ရွယ်ထားတဲ့ ဆွီဒင်နဲ့ပွဲစဉ်မှာ ပါဝင်နိုင်ခြင်းမရှိတော့လို့ အသင်းအတွက် အကြီးအကျယ်ဆုံးရှုံးမှုဖြစ်ပါတယ်။

သူဟာ ၁၀ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ဘောလုံးပြန်လည်မကစားမီ ရောဂါကင်းရှင်းတဲ့ အထောက်အထားပြရမယ်လို့ စီးရီးအေဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတာကြောင့် ဂျူဗင်တပ်အသင်းအတွက်လည်း အကြီးအကျယ် ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။

Ref : CNA
Photo:Reuters
#voiceofmyanmar #VOM #လစ္စဘွန်း

Zawgyi

ဂ်ဴဗင္တပ္တိုက္စစ္မွဴး ေရာ္နယ္ဒို ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံေနရ

လစၥဘြန္း၊ ေအာက္တိုဘာ-၁၄-၂၀၂၀
မ်ိဳးဆက္ (VOM)

ေပၚတူဂီအသင္းနဲ႔ ဂ်ဴဗင္တပ္တိုက္စစ္မွဴး ခရစ္စတီယာနို္ ေရာ္နယ္ဒိုဟာ ကိုဗစ္-၁၉ေရာဂါ ကူးစက္ခံေနရတယ္လို႔ ေပၚတူဂီ ေဘာလံုးအဖြဲ႔ခ်ဳပ္က ေအာက္တိုဘာ ၁၃ ရက္မွာ ေၾကညာလိုက္ပါတယ္။

ဗိုင္းရပ္စ္ကူးစက္ခံထားရတဲ႔ ေရာ္နယ္ဒိုဟာ ေအာက္တိုဘာ ၁၄ ရက္မွာ ကစားရမယ္႔ နိုင္ငံတကာပြဲစဥ္ျဖစ္တဲ႔ ဆြီဒင္နဲ႔ ပြဲစဥ္ကို လြဲေခွ်ာ္မွာျဖစ္တယ္လို႔ အဖြဲ႔ခ်ဳပ္ရဲ႕ ၀က္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

အသက္ ၃၅ နွစ္အရြယ္ ေရာ္နယ္ဒိုဟာ Ballon d’Or ဆုကို ငါးၾကိမ္ဆြတ္ခူးထားသူျဖစ္ျပီး ျပင္သစ္အသင္းနဲ႔ ေပၚတူဂီအသင္းတို႔ရဲ႕ ပြဲစဥ္ကို ပါရီမွာ ေအာက္တိုဘာ ၁၁ ရက္က ကစားခဲ႔ပါတယ္။

သူ႔မွာ ကိုဗစ္-၁၉ ကူးစက္ခံေနရေၾကာင္းသိရိွျပီးေနာက္ ေပၚတူဂီအသင္းနဲ႔ ျပင္သစ္အသင္းသားေတြကို စစ္ေဆးခဲ႔ရာ ဗိုင္းရပ္စ္ကူးစက္ခံရမႈမရိွေၾကာင္း သက္ဆိုင္ရာ ေဘာလံုးအဖြဲ႔ခ်ဳပ္ေတြက ထုတ္ျပန္ထားပါတယ္။

ေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္းအတြက္ ၁၀၁ ဂိုးသြင္းယူေပးထားျပီး အုပ္စုဗိုလ္ျဖစ္ဖို႔ရည္ရြယ္ထားတဲ႔ ဆြီဒင္နဲ႔ပြဲစဥ္မွာ ပါ၀င္နိုင္ျခင္းမရိွေတာ႔လို႔ အသင္းအတြက္ အၾကီးအက်ယ္ဆံုးရံႈးမႈျဖစ္ပါတယ္။

သူဟာ ၁၀ ရက္ၾကာ ကြာရန္တင္း၀င္ရမွာျဖစ္ျပီး ေဘာလံုးျပန္လည္မကစားမီ ေရာဂါကင္းရွင္းတဲ႔ အေထာက္အထားျပရမယ္လို႔ စီးရီးေအေဘာလံုးအဖြဲ႔ခ်ဳပ္က သတ္မွတ္ထားတာေၾကာင္႔ ဂ်ဴဗင္တပ္အသင္းအတြက္လည္း အၾကီးအက်ယ္ ထိုးနွက္ခ်က္တစ္ခုျဖစ္ပါတယ္။

Ref : CNA
Photo:Reuters
#voiceofmyanmar #VOM #လစၥဘြန္း

Related posts

Leave a Comment

VOM News

FREE
VIEW