NLDပါတီမဲဆွယ်တဲ့ ကားအမိုးပေါ်ကို လူတင်ပေးချိန် အရှိန်မထိန်းနိုင်ဘဲပြုတ်ကျရာ လူ ၁ ယောက် ကားကြိတ်မိပြီး သေဆုံး

NLDပါတီမဲဆွယ်တဲ့ ကားအမိုးပေါ်ကို လူတင်ပေးချိန် အရှိန်မထိန်းနိုင်ဘဲပြုတ်ကျရာ လူ ၁ ယောက် ကားကြိတ်မိပြီး သေဆုံး

အောက်တိုဘာ ၁၆-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်၊ ကုလားကြီးအုပ်စု၊ တပါယ်အင်းကျေးရွာမှာ အောက်တိုဘာ ၁၅ရက် ညနေပိုင်းက NLDပါတီမဲဆွယ်တဲ့ ကားအမိုးပေါ်ကို လူတင်ပေးချိန် အရှိန်မထိန်းနိုင်ဘဲပြုတ်ကျရာ လူ ၁ ယောက် ကားကြိတ်မိပြီး သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ်ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

တပါယ်အင်းကျေးရွာက ကိုထွန်းဝေဆိုသူဟာ DYNAကားကို ရွာလယ်လမ်းမပေါ် မောင်းထွက်လာတဲ့အချိန် ကိုမောင်နိုင် ဆိုသူက တရွာတည်းနေ မောင်ရှိုင်းဝဏ္ဏဆိုသူကို ကားအမိုးပေါ်တင်ပေးခဲ့ရာ ကိုမောင်နိုင်ဟာ အရှိန်မထိန်းနိုင် လဲကျပြီး ကားရဲ့ဘယ်ဘက်နောက်ဘီးနဲ့ ကြိတ်မိကာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

” သေဆုံးသူ ကိုမောင်နိုင် အသက် ၄၂ နှစ် ဖြစ်ပါတယ်၊ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့် အရေးယူထားတယ် ၊ ချောင်းဦးမြို့မရဲစခန်း ယာဉ် (ပ) ၆၂ / ၂၀၂၀ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄ – က အရဖြစ်တယ်”လို့ ချောင်းဦးမြို့မရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ အောင်နိုင်ရေးအတွက် ပါတီကို ဝန်းရံထောက်ခံသူတွေဟာ ကား ၊ ဆိုင်ကယ် ၊ စက်ဘီးတွေကိုအသုံးပြုပြီး စက်တင်ဘာ ၈ ရက်နောက်ပိုင်းမှာ မဲဆွယ်စည်းရုံးရေးတွေကို နေရာအနှံ့ပြုလုပ်လာတာဖြစ်ပါတယ်။

အလားတူ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းလမ်းမှာ ထော်လာဂျီယာဉ် တိမ်းမှောက်ပြီး လူတစ်ဒါဇင်ကျော် ဒဏ်ရာတွေရခဲ့တဲ့အပြင် အဲ့ဒီထဲက လူတစ်ယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဘုတလင် ၊ အရာတော် ၊ ချောင်းဦးမြို့နယ်တွေမှာလည်း ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးတာတွေရှိသလို ကန့်ဘလူမြို့နယ်မှာလည်း ပါတီအောင်နိုင်ရေးသီချင်းဖွင့်တဲ့ကားပေါ်မှာ မီးစက်ကနေ မီးထလောင်ခဲ့တာကြောင့် ပါတီဝန်းရံထောက်ခံသူတွေ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ချောင်းဦး #ပါတီမဲဆွယ်ကား #လူတစ်ဦးပြုတ်ကျသေဆုံး

Zawgyi

NLDပါတီမဲဆြယ္တဲ့ ကားအမိုးေပၚကို လူတင္ေပးခ်ိန္ အရွိန္မထိန္းႏိုင္ဘဲျပဳတ္က်ရာ လူ ၁ ေယာက္ ကားႀကိတ္မိၿပီး ေသဆုံး

ေအာက္တိုဘာ ၁၆-၂၀၂၀
ကိုတိုးႀကီး(VOM)

စစ္ကိုင္းတိုင္း ၊ ေခ်ာင္းဦးၿမိဳ႔နယ္၊ ကုလားႀကီးအုပ္စု၊ တပါယ္အင္းေက်း႐ြာမွာ ေအာက္တိုဘာ ၁၅ရက္ ညေနပိုင္းက NLDပါတီမဲဆြယ္တဲ့ ကားအမိုးေပၚကို လူတင္ေပးခ်ိန္ အရွိန္မထိန္းႏိုင္ဘဲျပဳတ္က်ရာ လူ ၁ ေယာက္ ကားႀကိတ္မိၿပီး ေသဆုံးခဲ့တယ္လို႔ ေခ်ာင္းဦးၿမိဳ႕နယ္ရဲတပ္ဖြဲ႕႐ုံးကေန သိရပါတယ္။

တပါယ္အင္းေက်း႐ြာက ကိုထြန္းေဝဆိုသူဟာ DYNAကားကို ႐ြာလယ္လမ္းမေပၚ ေမာင္းထြက္လာတဲ့အခ်ိန္ ကိုေမာင္ႏိုင္ ဆိုသူက တ႐ြာတည္းေန ေမာင္ရႈိင္းဝဏၰဆိုသူကို ကားအမိုးေပၚတင္ေပးခဲ့ရာ ကိုေမာင္ႏိုင္ဟာ အရွိန္မထိန္းႏိုင္ လဲက်ၿပီး ကားရဲ႕ဘယ္ဘက္ေနာက္ဘီးနဲ႔ ႀကိတ္မိကာ ေသဆုံးသြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

” ေသဆုံးသူ ကိုေမာင္ႏိုင္ အသက္ ၄၂ ႏွစ္ ျဖစ္ပါတယ္၊ ယာဥ္ေမာင္းျဖစ္သူကို အမႈဖြင့္ အေရးယူထားတယ္ ၊ ေခ်ာင္းဦးၿမိဳ႕မရဲစခန္း ယာဥ္ (ပ) ၆၂ / ၂၀၂၀ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၀၄ – က အရျဖစ္တယ္”လို႔ ေခ်ာင္းဦးၿမိဳ႕မရဲစခန္းက ရဲဝန္ထမ္းတစ္ေယာက္က ေျပာပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ NLD ပါတီ ေအာင္ႏိုင္ေရးအတြက္ ပါတီကို ဝန္းရံေထာက္ခံသူေတြဟာ ကား ၊ ဆိုင္ကယ္ ၊ စက္ဘီးေတြကိုအသုံးျပဳၿပီး စက္တင္ဘာ ၈ ရက္ေနာက္ပိုင္းမွာ မဲဆြယ္စည္း႐ုံးေရးေတြကို ေနရာအႏွံ႔ျပဳလုပ္လာတာျဖစ္ပါတယ္။

အလားတူ မႏၲေလးတိုင္း၊ သပိတ္က်င္းၿမိဳ႕နယ္၊ တေကာင္းလမ္းမွာ ေထာ္လာဂ်ီယာဥ္ တိမ္းေမွာက္ၿပီး လူတစ္ဒါဇင္ေက်ာ္ ဒဏ္ရာေတြရခဲ့တဲ့အျပင္ အဲ့ဒီထဲက လူတစ္ေယာက္ ေသဆုံးခဲ့ပါတယ္။

ဒါ့အျပင္ ဘုတလင္ ၊ အရာေတာ္ ၊ ေခ်ာင္းဦးၿမိဳ႕နယ္ေတြမွာလည္း ယာဥ္မေတာ္တဆမႈေၾကာင့္ လူေသဆုံးတာေတြရွိသလို ကန႔္ဘလူၿမိဳ႕နယ္မွာလည္း ပါတီေအာင္ႏိုင္ေရးသီခ်င္းဖြင့္တဲ့ကားေပၚမွာ မီးစက္ကေန မီးထေလာင္ခဲ့တာေၾကာင့္ ပါတီဝန္းရံေထာက္ခံသူေတြ မီးေလာင္ဒဏ္ရာေတြ ရရွိခဲ့တဲ့ျဖစ္စဥ္ေတြလည္း ျဖစ္ပြားခဲ့ပါေသးတယ္။

#voiceofmyanmar #VOM #ေခ်ာင္းဦး #ပါတီမဲဆြယ္ကား #လူတစ္ဦးျပဳတ္က်ေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW