ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှသာ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်မယ်

ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှသာ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်မယ်

အောက်တိုဘာ ၁၇-၂၀၂၀
သိင်္ဂီ (VOM)

ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ပြီး ရောဂါထိန်းချုပ်နိုင်ချိန်ရောက်မှသာ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်မယ့် အခြေအနေဖြစ်နေတယ်လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

လက်ရှိ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် အခြေခံပညာကျောင်းတွေကို ပိတ်ထားရဆဲဖြစ်တဲ့အပြင် ကျောင်းပြန်ဖွင့်မယ့်ရက်ကိုလည်း အတိအကျမထုတ်ပြန်နိုင်တဲ့အခြေအနေ ဖြစ်နေပါတယ် ။

” ကာကွယ်ဆေးပေါ်ပြီး အကုန်လုံးကို ထိုးနှံနိုင်ပြီး ကျောင်းတွေလည်းဖွင့်လို့ရပြီ အပ်နှံနိုင်ပါပြီဆိုရင် ဆရာတို့ ဖွင့်မယ်။ အထူးအခြေအနေဆိုတော့ အထူးစဉ်းစားမှာပေါ့။ စာသင်ချိန်က ၉ လဖြစ်ချင်မှဖြစ်မယ်။ မြို့ကျောင်းတွေက နဂိုထဲက ၉ လအပြည့်စာမသင်ကြဘူး။ ကျောင်းတွေ တစ်နှစ်လောက်နားရတဲ့အခြေအနေလားဆိုတာလည်း ပြောလို့မရသေးပါဘူး”လို့ ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။

တကယ်လို့ ကိုဗစ်ထိန်းချုပ်နိုင်ပြီး အခြေခံပညာစာသင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်တဲ့အခါ ကျောင်းသူ၊ကျောင်းသားတွေကို သင်ကြားမယ့် စာသင်ချိန်ကာလဟာ ပုံမှန်ကာလထက် လျော့နည်းနိုင်တယ်လို့လည်း သိရပါတယ်။

“ကျောင်းတွေပိတ်ထားတာ ကောင်းတယ်လို့မြင်တယ်။ ရောဂါကင်းတယ်။ မဟုတ်ရင် စိတ်ပူနေရမှာ၊ ကျောင်းကို မိဘတွေပါ လိုက်စောင့်နေရမှာပါ။ ဖွင့်ရင်တော့ ကိုယ့်ကလေး ၁နှစ်မအောက်ချင်တော့ ထားရမှာပါ။ ပြီးခဲ့တဲ့ ၂လလောက်ကတောင် ကျူရှင်ထားရတယ်။ နောက်တော့ ဆရာမက ပိတ်လိုက်တယ်။ ခုထိတော့ အိမ်မှာပဲ”လို့ ပြည်မြို့မှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်ဝင်းခိုင်ကပြောပါတယ်။

ကိုဗစ်ပထမလှိုင်းထိန်းချုပ်နိုင်တဲ့ ဇူလိုင်လထဲမှာ အခြေ ခံပညာအထက်တန်းကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးတာ ရှိခဲ့ပေမယ့် သြဂုတ်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာတွေအများအပြားတွေ့ရှိပြီးနောက်ပိုင်း ဇူလိုင်လ ၂၇ရက်နေ့မှာပဲ အထက်တန်းကျောင်းအားလုံးကို ပြန်လည်ပိတ်ခဲ့တဲ့အပြင် လက်ရှိအချိန်ထိလည်း ပိတ်ထားဆဲဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အခြေခံပညာကျောင်း #ကိုဗစ်

Zawgyi

ကိုဗစ္ကာကြယ္ေဆး ထိုးႏွံႏိုင္မွသာ အေျခခံပညာေက်ာင္းေတြကို ျပန္လည္ဖြင့္လွစ္ႏိုင္မယ္

ေအာက္တိုဘာ ၁၇-၂၀၂၀
သိဂႌ (VOM)

ကိုဗစ္ကာကြယ္ေဆး ထိုးႏွံႏိုင္ၿပီး ေရာဂါထိန္းခ်ဳပ္ႏိုင္ခ်ိန္ေရာက္မွသာ အေျခခံပညာေက်ာင္းေတြကို ျပန္လည္ဖြင့္လွစ္ႏိုင္မယ့္ အ​ေျခအေနျဖစ္ေနတယ္လို့ အေျခခံပညာဦးစီးဌာနမွ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းကေျပာပါတယ္။

လက္႐ွိ ျပည္တြင္းမွာျဖစ္ပြားေနတဲ့ ကိုဗစ္ကပ္ေရာဂါအေျခအေနေၾကာင့္ အေျခခံပညာေက်ာင္းေတြကို ပိတ္ထားရဆဲျဖစ္တဲ့အျပင္ ေက်ာင္းျပန္ဖြင့္မယ့္ရက္ကိုလည္း အတိအက်မထုတ္ျပန္ႏိုင္တဲ့အေျခအေန ျဖစ္ေနပါတယ္ ။

” ကာကြယ္​ေဆး​ေပၚၿပီး အကုန္လုံးကို ထိုးႏွံႏိုင္ၿပီး ေက်ာင္းေတြလည္းဖြင့္လို႔ရၿပီ အပ္ႏွံႏိုင္ပါၿပီဆိုရင္ ဆရာတို႔ ဖြင့္မယ္။ အထူးအေျခအေနဆိုေတာ့ အထူးစဥ္းစားမွာေပါ့။ စာသင္ခ်ိန္က ၉ လျဖစ္ခ်င္မွျဖစ္မယ္။ ၿမိဳ႕​ေက်ာင္း​ေတ​ြက နဂိုထဲက ၉ လအျပည့္စာမသင္ၾကဘူး။ ​ေက်ာင္း​ေတြ တစ္ႏွစ္ေလာက္နားရတဲ့အေျခအေနလားဆိုတာလည္း ေျပာလို႔မရေသးပါဘူး”လို႔ ေဒါက္တာတင္ေမာင္ဝင္းကေျပာပါတယ္။

တကယ္လို႔ ကိုဗစ္ထိန္းခ်ဳပ္ႏိုင္ၿပီး အေျခခံပညာစာသင္ေက်ာင္းေတြ ျပန္လည္ဖြင့္လွစ္ႏိုင္တဲ့အခါ ေက်ာင္းသူ၊ေက်ာင္းသားေတြကို သင္ၾကားမယ့္ စာသင္ခ်ိန္ကာလဟာ ပုံမွန္ကာလထက္ ေလ်ာ့နည္းႏိုင္တယ္လို႔လည္း သိရပါတယ္။

“ေက်ာင္းေတြပိတ္ထားတာ ေကာင္းတယ္လို႔ျမင္တယ္။ ေရာဂါကင္းတယ္။ မဟုတ္ရင္ စိတ္ပူေနရမွာ၊ ေက်ာင္းကို မိဘေတြပါ လိုက္ေစာင့္ေနရမွာပါ။ ဖြင့္ရင္ေတာ့ ကိုယ့္ကေလး ၁ႏွစ္မေအာက္ခ်င္ေတာ့ ထားရမွာပါ။ ၿပီးခဲ့တဲ့ ၂လေလာက္ကေတာင္ က်ဴ႐ွင္ထားရတယ္။ ေနာက္ေတာ့ ဆရာမက ပိတ္လိုက္တယ္။ ခုထိေတာ့ အိမ္မွာပဲ”လို႔ ျပည္ၿမိဳ႕မွ ေက်ာင္းသားမိဘတစ္ဦးျဖစ္သူ ေဒၚဝင္းခိုင္ကေျပာပါတယ္။

ကိုဗစ္ပထမလိႈင္းထိန္းခ်ဳပ္ႏိုင္တဲ့ ဇူလိုင္လထဲမွာ အေျခ ခံပညာအထက္တန္းေက်ာင္းေတြကို ျပန္လည္ဖြင့္လွစ္ေပးတာ ႐ွိခဲ့ေပမယ့္ ျသဂုတ္လ ၁၆ ရက္ေန့က ရခိုင္ျပည္နယ္မွာ ကုိဗစ္အတည္ျပဳလူနာေတြအမ်ားအျပားေတြ့ရွိျပီးေနာက္ပိုင္း ဇူလိုင္လ ၂၇ရက္ေန႔မွာပဲ အထက္တန္းေက်ာင္းအားလုံးကို ျပန္လည္ပိတ္ခဲ့တဲ့အျပင္ လက္႐ွိအခ်ိန္ထိလည္း ပိတ္ထားဆဲျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #အေျခခံပညာေက်ာင္း #ကိုဗစ္

Related posts

Leave a Comment

VOM News

FREE
VIEW