ရခိုင်က မြို့နယ်(၉) ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း UECရဲ့ထုတ်ပြန်မှုအပေါ် ပါတီတချို့ ဝေဖန်

ရခိုင်က မြို့နယ်(၉) ခုမှာ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း UECရဲ့ထုတ်ပြန်မှုအပေါ် ပါတီတချို့ ဝေဖန်

အောက်တိုဘာ ၁၇- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ မနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တဲ့ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်(၉) ခု၊ ပြည်နယ်အလယ်ပိုင်းနဲ့ တောင်ပိုင်းက ရပ်ကျေးအုပ်စုတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်တော့မှာမဟုတ်ကြောင်း ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြည်နယ်တွင်းက ပါတီတွေရဲ့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိလာပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ နိုင်ငံတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် (၉) မြို့နယ်ဖြစ်တဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ ကျောက်တော်မြို့နယ်တို့ပါဝင်တာဖြစ်ပါတယ်။

အခုလိုမျိုး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲမှာ အနိုင်းအရှုံးနဲ့ဟာ မဲဆန္ဒရှင်ပြည်သူတွေအပေါ် မူတည်နေပြီး UEC အနေနဲ့ ဘယ်သူတွေနဲ့မှ တိုင်ပင်တာမျိုးမရှိကြောင်းနဲ့ သူ့သဘောနဲ့ သူကြောညာတာဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ဥက္ကဌ ဦးကျော်မြင့်ကပြောပါတယ်။

” ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်အပေါ်မှာ ဘယ်လိုမြင်လဲဆိုတော့ သူတို့လုပ်တာက သိပ်အဆင်မပြေဘူး။ တကယ်တော့ ဒီရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေးပါတီတွေနဲ့လည်း ဆွေးနွေးပြီးတော့မှ တစ်ခုခုလုပ်သင့်တယ်လို့ပဲ ထင်ပါတယ်။ အဲ့ဒီလိုပဲ မြန်မာနိုင်ငံမှာ အဖွဲ့အစည်းတွေက သူတို့ထင်တာ သူတို့လုပ်ကြတာပါပဲ။ လက်ရှိ အာဏာရပါတီကလည်း ကြည့်မှာပေါ့။ အဲလို ရွေးကောက်ပွဲကျင်းပနိုင်တဲ့ နေရာတွေ နည်းလိုက်တော့ ကိုယ်စားလှယ်တွေကလည်း နည်းမှာပေါ့လေ။ လွှတ်တော်မှာ ဘယ်လိုဖြစ်ကြမလဲ။ တပ်ကတော့ သူ့ဟာနဲ့ သူ အချိုးကျပါပြီးသားဆိုတော့ အရပ်ဖက်က ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လိုရှင်းရမလဲ။ သူတို့ကတော့ အကုန်လုံးတွက်ထားပြီးသားထင်ပါတယ်။ ကျနော်တို့ကပဲ ဒီဖက်မှာ ကြည့်ရမှာပေါ့” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ဥက္ကဌ ဦးကျော်မြင့်ကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အင်းအားကြီးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ပါတီ ဥက္ကဌ ဦးသာထွန်းလှကလည်း အစိုးဟာ သူတို့ရဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ နေရာစုံကို မရောက်နိုင်တဲ့ အခြေအနေအောက်မှာ ရွေးကောက်ပွဲကျင်းပမယ့် နေရာတွေကို ပယ်ဖျက်တယ်လို့ပဲ မြင်ကြောင်း ဝေဖန်ပြောဆိုပါတယ်။

“ ရခိုင်ပြည်နယ်မှာ မြို့နယ် (၉) မြို့နယ်ကို ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာတဲ့ အတွက် လာမယ့်ရွေးကောက်ပွဲဟာ ရခိုင်ပြည်နယ်မှာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲတစ်ခုမဖြစ်နိုင်ဘူး။ ထွက်လာမယ့် ရွေးကောက်ပွဲ ရလဒ်တွေဟာလည်း ရခိုင်ပြည်သူတွေကို ကိုယ်စားမပြုတဲ့ ရလဒ်တစ်ခုထွက်လာမယ်လို့ ပဲမြင်ပါတယ်။” လို့ ANP ပါတီ ဥက္ကဌ ဦးသာထွန်းလှက ဝေဖန်ပါတယ်။

UECရဲ့ထုတ်ပြန်ချက်မှာ ဒေသတည်ငြိမ်အေးချမ်းပြီး လက်နက်ကိုင်တွေလှုပ်ရှားမှုမတွေ့ရတဲ့ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ကို ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေအတွင်း ထည့်သွင်းကြေညာခဲ့တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အလယ်ပိုင်းဒေသဖြစ်တဲ့ ကျောက်ဖြူမြို့နယ်က ရပ်ကွက်(၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ အမ်းမြို့မြို့နယ်က ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉) အုပ်စုတို့ပါဝင်ပြီး ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့နယ်အတွင်းက ကျေးရွာအုပ်စု(၄)စုနဲ့ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသက တောင်ကုတ်မြို့နယ်အတွင်း ရပ်ကွက်(၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စုတို့ကို ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင် #ရွေးကောက်ပွဲ #မကျင်းပနိုင်တဲ့နေရာ #ဝေဖန်မှုတွေရှိ

Zawgyi

ရခိုင္က ၿမိဳ႕နယ္(၉) ခုမွာ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ေၾကာင္း UECရဲ႔ထုတ္ျပန္မႈအေပၚ ပါတီတခ်ိဳ႕ ေဝဖန္

ေအာက္တိုဘာ ၁၇- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ မေန႔ ေအာက္တိုဘာလ ၁၆ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာလိုက္တဲ့ ထုတ္ျပန္ခ်က္မွာ ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္(၉) ခု၊ ျပည္နယ္အလယ္ပိုင္းနဲ႔ ေတာင္ပိုင္းက ရပ္ေက်းအုပ္စုေတြမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေတာ႔မွာမဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး ျပည္နယ္တြင္းက ပါတီေတြရဲ႕ ေဝဖန္ေထာက္ျပမႈေတြလည္း ရွိလာပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ႏိုင္ငံတြင္း ေ႐ြးေကာက္ပြဲမက်င္းပႏိုင္တဲ့ နယ္ေျမေတြထဲမွာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ၿမိဳ႕နယ္ (၉) ၿမိဳ႕နယ္ျဖစ္တဲ့ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေမာင္ေတာ၊ ေပါက္ေတာ၊ ပုဏၰားကြၽန္း၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံနဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္တို႔ပါဝင္တာျဖစ္ပါတယ္။

အခုလိုမ်ိဳး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ထုတ္ျပန္ခ်က္နဲ႔ပတ္သက္ၿပီး ေ႐ြးေကာက္ပြဲမွာ အႏိုင္းအရႈံးနဲ႔ဟာ မဲဆႏၵရွင္ျပည္သူေတြအေပၚ မူတည္ေနၿပီး UEC အေနနဲ႔ ဘယ္သူေတြနဲ႔မွ တိုင္ပင္တာမ်ိဳးမရွိေၾကာင္းနဲ႔ သူ႔သေဘာနဲ႔ သူေၾကာညာတာျဖစ္တယ္လို႔ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD) ပါတီ ဥကၠဌ ဦးေက်ာ္ျမင့္ကေျပာပါတယ္။

” ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ ေ႐ြးေကာက္ပြဲေကာ္မရွင္အေပၚမွာ ဘယ္လိုျမင္လဲဆိုေတာ့ သူတို႔လုပ္တာက သိပ္အဆင္မေျပဘူး။ တကယ္ေတာ့ ဒီရခိုင္ျပည္နယ္အတြင္းက ႏိုင္ငံေရးပါတီေတြနဲ႔လည္း ေဆြးေႏြးၿပီးေတာ့မွ တစ္ခုခုလုပ္သင့္တယ္လို႔ပဲ ထင္ပါတယ္။ အဲ့ဒီလိုပဲ ျမန္မာႏိုင္ငံမွာ အဖြဲ႕အစည္းေတြက သူတို႔ထင္တာ သူတို႔လုပ္ၾကတာပါပဲ။ လက္ရွိ အာဏာရပါတီကလည္း ၾကည့္မွာေပါ့။ အဲလို ေ႐ြးေကာက္ပြဲက်င္းပႏိုင္တဲ့ ေနရာေတြ နည္းလိုက္ေတာ့ ကိုယ္စားလွယ္ေတြကလည္း နည္းမွာေပါ့ေလ။ လႊတ္ေတာ္မွာ ဘယ္လိုျဖစ္ၾကမလဲ။ တပ္ကေတာ့ သူ႔ဟာနဲ႔ သူ အခ်ိဳးက်ပါၿပီးသားဆိုေတာ့ အရပ္ဖက္က ကိုယ္စားလွယ္ေတြအေနနဲ႔ ဘယ္လိုရွင္းရမလဲ။ သူတို႔ကေတာ့ အကုန္လုံးတြက္ထားၿပီးသားထင္ပါတယ္။ က်ေနာ္တို႔ကပဲ ဒီဖက္မွာ ၾကည့္ရမွာေပါ့” လို႔ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ALD) ပါတီ ဥကၠဌ ဦးေက်ာ္ျမင့္ကေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း အင္းအားႀကီးပါတီတစ္ခုျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီ (ANP) ပါတီ ဥကၠဌ ဦးသာထြန္းလွကလည္း အစိုးဟာ သူတို႔ရဲ႕ လုံၿခဳံေရးအဖြဲ႕အစည္းေတြ ေနရာစုံကို မေရာက္ႏိုင္တဲ့ အေျခအေနေအာက္မွာ ေ႐ြးေကာက္ပြဲက်င္းပမယ့္ ေနရာေတြကို ပယ္ဖ်က္တယ္လို႔ပဲ ျမင္ေၾကာင္း ေဝဖန္ေျပာဆိုပါတယ္။

“ ရခိုင္ျပည္နယ္မွာ ၿမိဳ႕နယ္ (၉) ၿမိဳ႕နယ္ကို ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ေၾကာင္း ေၾကညာတဲ့ အတြက္ လာမယ့္ေ႐ြးေကာက္ပြဲဟာ ရခိုင္ျပည္နယ္မွာ ျပည္သူလူထုကို ကိုယ္စားျပဳတဲ့ ေ႐ြးေကာက္ပြဲတစ္ခုမျဖစ္ႏိုင္ဘူး။ ထြက္လာမယ့္ ေ႐ြးေကာက္ပြဲ ရလဒ္ေတြဟာလည္း ရခိုင္ျပည္သူေတြကို ကိုယ္စားမျပဳတဲ့ ရလဒ္တစ္ခုထြက္လာမယ္လို႔ ပဲျမင္ပါတယ္။” လို႔ ANP ပါတီ ဥကၠဌ ဦးသာထြန္းလွက ေဝဖန္ပါတယ္။

UECရဲ႔ထုတ္ျပန္ခ်က္မွာ ေဒသတည္ၿငိမ္ေအးခ်မ္းၿပီး လက္နက္ကိုင္ေတြလႈပ္ရွားမႈမေတြ႕ရတဲ့ စစ္ေတြခ႐ိုင္၊ ေပါက္ေတာၿမိဳ႕နယ္ကို ေ႐ြးေကာက္ပြဲမက်င္းပႏိုင္တဲ့ နယ္ေျမအတြင္း ထည့္သြင္းေၾကညာခဲ့တာလည္း ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အလယ္ပိုင္းေဒသျဖစ္တဲ့ ေက်ာက္ျဖဴၿမိဳ႕နယ္က ရပ္ကြက္(၂) ရပ္ကြက္၊ ေက်း႐ြာအုပ္စု (၅၂) အုပ္စု၊ အမ္းၿမိဳ႕ၿမိဳ႕နယ္က ရပ္ကြက္ (၃) ရပ္ကြက္၊ ေက်း႐ြာအုပ္စု (၂၉) အုပ္စုတို႔ပါဝင္ၿပီး ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ စစ္ေတြၿမိဳ႕နယ္အတြင္းက ေက်း႐ြာအုပ္စု(၄)စုနဲ႔ ရခိုင္ျပည္နယ္ ေတာင္ပိုင္းေဒသက ေတာင္ကုတ္ၿမိဳ႕နယ္အတြင္း ရပ္ကြက္(၁၀) ရပ္ကြက္၊ ေက်း႐ြာအုပ္စု (၅၂) အုပ္စုတို႔ကို ခ်န္လွပ္ထားခဲ့တာ ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရခိုင္ #ေရြးေကာက္ပြြဲ #မက်င္းပႏိုင္တဲ့ေနရာ #ေဝဖန္မႈေတြရွိ

Related posts

Leave a Comment

VOM News

FREE
VIEW