ပုသိမ်မှာ အောင်နိုင်ရေးလှည့်လည်ခဲ့တဲ့ NLD ဝန်းရံခေါင်းဆောင်တွေကို အရေးယူမယ်

ပုသိမ်မှာ အောင်နိုင်ရေးလှည့်လည်ခဲ့တဲ့ NLD ဝန်းရံခေါင်းဆောင်တွေကို အရေးယူမယ်

အောက်တိုဘာ ၁၈-၂၀၂၀
ကိုအောင်(VOM)

ပုသိမ်မြို့မှာ မနေ့ အောက်တိုဘာ ၁၇ရက်နေ့က NLDဝန်းရံသူတွေ အင်အားပြလှည့်လည်ခဲ့ကြတဲ့အပေါ် Stay at Homeစည်ကမ်းချိုးဖောက်မူနဲ့ အရေးယူသွားဖို့ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။

“မနေ့က စည်းကမ်းထိန်းသိမ်းရေးကားနဲ့လိုက်ကြည့်ပြီးတော့ ဦးဆောင်သူအားလုံးကို စခန်းမှာ ထွက်ချက်ယူပြီးပါပြီ၊ ခု အစိုးရညွနိကြားချက်ကိုစောင့်ပြီး ဆက်လက်လုပ်ဆောင်သွားမှာပါ”လို့ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးကပြောပါတယ်။

မနေ့ အောက်တိုဘာ ၁၇ရက်နေ့က ပုသိမ်ရပ်ကွက်အသီးသီးရှိ NLDထောက်ခံသူတွေဟာမိမိတို့ရပ်ကွက်အတွင်းမှာပဲ စုစည်းခဲ့ပြီး မြို့တွင်းလမ်းတွေကို လှည့်လည်ကြတာဖြစ်တ်လို့ ပုသိမ်မြို့ကရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပုသိမ်မြို့ဟာ Stay at Homeမြို့နယ်အဖြစ် သက်မှတ်ထားတာဖြစ်ပြီး မဖြစ်မနေဈေးဝယ်ထွက်သူတစ်ဦးနဲ့အလုပ်လုပ်ကိုင်သူတွေကိုလည်း ကဒ်စနစ်နဲ့အပြင်ထွက်ခွင့်ပေးထားတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပုသိမ် #အောင်နိုင်ရေးလှည့်လည် #ဦးဆောင်သူတွေကို #အရေးယူ

Zawgyi


အောက်တိုဘာ ၁၈-၂၀၂၀
ကိုအောင်(VOM)






Related posts

Leave a Comment

VOM News

FREE
VIEW