လူမှုကွန်ယက်မှာ ပြည်ခိုင်ဖြိုးပါတီနဲ့ပတ်သက်တဲ့အကြောင်းတွေကို လိုက့်ဖ်လွင့်ခဲ့သူနဲ့ ပြန်လည်မျှဝေသူ ၁၂ ဦးကို ၆၆(ဃ)နဲ့ အမှုဖွင့်

လူမှုကွန်ယက်မှာ ပြည်ခိုင်ဖြိုးပါတီနဲ့ပတ်သက်တဲ့အကြောင်းတွေကို လိုက့်ဖ်လွင့်ခဲ့သူနဲ့ ပြန်လည်မျှဝေသူ ၁၂ ဦးကို ၆၆(ဃ)နဲ့ အမှုဖွင့်

အောက်တိုဘာ ၁၈-၂၀၂၀
ဂျန်ကိုးလ် (VOM)

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့မှာ ပြည်ခိုင်ဖြိုးပါတီရဲ့လူကြီးတယောက်ကို အသရေညှိုးနွမ်းထိခိုက်စေအောင် ဖေ့စ်ဘုတ်Liveလွှင့် ပြီး အင်တာဗျူးသဘော တင်ခဲ့သူနဲ့ ပြန်လည်မျှဝေခဲ့သူ ၁၂ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့ အမှုဖွင့်ထားတယ်လို့ ကံမမြို့ရဲစခန်းကနေ သိရပါတယ်။

”ကျနော့်အိမ်မှာ ပြီးခဲ့တဲ့ ၇ရက်နေ့က ကိုစန်းလွင်နဲ့ Live လွှင့်တဲ့ကိစ္စကို ၆၆ဃနဲ့ ငြိတယ်ဆိုပြီးတရားစွဲတာပါ။ မနက်တုန်းက ဒီရပ်ကွက်ဥက္ကဋ္ဌရယ် ရဲတပ်ဖွဲ့ဝင်တွေရယ် လာပြီးတော့ ကျနော့်ကို စခန်းကိုလိုက်ခဲ့ပါ ၆၆ဃနဲ့ အမှုဖွင့်ထားတယ်ဆိုတဲ့အတွက် စခန်းကိုလိုက်သွားရတယ်၊ ပြောတာကတော့ အရင်တပ်ခေတ် ကြံ့ခိုင်ရေးအသင်းခေတ်ကဟာတွေပြောတာ”လို့ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရသူ ဦးတင်စန်းကVOMကိုပြောပါတယ်။

အဲ့ဒီပို့စ်ကို ပြန်လည်မျှဝေသူပေါင်း ၁၇၀ ကျော်ရှိပြီး လက်ရှိမှာ ၁၂ယောက်ကို အမှုဖွင့်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

ပို့စ်ကိုမျှဝေခဲ့လို့ အမှုဖွင့်ခံရသူ ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းဆရာဦးရဲဇော်ပြောတာက”ရှယ်တာက ကျနော်တယောက်ထဲ မဟုတ်ဘူးဗျ၊ အဲ့ဒီပို့စ်မှာ ရှယ်သူပေါင်း ၁၇၀လောက်ရှိတယ်၊ အဲဒါတွေ ထပ်ရှယ်ကြတာဆိုတော့ ကျနော်ထင်တယ် ၅၀၀လောက်ရှိမယ်၊ ကျနော်တို့ကံမမြို့က တနေရာစီနေတဲ့ အနီဝန်းရံသူတွေကိုရွေးပြီး တိုင်တာလို့သိရ တယ်၊ ပထမ ၁၃ယောက်ဆိုပေမယ့် အခုစစ်ကြည့်တော့ ရှယ်တဲ့သူ ၁၀ယောက်လိုက်လွှင့်သူနဲ့ဖြေသူပေါင်း၁၂ယောက်အမှုဖွင့်ခံထားရတယ်၊ အရင်ခေတ်က ဟာတွေပြောဆိုနေတာကြားရတော့ စိတ်ဝင်စားလို့ ကြားဘူးတာတွေလည်းရှိလို့ စိတ်ဝင်စားလို့ရှယ်တာ၊ ၈၈တုန်းက ကျနော်တို့က ၄တန်းလောက်ပဲရှိသေးတော့ သိတာရှိသလို၊ မသိတာလည်းရှိတယ်၊ အဲဒါကြောင့်ရှယ်လိုက်မိတာ”လို့ပြောပါတယ်။

လိုက်ဖ်လွှင့်တဲ့အထဲမှာ အရင်ပြည်ခိုင်ဖြိုးပါတီခေတ်က အကြောင်းတွေ ၊
ငွေရေးကြေးရေးကိစ္စ၊ လက်ရှိ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ရဲ့အကြောင်းတွေပါဝင်တဲ့အတွက် သိက္ခာချတယ်ဆိုပြီး အခုလိုတရားစွဲတာဖြစ်တယ်လို့ သိရပါတယ်။

၆၆(ဃ)နဲ့ အမှုဖွင့်တဲ့ ဦးအောင်ထူးဆိုသူကို VOMက ဆက်သွယ်မေးမြန်းရာမှာတော့ ပြန်လည် ဖြေဆိုပေးဖို့ငြင်းဆိုခဲ့ပါတယ်။

ကံမမြို့နယ် မြို့မရဲစခန်းမှူးကတော့ ”တရားစွဲတာမဟုတ်ပါဘူး အမှု့ဖွင့်တာပါ၊ အဲ့ဒါဟုတ်ပါတယ်၊ ခရီးသွားနေလို့အသေးစိတ်က အမှုစစ်ပဲသိမယ်”လို့ VOMကိုပြောပါတယ်။

အမှု့နဲ့ပတ်သက်ပြီး ကံမမြို့မရဲစခန်းက facebook အားအသုံးပြုပြီး ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်သူ ဦးတင်စန်း၊ ဦးစန်းလွင်နဲ့ Live ထုတ်လွှင့်မှုကို ထပ်ဆင့်ဖြန့်ဝေခြင်းနဲ့ Comment ရေးသားတာတွေပြုလုပ်တဲ့ အကောင့်ပိုင်ရှင်တွေဖြစ်တဲ့ ကိုကိုဇော်၊ ရဲဇော်လင်း၊ ဇေယျာဖြိုး၊ နေဖုန်းကိုကို၊ မိုးမိုး၊ မိုးသူ၊ ဝေယံထွန်း၊ ကျော်ကျော်လင်း၊ ဖြိုးကြွယ်၊ ဖြိုးတွင်ခုံ-စက်မှုလုပ်ငန်း၊ ဘိုသူ စတဲ့ အကောင့်ပိုင်ရှင်တွေကို ပ-၁၅၂/၂၀၂၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆ဃနဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကံမမြို့နယ်မှာ အခုလို၆၆ဃနဲ့ အမှုဖွင့်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကံမ #၆၆(ဃ) #ပြည်ခိုင်ဖြိုးပါတီ

Zawgyi

လူမႈကြန္ယက္မွာ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ပတ္သက္တဲ့အေၾကာင္းေတြကို လိုက့္ဖ္လြင့္ခဲ့သူနဲ႔ ျပန္လည္မွ်ေဝသူ ၁၂ ဦးကို ၆၆(ဃ)နဲ႔ အမႈဖြင့္

ေအာက္တိုဘာ ၁၈-၂၀၂၀
ဂ်န္ကိုးလ္ (VOM)

မေကြးတိုင္း၊ သရက္ခ႐ိုင္၊ ကံမၿမိဳ႕မွာ ျပည္ခိုင္ၿဖိဳးပါတီရဲ႕လူႀကီးတေယာက္ကို အသေရညႇိဳးႏြမ္းထိခိုက္ေစေအာင္ ေဖ့စ္ဘုတ္Liveလႊင့္​ ၿပီး အင္တာဗ်ဴးသေဘာ တင္ခဲ့သူနဲ႔ ျပန္လည္မွ်ေဝခဲ့သူ ၁၂ဦးကို ဆက္သြယ္ေရးဥပေဒပုဒ္မ-၆၆(ဃ)နဲ႔ အမႈဖြင့္ထားတယ္လို႔ ကံမၿမိဳ႕ရဲစခန္းကေန သိရပါတယ္။

”က်ေနာ့္အိမ္မွာ ၿပီးခဲ့တဲ့ ၇ရက္ေန႔က ကိုစန္းလြင္နဲ႔ Live လႊင့္တဲ့ကိစၥကို ၆၆ဃနဲ႔ ၿငိတယ္ဆိုၿပီးတရားစြဲတာပါ။ မနက္တုန္းက ဒီရပ္ကြက္ဥကၠ႒ရယ္ ရဲတပ္ဖြဲ႕ဝင္ေတြရယ္ လာၿပီးေတာ့ က်ေနာ့္ကို စခန္းကိုလိုက္ခဲ့ပါ ၆၆ဃနဲ႔ အမႈဖြင့္ထားတယ္ဆိုတဲ့အတြက္ စခန္းကိုလိုက္သြားရတယ္၊ ေျပာတာကေတာ့ အရင္တပ္ေခတ္ ႀကံ့ခိုင္ေရးအသင္းေခတ္ကဟာေတြေျပာတာ”လို႔ ၆၆(ဃ)နဲ႔ အမႈဖြင့္ခံထားရသူ ဦးတင္စန္းကVOMကိုေျပာပါတယ္။

အဲ့ဒီပို႔စ္ကို ျပန္လည္မွ်ေဝသူေပါင္း ၁၇၀ ေက်ာ္ရွိၿပီး လက္ရွိမွာ ၁၂ေယာက္ကို အမႈဖြင့္ခံရတာျဖစ္တယ္လို႔ သိရပါတယ္။

ပို႔စ္ကိုမွ်ေဝခဲ့လို႔ အမႈဖြင့္ခံရသူ ကိုယ္ပိုင္အထက္တန္းေက်ာင္းက ေက်ာင္းဆရာဦးရဲေဇာ္ေျပာတာက”ရွယ္တာက က်ေနာ္တေယာက္ထဲ မဟုတ္ဘူးဗ်၊ အဲ့ဒီပို႔စ္မွာ ရွယ္သူေပါင္း ၁၇၀ေလာက္ရွိတယ္၊ အဲဒါေတြ ထပ္ရွယ္ၾကတာဆိုေတာ့ က်ေနာ္ထင္တယ္ ၅၀၀ေလာက္ရွိမယ္၊ က်ေနာ္တို႔ကံမၿမိဳ႕က တေနရာစီေနတဲ့ အနီဝန္းရံသူေတြကိုေ႐ြးၿပီး တိုင္တာလို႔သိရ တယ္၊ ပထမ ၁၃ေယာက္ဆိုေပမယ့္ အခုစစ္ၾကည့္ေတာ့ ရွယ္တဲ့သူ ၁၀ေယာက္လိုက္လႊင့္သူနဲ႔ေျဖသူေပါင္း၁၂ေယာက္အမႈဖြင့္ခံထားရတယ္၊ အရင္ေခတ္က ဟာေတြေျပာဆိုေနတာၾကားရေတာ့ စိတ္ဝင္စားလို႔ ၾကားဘူးတာေတြလည္းရွိလို႔ စိတ္ဝင္စားလို႔ရွယ္တာ၊ ၈၈တုန္းက က်ေနာ္တို႔က ၄တန္းေလာက္ပဲရွိေသးေတာ့ သိတာရွိသလို၊ မသိတာလည္းရွိတယ္၊ အဲဒါေၾကာင့္ရွယ္လိုက္မိတာ”လို ႔ေျပာပါတယ္။

လိုက္ဖ္လႊင့္တဲ့အထဲမွာ အရင္ျပည္ခိုင္ၿဖိဳးပါတီေခတ္က အေၾကာင္းေတြ ၊
ေငြေရးေၾကးေရးကိစၥ၊ လက္ရွိ ျပည္ခိုင္ၿဖိဳးပါတီရဲ႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းတို႔ရဲ႕အေၾကာင္းေတြပါဝင္တဲ့အတြက္ သိကၡာခ်တယ္ဆိုၿပီး အခုလိုတရားစြဲတာျဖစ္တယ္လို႔ သိရပါတယ္။

၆၆(ဃ)နဲ႔ အမႈဖြင့္တဲ့ ဦးေအာင္ထူးဆိုသူကို VOMက ဆက္သြယ္ေမးျမန္းရာမွာေတာ့ ျပန္လည္ ေျဖဆိုေပးဖို႔ျငင္းဆိုခဲ့ပါတယ္။

ကံမၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမႉးကေတာ့ ”တရားစြဲတာမဟုတ္ပါဘူး အမႈ႕ဖြင့္တာပါ၊ အဲ့ဒါဟုတ္ပါတယ္၊ ခရီးသြားေနလို ႔အေသးစိတ္က အမႈစစ္ပဲသိမယ္”လို႔ VOMကိုေျပာပါတယ္။

အမႈ႕နဲ႔ပတ္သက္ၿပီး ကံမၿမိဳ႕မရဲစခန္းက facebook အားအသုံးျပဳၿပီး ဂုဏ္သိကၡာက်ဆင္းေအာင္ျပဳလုပ္သူ ဦးတင္စန္း၊ ဦးစန္းလြင္နဲ႔ Live ထုတ္လႊင့္မႈကို ထပ္ဆင့္ျဖန႔္ေဝျခင္းနဲ႔ Comment ေရးသားတာေတြျပဳလုပ္တဲ့ အေကာင့္ပိုင္ရွင္ေတြျဖစ္တဲ့ ကိုကိုေဇာ္၊ ရဲေဇာ္လင္း၊ ေဇယ်ာၿဖိဳး၊ ေနဖုန္းကိုကို၊ မိုးမိုး၊ မိုးသူ၊ ေဝယံထြန္း၊ ေက်ာ္ေက်ာ္လင္း၊ ၿဖိဳးႂကြယ္၊ ၿဖိဳးတြင္ခုံ-စက္မႈလုပ္ငန္း၊ ဘိုသူ စတဲ့ အေကာင့္ပိုင္ရွင္ေတြကို ပ-၁၅၂/၂၀၂၀၊ ဆက္သြယ္ေရးဥပေဒပုဒ္မ – ၆၆ဃနဲ႔အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

ကံမၿမိဳ႕နယ္မွာ အခုလို၆၆ဃနဲ႔ အမႈဖြင့္တာဟာ ပထမဆုံးအႀကိမ္ျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ကံမ #၆၆(ဃ) #ျပည္ခိုင္ၿဖိဳးပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW