SNLDပါတီအောင်ရေးကားတစ်စီး ရွှေလီမြစ်အတွင်း အရှိန်လွန်ပြုတ်ကျ

SNLDပါတီအောင်ရေးကားတစ်စီး ရွှေလီမြစ်အတွင်း အရှိန်လွန်ပြုတ်ကျ
အောက်တိုဘာ ၁၈-၂၀၂၀
နေနန်းနွယ်(VOM)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ နောင်ဟင်ကျေးရွာ ရွှေလီမြစ် စက်လှေဆိပ်မှာ ဒီကနေ့မနက်ပိုင်းက မူဆယ်မြို့နယ် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (SNLD)ပါတီဝန်းရံသူတွေပါဝင်တဲ့ ဟွန်ဒါဖစ်ယာဉ်ငယ်တစ်စီး ကမ်းစပ်ကနေ အရှိန်လွန်ပြီး မြစ်အတွင်းကို ပြုတ်ကျသွားတယ်လို့ သိရပါတယ်။
“ကားဆရာနဲ့ နောက်နှစ်ယောက်ကတော့ ဆယ်လို့ရလို့ ဆေးရုံကိုပို့ထားလိုက်ပြီ၊ ကားထဲမှာ ကလေးတစ်ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကတော့ ကားထဲမှာကျန်ခဲ့တယ်၊ ကားပါ ‌မြစ်ထဲပါသွားတာလေ၊ ခုထိ ရှာမတွေ့‌သေးဘူး၊ အခုဝိုင်းရှာနေကြတယ်၊ သံလိုက်ပြားကို မြစ်ထဲချပြီးရှာနေတာ သွားပြီး ကပ်မိနေတာတော့ရှိတယ်၊ ကားဟုတ်မဟုတ်တော့ မသိသေးဘူး၊ အခု ဆွဲတင်ဖို့ ကြိုးစားနေကြပါတယ်”လို့ မူဆယ်မြို့နယ် SNLDပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းထွေးမှုံကပြောပါတယ်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေဟာ မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူတွေဆီကို ပါတီအောင်နိုင်ရေးအတွက်သွားရောက်ချိန် အဲ့ဒီယာဉ်ငယ်ဟာ (ဇက်)မော်တော်မရောက်ခင် ကမ်းစပ်ကနေ အရှိန်လွန်ပြီး ရွှေလီမြစ်အတွင်းထိုးကျသွားခဲ့တာဖြစ်ပါတယ်။
ယာဉ်ပေါ်ပါသူတွေထဲက ယာဉ်မောင်း ကျား(၁)ဦးနဲ့ မ(၂)ဦး လွတ်မြောက်လာခဲ့ပြီး အခြားလိုက်ပါလာသူတွေဖြစ်တဲ့ အမျိုးသမီး(၃)ဦး နဲ့ ကလေးငယ်(၁)ဦးတို့ကို မူဆယ်မြို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဂရုဏာနာရေးလူမှုကူညီရေးအသင်းတို့က ရွှေလီမြစ်အတွင်း လှည့်လည်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။
မော်တော်ယာဉ်ပေါ်ကနေ လွှတ်မြောက်လာသူတွေ(မစိုးရိမ်ရ)ကို ဂရုဏာနာရေးလူမှုကူညီရေးအသင်း(မူဆယ်)က မူဆယ်မြို့ပြည်သူ့ဆေးရုံကြီးပို့ဆောင်ကာ ဆေးကုသမှုခံယူနေတယ်လို့ သိရှိရသည်။
Photo Crd- သံလွင်သွေးချင်း
#voiceofmyanmar #VOM #မူဆယ် #ပါတီအောင်နိုင်ရေးယာဉ် #ရွှေလီမြစ်ထဲပြုတ်ကျ
Zawgyi
SNLDပါတီေအာင္ေရးကားတစ္စီး ေ႐ႊလီျမစ္အတြင္း အရွိန္လြန္ျပဳတ္က်
ေအာက္တိုဘာ ၁၈-၂၀၂၀
ေနနန္းႏြယ္(VOM)
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ခ႐ိုင္၊ မန႔္ဟီး႐ိုးၿမိဳ႕၊ ေနာင္ဟင္ေက်း႐ြာ ေ႐ႊလီျမစ္ စက္ေလွဆိပ္မွာ ဒီကေန႔မနက္ပိုင္းက မူဆယ္ၿမိဳ႕နယ္ ရွမ္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္  (SNLD)ပါတီဝန္းရံသူေတြပါဝင္တဲ့ ဟြန္ဒါဖစ္ယာဥ္ငယ္တစ္စီး ကမ္းစပ္ကေန အရွိန္လြန္ၿပီး ျမစ္အတြင္းကို ျပဳတ္က်သြားတယ္လို႔ သိရပါတယ္။
“ကားဆရာနဲ႔ ေနာက္ႏွစ္ေယာက္ကေတာ့ ဆယ္လို႔ရလို႔ ေဆး႐ုံကိုပို႔ထားလိုက္ၿပီ၊ ကားထဲမွာ ကေလးတစ္ေယာက္နဲ႔ အမ်ိဳးသမီး ၃ ေယာက္ကေတာ့ ကားထဲမွာက်န္ခဲ့တယ္၊ ကားပါ ‌ျမစ္ထဲပါသြားတာေလ၊ ခုထိ ရွာမေတြ႕‌ေသးဘူး၊ အခုဝိုင္းရွာေနၾကတယ္၊ သံလိုက္ျပားကို ျမစ္ထဲခ်ၿပီးရွာေနတာ သြားၿပီး ကပ္မိေနတာေတာ့ရွိတယ္၊ ကားဟုတ္မဟုတ္ေတာ့ မသိေသးဘူး၊ အခု ဆြဲတင္ဖို႔ ႀကိဳးစားေနၾကပါတယ္”လို႔ မူဆယ္ၿမိဳ႔နယ္ SNLDပါတီ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း နန္းေထြးမႈံကေျပာပါတယ္။
ရွမ္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီဝင္ေတြဟာ မန႔္ဟီး႐ိုးၿမိဳ႕ရွိ ေဒသခံျပည္သူေတြဆီကို ပါတီေအာင္ႏိုင္ေရးအတြက္သြားေရာက္ခ်ိန္ အဲ့ဒီယာဥ္ငယ္ဟာ (ဇက္)ေမာ္ေတာ္မေရာက္ခင္ ကမ္းစပ္ကေန အရွိန္လြန္ၿပီး ေ႐ႊလီျမစ္အတြင္းထိုးက်သြားခဲ့တာျဖစ္ပါတယ္။
ယာဥ္ေပၚပါသူေတြထဲက ယာဥ္ေမာင္း က်ား(၁)ဦးနဲ႔ မ(၂)ဦး လြတ္ေျမာက္လာခဲ့ၿပီး အျခားလိုက္ပါလာသူေတြျဖစ္တဲ့ အမ်ိဳးသမီး(၃)ဦး နဲ႔ ကေလးငယ္(၁)ဦးတို႔ကို မူဆယ္ၿမိဳ႕ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဝင္ေတြနဲ႔ ဂ႐ုဏာနာေရးလူမႈကူညီေရးအသင္းတို႔က ေ႐ႊလီျမစ္အတြင္း လွည့္လည္ရွာေဖြေနဆဲျဖစ္တယ္လို႔ သိရပါတယ္။
ေမာ္ေတာ္ယာဥ္ေပၚကေန လႊတ္ေျမာက္လာသူေတြ(မစိုးရိမ္ရ)ကို ဂ႐ုဏာနာေရးလူမႈကူညီေရးအသင္း(မူဆယ္)က မူဆယ္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးပို႔ေဆာင္ကာ ေဆးကုသမႈခံယူေနတယ္လို႔ သိရွိရသည္။
Photo Crd- သံလြင္ေသြးခ်င္း
#voiceofmyanmar #VOM #မူဆယ္ #ပါတီေအာင္ႏိုင္ေရးယာဥ္ #ေရႊလီျမစ္ထဲျပဳတ္က်

Related posts

Leave a Comment

VOM News

FREE
VIEW