ပြည်ခိုင်ဖြိုး မဲဆွယ်ယာဉ်တန်းကို NLD အလံ ဝှေ့ရမ်းပြတဲ့ ရဲတပ်သား ၁ ယောက် အရေးယူခံထားရ

ပြည်ခိုင်ဖြိုး မဲဆွယ်ယာဉ်တန်းကို NLD အလံ ဝှေ့ရမ်းပြတဲ့ ရဲတပ်သား ၁ ယောက် အရေးယူခံထားရ

အောက်တိုဘာ ၂၁-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ ၊ တန့်ဆည် – ကံထူးမသွားတဲ့ကားလမ်းပေါ်မှာ မနေ့ အောက်တိုဘာ ၂၀ရက် မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးယာဉ်တန်းကို ရဲတပ်သား တစ်ယောက်က NLD ပါတီ လက်ကိုင်အလံကို ဝှေ့ရမ်းပြတဲ့အတွက် အဲ့ဒီ ရဲတပ်သားကို အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

တန့်ဆည်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ဆန်းဝင်း ဆိုသူဟာ မနေ့မနက်က ကင်းရုံတာဝန်ချထားစဉ်မှာ သူရဲ့ သူငယ်ချင်းဖြစ်သူ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်မှာနေတဲ့ ကိုအောင်အောင်နဲ့အတူ စူပါကပ်အမျိုးအစား ယာဉ်နံပါတ်မပါ အစိမ်းရောင် ဆိုင်ကယ်ပေါ် နောက်ကထိုင်ပြီး လိုက်ပါသွားခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံးလာတဲ့ယာဉ်တန်းကို NLDပါတီ လက်ကိုင်အလံကိုင်ဆောင်ကာ ဝှေ့ရမ်းပြခဲ့တာပဲဖြစ်ပါတယ်။

” တန့်ဆည် – ကံထူးမ ကားလမ်း ဒေါင်းမင်း စက်သုံးဆီဆိုင်ရှေ့မှာ ဖြစ်တာပါ ၊ ရဲတပ်သား ဆန်းဝင်းက သူ့သူငယ်ချင်း ကိုအောင်အောင် ကိုင်ဆောင်ထားတဲ့ NLD ပါတီ လက်ကိုင်အလံကို ယူပြီး ပြည်ခိုင်ဖြိုး ကားတန်းကို ဝှေ့ရမ်းပြတာမျိုး လုပ်ခဲ့တာပါ “လို့ မျက်မြင်တွေ့လိုက်ရသူ တန့်ဆည် ဒေသခံတစ်ဦးက ပြောပါတယ်။

အလံကိုင်ဝှေ့ရမ်းပြတဲ့ ရဲတပ်သားဟာ ရဲဝတ်စုံ ဝတ်ဆင်ထားတာမဟုတ်ဘဲ အနက်ရောင် ဂျိုင်းပြတ် စွတ်ကျယ်နဲ့ အနောက်ရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒါကြောင့် တန့်ဆည်မြို့မရဲစခန်းက စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေက အချိန်မီသွားရောက်ပြီး အလံကိုင် ရဲတပ်သားကို ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ရဲတပ်သားကို အရက်သေစာ သောက်စားထားခြင်း ရှိ၊မရှိ ပြည်သူ့ဆေးရုံမှာ ဆေးစစ်ဆေးချက်ရယူပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူနိင်ဖို့ တန့်ဆည်မြို့မ ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #တန့်ဆည် #NLDအလံပြ #ရဲတပ်သားတစ်ဦး #အရေးယူခံရ

Zawgyi

ျပည္ခိုင္ၿဖိဳး မဲဆြယ္ယာဥ္တန္းကို NLD အလံ ေဝွ႔ရမ္းျပတဲ့ ရဲတပ္သား ၁ ေယာက္ အေရးယူခံထားရ

ေအာက္တိုဘာ ၂၁-၂၀၂၀
ကိုတိုးႀကီး (VOM)

စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕ ၊ တန႔္ဆည္ – ကံထူးမသြားတဲ့ကားလမ္းေပၚမွာ မေန႔ ေအာက္တိုဘာ ၂၀ရက္ မနက္ပိုင္းက ျပည္ခိုင္ၿဖိဳးပါတီ မဲဆြယ္စည္း႐ုံးေရးယာဥ္တန္းကို ရဲတပ္သား တစ္ေယာက္က NLD ပါတီ လက္ကိုင္အလံကို ေဝွ႔ရမ္းျပတဲ့အတြက္ အဲ့ဒီ ရဲတပ္သားကို အေရးယူထားတယ္လို႔ ရဲတပ္ဖြဲ႔အသိုင္းအဝိုင္းကေန သိရပါတယ္။

တန႔္ဆည္ၿမိဳ႕မရဲစခန္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ရဲတပ္သား ဆန္းဝင္း ဆိုသူဟာ မေန႔မနက္က ကင္း႐ုံတာဝန္ခ်ထားစဥ္မွာ သူရဲ႕ သူငယ္ခ်င္းျဖစ္သူ တန႔္ဆည္ၿမိဳ႕၊ ေမတၱာၿမိဳင္ရပ္ကြက္မွာေနတဲ့ ကိုေအာင္ေအာင္နဲ႔အတူ စူပါကပ္အမ်ိဳးအစား ယာဥ္နံပါတ္မပါ အစိမ္းေရာင္ ဆိုင္ကယ္ေပၚ ေနာက္ကထိုင္ၿပီး လိုက္ပါသြားခဲ့ရာ ျပည္ခိုင္ၿဖိဳးပါတီ ေအာင္ႏိုင္ေရး မဲဆြယ္စည္း႐ုံးလာတဲ့ယာဥ္တန္းကို NLDပါတီ လက္ကိုင္အလံကိုင္ေဆာင္ကာ ေဝွ႔ရမ္းျပခဲ့တာပဲျဖစ္ပါတယ္။

” တန႔္ဆည္ – ကံထူးမ ကားလမ္း ေဒါင္းမင္း စက္သုံးဆီဆိုင္ေရွ႕မွာ ျဖစ္တာပါ ၊ ရဲတပ္သား ဆန္းဝင္းက သူ႔သူငယ္ခ်င္း ကိုေအာင္ေအာင္ ကိုင္ေဆာင္ထားတဲ့ NLD ပါတီ လက္ကိုင္အလံကို ယူၿပီး ျပည္ခိုင္ၿဖိဳး ကားတန္းကို ေဝွ႔ရမ္းျပတာမ်ိဳး လုပ္ခဲ့တာပါ “လို႔ မ်က္ျမင္ေတြ႕လိုက္ရသူ တန႔္ဆည္ ေဒသခံတစ္ဦးက ေျပာပါတယ္။

အလံကိုင္ေဝွ႔ရမ္းျပတဲ့ ရဲတပ္သားဟာ ရဲဝတ္စုံ ဝတ္ဆင္ထားတာမဟုတ္ဘဲ အနက္ေရာင္ ဂ်ိဳင္းျပတ္ စြတ္က်ယ္နဲ႔ အေနာက္ေရာင္ ေဘာင္းဘီရွည္ကို ဝတ္ဆင္ထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

အဲ့ဒါေၾကာင့္ တန႔္ဆည္ၿမိဳ႕မရဲစခန္းက စခန္းမွဴးနဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြက အခ်ိန္မီသြားေရာက္ၿပီး အလံကိုင္ ရဲတပ္သားကို ထိန္းသိမ္းခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီ ရဲတပ္သားကို အရက္ေသစာ ေသာက္စားထားျခင္း ရွိ၊မရွိ ျပည္သူ႔ေဆး႐ုံမွာ ေဆးစစ္ေဆးခ်က္ရယူၿပီး ရဲစည္းကမ္းထိန္းသိမ္းေရး ဥပေဒအရ အေရးယူနိင္ဖို႔ တန႔္ဆည္ၿမိဳ႕မ ရဲစခန္းမွာ ခ်ဳပ္ေႏွာင္ထားတယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #တန္႔ဆည္ #NLDအလံျပ #ရဲတပ္သားတစ္ဦး #အေရးယူခံရ

Related posts

Leave a Comment

VOM News

FREE
VIEW