ရန်ကုန်နာမှုကူညီရေးအသင်းက ဦးကျော်သူအပါအဝင် အသင်းသား(၂)ဦးမှာ ကိုဗစ်ပိုးတွေ့

ရန်ကုန်နာမှုကူညီရေးအသင်းက ဦးကျော်သူအပါအဝင် အသင်းသား(၂)ဦးမှာ ကိုဗစ်ပိုးတွေ့

အောက်တိုဘာ ၂၁-၂၀၂၀
သိင်္ဂီထွန်း (VOM)

နာရေးကူညီမှုအသင်း(ရန်ကုန်)တည်ထောင်သူ ဦးကျော်သူ နဲ့ အသင်းသား ၂ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရတယ်လို့ နာမှုကူညီရေးအသင်း(ရန်ကုန်)က မော်တော်ယာဉ်ကြီးကြပ်ရေးမှူး ကိုအောင်လေးက အတည်ပြုပြောပါတယ်။

“လက်ရှိ ဥက္ကဋ္ဌ ဒေါင်ဒေါင်မြည်ပါပဲ။ ဒီနေ့မနက်သိရတာပါ။ လောလောဆယ်ကျန်းမာရေးကလည်း လာလိမ့်မယ်။ ခုတော့ကျနော်တို့ကတော့ ကျနော်တို့အစီအမံနဲ့ အုပ်စုခွဲပြီးတော့ အများပြည်သူကို ပေးဆပ်နေပါတယ်။ ကျန်တာတော့ ကျန်းမာရေးက ဆက်လက်ဆောင်ရွက်ပါလိမ့်မယ်”လို့ ကိုအောင်လေးကပြောပါတယ်။

ကိုဗစ်ပိုးတွေ့ရှိတဲ့ နာရေးကူညီမှုအသင်း ရန်ကုန်က အသင်းသား ၂ ဦးဟာ ပြန်ကြားရေးဌာနက တစ်ဦးနဲ့ ပစ္စည်းထိနိးသမ်းရေးက တစ်ဦးဖြစ်တယ်လို့ပြောပါတယ်။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးကျော်သူအပါအဝင် ၃ ဦး ပိုးတွေ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ် ၊ တိုင်းလွတ်တော်အမတ် ဦးဇော်လင်းနိုင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ “ ဦးကျော်သူမှာ ပိုးတွေ့တယ်ဆိုတာ ကျနော်လည်းသိတယ်။ လိုင်းပေါ်မှာတွေ့တယ်။ လက်ရှိအခြေအနေကတော့ မသိရသေးဘူး။ပြီးတော့မှ တစ်ချက်သွားကြည့်ရမယ်။”လို့ ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြောက်ဒဂုံမြို့နယ် ၊ ကျန်းမာရေးဦးစီးဌာနသို့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်မှုမရှိခဲ့ပါဘူး။

ဒီကနေ့မနက်ပိုင်းကလည်း အဆိုတော်၊ သရုပ်ဆောင် ဦးရန်ပိုင်စိုး ကိုဗစ်ရောဂါနဲ့သေဆုံးတယ်ဆိုတာကိုလည်း လူမှုကွန်ရက်စာမျက်နှာအများစုမှာ ဝမ်းနည်းကြောင်းရေးတင်ထားတာကို တွေ့ရတဲ့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို VOMကဆက်သွယ်မေးမြန်းနေစဲဖြစ်ပါတယ်။

Photo – U Kyaw Thu
#voiceofmyanmar #VOM #ရန်ကုန် #နာမှုကူညီရေး #ဦးကျော်သူ #ကိုဗစ်ကူးစက်ခံရ

Zawgyi

ရန္ကုန္နာမႈကူညီေရးအသင္းက ဦးေက်ာ္သူအပါအဝင္ အသင္းသား(၂)ဦးမွာ ကိုဗစ္ပိုးေတြ႕

ေအာက္တိုဘာ ၂၁-၂၀၂၀
သိဂႌထြန္း (VOM)

နာေရးကူညီမႈအသင္း(ရန္ကုန္)တည္ေထာင္သူ ဦးေက်ာ္သူ နဲ႔ အသင္းသား ၂ဦးမွာ ကိုဗစ္ ၁၉ ေရာဂါပိုးကူးစက္ခံထားရတယ္လို႔ နာမႈကူညီေရးအသင္း(ရန္ကုန္)က ေမာ္ေတာ္ယာဥ္ႀကီးၾကပ္ေရးမႉး ကိုေအာင္ေလးက အတည္ျပဳေျပာပါတယ္။

“လက္ရွိ ဥကၠ႒ ေဒါင္ေဒါင္ျမည္ပါပဲ။ ဒီေန႔မနက္သိရတာပါ။ ေလာေလာဆယ္က်န္းမာေရးကလည္း လာလိမ့္မယ္။ ခုေတာ့က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔အစီအမံနဲ႔ အုပ္စုခြဲၿပီးေတာ့ အမ်ားျပည္သူကို ေပးဆပ္ေနပါတယ္။ က်န္တာေတာ့ က်န္းမာေရးက ဆက္လက္ေဆာင္႐ြက္ပါလိမ့္မယ္”လို႔ ကိုေအာင္ေလးကေျပာပါတယ္။

ကိုဗစ္ပိုးေတြ႕ရွိတဲ့ နာေရးကူညီမႈအသင္း ရန္ကုန္က အသင္းသား ၂ ဦးဟာ ျပန္ၾကားေရးဌာနက တစ္ဦးနဲ႔ ပစၥည္းထိန္ိးသမ္းေရးက တစ္ဦးျဖစ္တယ္လို႔ေျပာပါတယ္။

နာေရးကူညီမႈအသင္း(ရန္ကုန္)မွ ဦးေက်ာ္သူအပါအ၀င္ ၃ ဦး ပိုးေတြ႕တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေျမာက္ဒဂုံၿမိဳ႕နယ္ ၊ တိုင္းလြတ္ေတာ္အမတ္ ဦးေဇာ္လင္းႏိုင္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ “ ဦးေက်ာ္သူမွာ ပိုးေတြ႕တယ္ဆိုတာ က်ေနာ္လည္းသိတယ္။ လိုင္းေပၚမွာေတြ႕တယ္။ လက္ရွိအေျခအေနကေတာ့ မသိရေသးဘူး။ၿပီးေတာ့မွ တစ္ခ်က္သြားၾကည့္ရမယ္။”လို႔ ေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ေျမာက္ဒဂုံၿမိဳ႕နယ္ ၊ က်န္းမာေရးဦးစီးဌာနသို႔ ဖုန္းနဲ႔ဆက္သြယ္ခဲ့ေပမယ့္ ဆက္သြယ္မႈမရွိခဲ့ပါဘူး။

ဒီကေန႔မနက္ပိုင္းကလည္း အဆိုေတာ္၊ သ႐ုပ္ေဆာင္ ဦးရန္ပိုင္စိုး ကိုဗစ္ေရာဂါနဲ႔ေသဆံုးတယ္ဆိုတာကိုလည္း လူမႈကြန္ရက္စာမ်က္ႏွာအမ်ားစုမွာ ဝမ္းနည္းေၾကာင္းေရးတင္ထားတာကို ေတြ႕ရတဲ႔အတြက္ သက္ဆိုင္ရာအဖြဲ႔အစည္းေတြကို VOMကဆက္သြယ္ေမးျမန္းေနစဲျဖစ္ပါတယ္။

Photo – U Kyaw Thu
#voiceofmyanmar #VOM #ရန္ကုန္ #နာမႈကူညီေရး #ဦးေက်ာ္သူ #ကိုဗစ္ကူးစက္ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW