စစ်ကိုင်းမြို့မှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူအင်အား ၅ထောင်ကျော်နဲ့ အင်းအားပြ လှည့်လည်

စစ်ကိုင်းမြို့မှာ ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူအင်အား ၅ထောင်ကျော်နဲ့ အင်းအားပြ လှည့်လည်

အောက်တိုဘာ ၂၂ -၂၀၂၀
မောင်တာရာ (VOM)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP)ကို ဝန်းရံသူတွေက စစ်ကိုင်းမြို့အတွင်း စီတန်းလှည့်လည် အင်အားပြမှုတွေပြုလုပ်ခဲ့ပါတယ်။

အဲလို စီတန်းလှည့်လည် အင်အားပြရာမှာ ကားအစီးရေ ၂၀၀ ကျော် ၊ဆိုင်ကယ်အစီးရေ ၅၀၀ ခန့် လူဦးရေ ၅၀၀၀ ကျော် နဲ့ စစ်ကိုင်းမြို့၊ဆွမ်းချက်ရပ်မှာ စုရပ်ပြုလုပ်ပြီး မြို့အတွင်း လှည့်လည်အင်းအားပြခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းခေါင်က ပြောပါတယ်။

”အခြားပါတီတွေက လှည့်တာကို နေ့တိုင်းမြင်တော့ ပါတီဝန်းရံသူတွေက လှည့်ချင်ကြတယ်။ ကျွန်တော်တို့က အလှည့်မခံပါဘူး၊ ကိုယ်စားလှယ်လောင်းတွေကရော လှည့်တာကို လက်သင့်မခံဘူး၊ သူတို့ဟာ သူတို့လှည့်မယ်။ မလှည့်ခိုင်းရင် မဲမထည့်တော့ဘူးဆိုပြီး စကားတွေ ပြောလာကြတော့ အခုက ကျွန်တော်တို့ပါတီက ဦးဆောင်လုပ်တာ မဟုတ်ပါဘူး၊ ဝန်းရံသူတွေက သူ့တို့ဟာသူတို့ ပိုက်ဆံတွေစုပြီး လှည့်ကြတာ၊ ကျွန်တော်တို့ဆီမှာ ပါတီဝင်အင်းအားနည်းတယ်။ အများစုက ဝန်းရံသူတွေ၊ ကျွန်တော်တို့က မလုပ်စေချင်ပေးမယ့် သူတို့ကလုပ်ချင်နေတော့ ဘေးကနေ လိုက်ထိန်းပေးရတယ်”လို့ ကိုရဲမင်းခေါင်းကပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ ထောင်ချီက အင်အားပြလှည့်လည်ရာမှာ ကား၊ဆိုင်ကယ်တွေနဲ့ အကျီဆင်တူဝတ်ကာ ပါတီအလံလွင့်ထူ၊ ပါတီစည်းရုံးရေးသီချင်းတွေဖွင့်ပြီး စစ်ကိုင်းမြို့အတွင်း စီတန်းလှည့်လည်ခဲ့တာဖြစ်တဲ့အပြင် လှည့်လည်ရာမှာ ပါတီဝင်အနည်းစု ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ထားယုခိုင်ကတော့ ဝန်းရံံသူတွေကစီစဉ်ပြီး လုပ်ကြတာပါလို့ ပြောပါတယ်။

”အာမခံချက် (၁၁)ချက်ကိုယုံကြည်တယ်၊ အမျိုးဘာသာ သာသနာအတွက်လည်း ယုံကြည်မှုရှိတယ်၊ အခြေခံလူတန်းစားတွေကိုရော အရင် ၂၀၁၀ -၂၀၁၅ နှစ်တွေအတွင်းကလိုအဆင်ပြေနိုင်မယ်ထင်တယ်၊ ဒါကြောင့် ပါတီကို ဝန်းရံရခြင်းဖြစ်တယ်”လို့ ပါတီဝန်းရံသူတစ်ဦးဖြစ်သူ ကိုမြတ်ဘုန်းနိုင်က ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်က ဦးစိန်ခဲ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်က ဦးဝင်းတင့်၊ တိုင်းဒေသကြီးကိုယ်စားလှယ် မဲဆန္ဒနယ် ( ၁ )မှ ဦးမင်းမင်းဇေယျာမြင့်၊ တိုင်းဒေသကြီးကိုယ်စားလှယ် မဲဆန္ဒနယ် ( ၂ )မှ ဒေါ်ထားယုခိုင်တိုက ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ပြည်ခိုင်ဖြိုး #အင်းအားပြလှည့်လည်

Zawgyi

စစ္ကုိင္းၿမိဳ႔မွာ ျပည္ခုိင္ၿဖဳိးပါတီ ဝန္းရံသူအင္အား ၅ေထာင္ေက်ာ္နဲ႔ အင္းအားျပ လွည္႔လည္

ေအာက္တုိဘာ ၂၂ -၂၀၂၀
ေမာင္တာရာ (VOM)

စစ္ကိုင္းတိုင္း၊ စစ္ကုိင္းၿမဳိ႕မွာ ဒီကေန႔မနက္ပိုင္းက ျပည္ေထာင္စုႀကံ့ခုိင္ေရးနဲ႔ဖြ႔ံၿဖဳိးေရးပါတီ(USDP)ကို ၀န္းရံသူေတြက စစ္ကုိင္းၿမဳိ႕အတြင္း စီတန္းလွည့္လည္ အင္အားျပမွုေတြျပဳလုပ္ခဲ့ပါတယ္။

အဲလုိ စီတန္းလွည့္လည္ အင္အားျပရာမွာ ကားအစီးေရ ၂၀၀ ေက်ာ္ ၊ဆုိင္ကယ္အစီးေရ ၅၀၀ ခန္႔ လူဦးေရ ၅၀၀၀ ေက်ာ္ နဲ႕ စစ္ကုိင္းၿမဳိ႕၊ဆြမ္းခ်က္ရပ္မွာ စုရပ္ျပဳလုပ္ျပီး ၿမဳိ႕အတြင္း လွည့္လည္အင္းအားၿပခဲ့တာၿဖစ္တယ္လုိ႕ စစ္ကုိင္းတုိင္း ၿပည္ေထာင္စု ႀကံ့ခုိင္ေရးႏွင့္ဖြ႔ံၿဖဳိးေရးပါတီက ေျပာေရးဆုိခြင့္ရွိသူ ကုိရဲမင္းေခါင္က ေျပာပါတယ္။

”အၿခားပါတီေတြက လွည့္တာကုိ ေန႔တုိင္းၿမင္ေတာ့ ပါတီဝန္းရံသူေတြက လွည့္ခ်င္ႀကတယ္။ ကြ်န္ေတာ္တုိ႕က အလွည့္မခံပါဘူး၊ ကုိယ္စားလွယ္ေလာင္းေတြကေရာ လွည့္တာကုိ လက္သင့္မခံဘူး၊ သူတုိ့ဟာ သူတုိ့လွည့္မယ္။ မလွည့္ခုိင္းရင္ မဲမထည့္ေတာ့ဘူးဆုိျပီး စကားေတြ ေျပာလာႀကေတာ့ အခုက ကြ်န္ေတာ္တုိ့ပါတီက ဦးေဆာင္လုပ္တာ မဟုတ္ပါဘူး၊ ဝန္းရံသူေတြက သူ့တုိ့ဟာသူတုိ့ ပုိက္ဆံေတြစုျပီး လွည့္ႀကတာ၊ ကြ်န္ေတာ္တုိ့ဆီမွာ ပါတီဝင္အင္းအားနည္းတယ္။ အမ်ားစုက ဝန္းရံသူေတြ၊ ကြ်န္ေတာ္တုိ့က မလုပ္ေစခ်င္ေပးမယ့္ သူတုိ့ကလုပ္ခ်င္ေနေတာ့ ေဘးကေန လုိက္ထိန္းေပးရတယ္”လို႔ ကိုရဲမင္းေခါင္းကေျပာပါတယ္။

ၿပည္ခုိင္ၿဖဳိးပါတီ ဝန္းရံသူ ေထာင္ခ်ီက အင္အားျပလွည့္လည္ရာမွာ ကား၊ဆိုင္ကယ္ေတြနဲ႕ အက်ီဆင္တူ၀တ္ကာ ပါတီအလံလြင့္ထူ၊ ပါတီစည္း႐ုံးေရးသီခ်င္းေတြဖြင့္ၿပီး စစ္ကုိင္းၿမဳိ႕အတြင္း စီတန္းလွည့္လည္ခဲ့တာျဖစ္တဲ့အျပင္ လွည့္လည္ရာမွာ ပါတီဝင္အနည္းစု ပါဝင္တယ္လို႔ သိရပါတယ္။

စစ္ကုိင္းၿမဳိ႕နယ္ ၿပည္ေထာင္စု ႀကံ့ခုိင္ေရးႏွင့္ဖြ႔ံၿဖဳိးေရးပါတီက ဝင္ေရာက္ယွဥ္ၿပဳိင္မယ့္ တုိင္းေဒသႀကီးလႊတ္ေတာ္ကုိယ္စားလွယ္ေလာင္း ေဒၚထားယုခုိင္ကေတာ့ ဝန္းရံံသူေတြကစီစဥ္ၿပီး လုပ္ႀကတာပါလို႔ ေျပာပါတယ္။

”အာမခံခ်က္​ (၁၁)ခ်က္​ကိုယံုၾကည္​တယ္၊ အမ်ိဳးဘာသာ သာသနာအတြက္​လည္း ယံုၾကည္​မႈ႐ွိတယ္​၊ အ​ေျခခံလူတန္​းစား​ေတြကို​ေရာ အရင္​ ၂၀၁၀ -၂၀၁၅ ႏွစ္​​ေတြအတြင္​းကလိုအဆင္​​ေျပႏိုင္​မယ္​ထင္​တယ္​၊ ဒါေႀကာင့္ ပါတီကုိ ဝန္းရံရျခင္းျဖစ္တယ္”လို႔ ပါတီဝန္းရံသူတစ္ဦးၿဖစ္သူ ကုိျမတ္ဘုန္းႏုိင္က ေျပာပါတယ္။

၂၀၂၀ ၿပည့္ႏွစ္ ပါတီစုံဒီမုိကေရစီအေထြေထြေရြးေကာက္ပြဲမွာ စစ္ကုိင္းၿမဳိ႕နယ္ ၿပည္ေထာင္စုႀကံ့ခုိင္ေရးႏွင့္ဖြ႔ံၿဖဳိးေရးပါတီက ျပည္သူ႕လႊတ္ေတာ္မဲဆႏၵနယ္က ဦးစိန္ခဲ၊ အမ်ုိးသားလႊတ္ေတာ္မဲဆႏၵနယ္က ဦးဝင္းတင့္၊ တုိင္းေဒသႀကီးကုိယ္စားလွယ္ မဲဆႏၵနယ္ ( ၁ )မွ ဦးမင္းမင္းေဇယ်ာၿမင့္၊ တုိင္းေဒသႀကီးကုိယ္စားလွယ္ မဲဆႏၵနယ္ ( ၂ )မွ ေဒၚထားယုခုိင္တုိက ပါဝင္ယွဥ္ၿပဳိင္ႀကမွာၿဖစ္ပါတယ္။

#voiceofmyanmar #VOM #စစ္ကိုင္း #ျပည္ခိုင္ၿဖိဳး #အင္းအားျပလွည့္လည္

Related posts

Leave a Comment

VOM News

FREE
VIEW