တောင်ကုတ်က NLD ကိုယ်စားလှယ်လောင်း ၃ယောက်ကို AA က ဖမ်းထားတာနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ထုတ်ပြန်ချက်နောက်က ဂယက်

တောင်ကုတ်က NLD ကိုယ်စားလှယ်လောင်း ၃ယောက်ကို AA က ဖမ်းထားတာနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ထုတ်ပြန်ချက်နောက်က ဂယက်

 

အောက်တိုဘာ ၂၂-၂၀၂၀

ဆွေလင်းထွန်း(VOM)

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့တောင်ကုတ်ကလွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကိုအောက်တိုဘာ ၁၄ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ AA လက်နက်ကိုင်အဖွဲ့ကဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ NLD ပါတီက ကြေညာချက်တစောင်ကို အောက်တိုဘာ ၂၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ ကိုယ်စားလှယ်လောင်းသုံးဦးဟာ ဥပဒေဖောက်ဖျက်သူတွေ မဟုတ်တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ထုတ်ပြန်ချက်မှာ ကိုယ်စားလှယ်လောင်းသုံးဦးဟာ ဥပဒေဖောက်ဖျက်သူတွေ မဟုတ်ဘဲ AA အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ပါ အချက်တွေဟာ အခြေအမြစ်မရှိဘဲ တဖက်သတ် ကောက်ချက်ချမှုသာ ဖြစ်ကြောင်းနဲ့  AA အကြမ်းဖက်အဖွဲ့ရဲ့ လုပ်ရပ်တွေ‌ဟာ နောင်အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ရာမှာ ကြီးမားတဲ့ အဟတ့်အထားတခု ဖြစ်လာနိုင်တယ်လို့ ပါရှိပြီး ကိုယ်စားလှယ်လောင်းတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ တရားဝင်လူမှုကွန်ယက်စာမျက်နှာမှာ  အဲဒီ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး NLD ထောက်ခံသူတွေနဲ့ AA ထောက်ခံသူတွေကြားအပြန်အလှန် ပြစ်တင်ပြောဆိုတာတွေ ပေါ်ပေါက်နေပါတယ်။ အဲဒီပိုစ်ကို ငါထောင်ငါးရာကျော် လိုက်ခ်လုပ်ထားသလို သဘောထားမှတ်ချက်ပေးသူ ၃၁၇ ယောက်နဲ့ ပြန်လည်မျှဝေသူ ၁ထောင်နီးပါးရှိပါတယ်။

ဒီထဲမှာ NLD အမတ်လောင်းတွေကို ဖမ်းဆီးခဲ့တဲ့ AA ရဲ့ လုပ်ရပ်ဟာ အမျိုးသားရေးခေါင်းစဉ်တပ်ပြီး ဗမာမုန်းတီးရေး၊ လူမျိုးရေး မုန်းတီးရေး လုပ်ဆောင်နေတာ၊ သူပုန်အဖွဲ့လုပ်ရပ်မဟုတ်ဘဲသူခိုးဓားပြလုပ်ရပ်ဖြစ်နေတာ၊ လူမဆန်တဲ့လုပ်ရပ်ကို လုပ်တာ စတဲ့ အရေးအသားတွေကို NLD ပါတီရဲ့ တံဆိပ်ကို ပရိုဖိုင်တင်ထားတဲ့ အကောင့်တွေက ရေးသားခဲ့ကြပါတယ်။

ရခိုင်အမျိုးသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ AA ခေါင်းဆောင် ဦးထွန်းမြတ်နိုင်အပေါ်မှာလည်းအခြား လူမျိုးစုခေါင်းဆောင်တွေနဲ့ နှိုင်းယှဉ်ပြစ်တင်တာတွေ လုပ်ကြပါတယ်။ ချင်းလူမျိုးဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာဆာဆာက ချင်းပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းဖို့ ပညာရေး၊ ကျန်းမာရေးတွေ မြှင့်တင်ဖို့လုပ်ဆောင်နေချိန်မှာ ထွန်းမြတ်နိုင်ကတော့ရခိုင်လူမျိုးတွေဆီက ဂုတ်သွေးစုပ်ထားတာတွေနဲ့ ဒေသတွင်း စစ်မီးတောက်အောင်လုပ်နေတယ်လို့ စွပ်စွဲရေးသားထားပါတယ်။

Lad-Moelin Tun အမည်နဲ့ ဖေ့ဘုတ်သုံးစွဲသူတဦးကတော့ တိုင်းရင်းသားအချင်းချင်း ‌နှိုင်းယှဉ်ရေးသားမှုတွေဟာ လူမျိုးနှစ်မျိုးကြား အမုန်းတရား ဖြစ်စေကြောင်းနဲ့ ယုံကြည်ချက်အတွက်တိုက်ပွဲဝင်နေသူတွေချည်းသာ ဖြစ်ကြောင်း မှတ်ချက်ရေးသားထားပါတယ်။ အဆိုပါ စတေးတပ်ကို Facebook အသိအမှတ်ပြု blue mark ရထားတဲ့ အကောင့်တခုကနေ အောက်တိုဘာ ၂၀ရက်က ရေးသားခဲ့တာဖြစ်ပြီး ခုသတင်းရေးသားချိန်ထိ react ပြုလုပ်သူ ရှစ်ထောင်ကျော်၊မှတ်ချက်ရေးသားသူ ၆၄၀ နဲ့ ပြန်လည်မျှဝေသူ သုံးထောင်ကျော်ရှိနေပြီ ဖြစ်ပါတယ်။

AA အပေါ် စွပ်စွဲရေးသားတာတွေနဲ့ ပတ်သက်ပြီး ရခိုင်အမည်၊ ရခိုင်အလံတို့ကို ပရိုဖိုင်တင်ထားသူတွေဖက်ကလည်း တုံ့ပြန်ရေးသားခဲ့ကြပါတယ်။ NLD အစိုးရအနေနဲ့ တိုက်ပွဲအတွင်း ရခိုင်ပြည်သူတွေ သေဆုံးဒဏ်ရာရပြီး အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေ ဖမ်းခံရတုန်းက ငြိမ်းချမ်းရေးအတွက် မပြောဘဲ ကိုယ့်အမတ်လောင်းဖမ်းခံရမှ ငြိမ်းချမ်းရေးမပြောသင့်ကြောင်း၊ စကားကိုအမျိုးမျိုးပြောပြီး တိုင်းရင်းသားများ မျိုးပျောက်အောင် လုပ်နေတာဖြစ်ကြောင်း လူမှုကွန်ယက်ပေါ်မှာ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

လူမှုကွန်ယက်သုံးစွဲသူတချို့က AA အနေနဲ့ အစိုးရနဲ့ တပ်မတော်ကို မတော်လှန်ဘဲ ရိုဟင်ဂျာ(မူရင်း ဘင်္ဂါလီ) တွေကို တော်လှန်သင့်တယ်လို့ ရေးသားကြသူတွေလည်း ရှိပါတယ်။

အခုလို NLD ရဲ့ ထုတ်ပြန်ချက်နဲ့ လူမှုကွန်ယက်မှာ အပြန်အလှန် ပြစ်တင်ပြောဆိုနေမှူတွေနဲ့ပတ်သက်ပြီး တိုင်းရင်းသားအရေးလေ့လာသူ ဦးမောင်မောင်စိုးကို VOM က မေးမြန်းကြည့်တော့

” ရခိုင်မှာ ပြဿနာမြောက်မြားစွာရှိနေတဲ့ အခြေအနေမျိုးအောက်မှာ ဒီအကြောင်းအချက်တခုထဲက ငြိမ်းချမ်းရေးကို နှောင့်နှေးသွားစေတယ်ဆိုတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။လူမှုကွန်ယက်မှာ အပြန်အလှန် ပြစ်တင်ပြောဆိုနေကြတာတွေကတော့ ပဋိပက္ခအသစ်ပေါ့။စောစောပိုင်းကတော့ တပ်မတော်နဲ့ AA တိုက်ခိုက်နေတာပေါ့။ နောက်ပိုင်းမှာကျတော့ NLD အစိုးရကလည်း AA ကို အကြမ်းဖက်ကြေညာတယ်။ အကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲအနေနဲ့တပ်မတော်သားတွေကို ဒေါ်အောင်ဆန်းစုကြည်က ချီးကျူးဂုဏ်ပြုတယ်။ AA ကလည်း နိုင်ငံရေးအရရော ကျန်တဲ့ နည်းပေါင်းစုံနဲ့ရော NLD ကို ပြန်လည်တိုက်ခိုက်လာတာပေါ့။ အရပ်သားသေဆုံးမှုတွေ၊ အကြမ်းဖက်ခံရမှုတွေ၊ မုဒိမ်းကျင့်ခံရမှုတွေ စတဲ့ ပြဿနာပေါင်းစုံနဲ့ ပတ်သက်ပြီးNLD ကနှုတ်ဆိတ်နေတယ်။ တပ်မတော်ကို ကာကွယ်ပေးနေတယ်ဆိုတဲ့ အမြင်တွေ ရှိလာတယ်။အဲ့နောက်မှာ ပဋိပက္ခအသစ်ကတော့ AA ကို ထောက်ခံတဲ့ ရခိုင်လူထုနဲ့ NLD ကိုထောက်ခံတဲ့ ဒီမိုကရက်တစ်အင်အားစုတွေကြားမှာ ပဋိပက္ခအသစ်တခု ထပ်ပေါ်လာလိမ့်မယ်လို့ မြင်ပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ပြဿနာတွေကို ပိုဆိုးဝါးစေမယ့် အချက်တွေပဲလို့ ထင်ပါတယ်။ NLD ထောက်ခံတဲ့ လူတွေကလည်း သူ့ NLD ကိုထိရင်တော့ သူတို့လည်း ပြန်တုံ့ပြန်ကြမှာပေါ့။ သူ့ဖက်က ကြည့်ရင်တော့ သဘာဝကျတယ်လို့ ထင်မှာပေါ့။ AA ကိုထောက်ခံတဲ့လူတွေသို့မဟုတ် ရခိုင်လူထုကလည်း သူတို့ဘက်က သူတို့မှန်တယ်လို့ ထင်မှာပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့ မျှတတဲ့ ဖြေရှင်းမှုတခု မရှိရင်တော့ ပဋိပက္ခ ပိုဆိုးလာမှာပေါ့” လို့ သုံးသပ်ပါတယ်။

 

ဥရောပလူ့အခွင့်အရေး တရားရုံးက အမုန်းစကားအပေါ် အဓိပ္ပါယ် ဖွင့်ဆိုချက်မှာတော့

“လူနည်းစုများ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် ရွှေ့ပြောင်းနေထိုင်သူများမှ ဆင်းသက်လာသော လူများကို ဦးတည်၍ ရန်လိုသော အမျိုးသားရေးဝါဒနှင့် လူမျိုးရေးဝါဒ သဘောထားမကြီးမှုများ၊ခွဲခြားဆက်ဆံမှုများနှင့် ကြမ်းတမ်းခက်ထန်မှုများ အပါအဝင် လူမျိုးရေးအခြေပြု မုန်းတီးမှုများ၊နိုင်ငံခြားသား ကြောက်ရွံ့စိတ်၊ ဂျူးလူမျိုးဆန့်ကျင်ရေးဝါဒ သို့မဟုတ် အခြားသော မုန်းတီးမှုအခြေခံ သဘောထားမကြီးမှုများကို ပြောဆိုခြင်း၊ ဖြန့်ချိခြင်း၊ ပျံ့နှံ့စေခြင်း သိုမဟုတ် ယင်းသို့ပြုလုပ်ခြင်းက မှန်ကန်သည်၊ သင့်လျော်သည်ဆိုသည့် တိမ်းစောင်းစေသော ပြောဆိုမှု၊ ထုတ်ဖော်ပြသမှု၊ ရေးသားမှုအားလုံး ပါဝင်သည်” လို့ ပါရှိထားပါတယ်။

 

တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေကနေအမျိုးသားဒီမိုကရေစီအဖွဲချုပ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းသုံးဦးကို AA အဖွဲ့က အောက်တိုဘာ ၁၄ရက်က ဖမ်းဆီးခဲ့တာဖြစ်ပြီး အစိုးရက ဖမ်းဆီးထားတဲ့နိုင်ငံရေးသမားတွေ၊ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေကို ခြွင်းချက်မရှိလွှတ်ပေးရင် ဖမ်းဆီးထားတဲ့ အမတ်လောင်းတွေကို ပြန်လွှတ်ပေးမယ်လို့ အောက်တိုဘာ ၁၉ရက်က  AA က ကြေညာချက်တစောင် ထုတ်ပြန်ပြီး အသိပေးခဲ့တာတွေ့ရပါတယ်။

 

#voiceofmyanmar #VOM #AA #NLD

Zawgyi

ေတာင္ကုတ္က NLD ကိုယ္စားလွယ္ေလာင္း ၃ေယာက္ကို AA က ဖမ္းထားတာနဲ႔ပတ္သက္ၿပီး NLD ပါတီရဲ႕ ထုတ္ျပန္ခ်က္ေနာက္က ဂယက္

ေအာက္တိုဘာ ၂၂-၂၀၂၀
ေဆြလင္းထြန္း(VOM)

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ေတာင္ကုတ္ကလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း သုံးဦးကို ေအာက္တိုဘာ ၁၄ ရက္ေန႔က ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕မွာ AA လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးခဲ့တာနဲ႔ ပတ္သက္လို႔ NLD ပါတီက ေၾကညာခ်က္တေစာင္ကို ေအာက္တိုဘာ ၂၁ ရက္ ေန႔စြဲနဲ႔ ထုတ္ျပန္ခဲ့ပါတယ္။ ထုတ္ျပန္ခ်က္မွာ ကိုယ္စားလွယ္ေလာင္းသုံးဦးဟာ ဥပေဒေဖာက္ဖ်က္သူေတြ မဟုတ္တာေၾကာင့္ အျမန္ဆုံးျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

ထုတ္ျပန္ခ်က္မွာ ကိုယ္စားလွယ္ေလာင္းသုံးဦးဟာ ဥပေဒေဖာက္ဖ်က္သူေတြ မဟုတ္ဘဲ AA အၾကမ္းဖက္အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္ပါ အခ်က္ေတြဟာ အေျခအျမစ္မရွိဘဲ တဖက္သတ္ ေကာက္ခ်က္ခ်မႈသာ ျဖစ္ေၾကာင္းနဲ႔ AA အၾကမ္းဖက္အဖြဲ႕ရဲ႕ လုပ္ရပ္ေတြ‌ဟာ ေနာင္အနာဂတ္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ အေကာင္အထည္ေဖာ္ရာမွာ ႀကီးမားတဲ့ အဟတ့္အထားတခု ျဖစ္လာႏိုင္တယ္လို႔ ပါရွိၿပီး ကိုယ္စားလွယ္ေလာင္းေတြကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

အန္အယ္လ္ဒီပါတီရဲ႕ တရားဝင္လူမႈကြန္ယက္စာမ်က္ႏွာမွာ
အဲဒီ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး NLD ေထာက္ခံသူေတြနဲ႔ AA ေထာက္ခံသူေတြၾကား အျပန္အလွန္ ျပစ္တင္ေျပာဆိုတာေတြ ေပၚေပါက္ေနပါတယ္။ အဲဒီပိုစ္ကို ငါေထာင္ငါးရာေက်ာ္ လိုက္ခ္လုပ္ထားသလို သေဘာထားမွတ္ခ်က္ေပးသူ ၃၁၇ ေယာက္နဲ႔ ျပန္လည္မွ်ေဝသူ ၁ေထာင္နီးပါးရွိပါတယ္။

ဒီထဲမွာ NLD အမတ္ေလာင္းေတြကို ဖမ္းဆီးခဲ့တဲ့ AA ရဲ႕ လုပ္ရပ္ဟာ အမ်ိဳးသားေရးေခါင္းစဥ္တပ္ၿပီး ဗမာမုန္းတီးေရး၊ လူမ်ိဳးေရး မုန္းတီးေရး လုပ္ေဆာင္ေနတာ၊ သူပုန္အဖြဲ႕လုပ္ရပ္မဟုတ္ဘဲ သူခိုးဓားျပလုပ္ရပ္ျဖစ္ေနတာ၊ လူမဆန္တဲ့လုပ္ရပ္ကို လုပ္တာ စတဲ့ အေရးအသားေတြကို NLD ပါတီရဲ႕ တံဆိပ္ကို ပ႐ိုဖိုင္တင္ထားတဲ့ အေကာင့္ေတြက ေရးသားခဲ့ၾကပါတယ္။

ရခိုင္အမ်ိဳးသားလက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ AA ေခါင္းေဆာင္ ဦးထြန္းျမတ္ႏိုင္အေပၚမွာလည္း အျခား လူမ်ိဳးစုေခါင္းေဆာင္ေတြနဲ႔ ႏႈိင္းယွဥ္ျပစ္တင္တာေတြ လုပ္ၾကပါတယ္။ ခ်င္းလူမ်ိဳးဆရာဝန္တေယာက္ျဖစ္တဲ့ ေဒါက္တာဆာဆာက ခ်င္းျပည္နယ္မွာ လမ္းပန္းဆက္သြယ္ေရးေကာင္းဖို႔ ပညာေရး၊ က်န္းမာေရးေတြ ျမႇင့္တင္ဖို႔လုပ္ေဆာင္ေနခ်ိန္မွာ ထြန္းျမတ္ႏိုင္ကေတာ့ ရခိုင္လူမ်ိဳးေတြဆီက ဂုတ္ေသြးစုပ္ထားတာေတြနဲ႔ ေဒသတြင္း စစ္မီးေတာက္ေအာင္လုပ္ေနတယ္လို႔ စြပ္စြဲေရးသားထားပါတယ္။

Lad-Moelin Tun အမည္နဲ႔ ေဖ့ဘုတ္သုံးစြဲသူတဦးကေတာ့ တိုင္းရင္းသားအခ်င္းခ်င္း ႏႈိင္းယွဥ္ေရးသားမႈေတြဟာ လူမ်ိဳးႏွစ္မ်ိဳးၾကား အမုန္းတရား ျဖစ္ေစေၾကာင္းနဲ႔ ယုံၾကည္ခ်က္အတြက္ တိုက္ပြဲဝင္ေနသူေတြခ်ည္းသာ ျဖစ္ေၾကာင္း မွတ္ခ်က္ေရးသားထားပါတယ္။ အဆိုပါ စေတးတပ္ကို Facebook အသိအမွတ္ျပဳ blue mark ရထားတဲ့ အေကာင့္တခုကေန ေအာက္တိုဘာ ၂၀ ရက္က ေရးသားခဲ့တာျဖစ္ၿပီး ခုသတင္းေရးသားခ်ိန္ထိ react ျပဳလုပ္သူ ရွစ္ေထာင္ေက်ာ္၊ မွတ္ခ်က္ေရးသားသူ ၆၄၀ နဲ႔ ျပန္လည္မွ်ေဝသူ သုံးေထာင္ေက်ာ္ရွိေနၿပီ ျဖစ္ပါတယ္။

AA အေပၚ စြပ္စြဲေရးသားတာေတြနဲ႔ ပတ္သက္ၿပီး ရခိုင္အမည္၊ ရခိုင္အလံတို႔ကို ပ႐ိုဖိုင္တင္ထားသူေတြဖက္ကလည္း တုံ႔ျပန္ေရးသားခဲ့ၾကပါတယ္။ NLD အစိုးရအေနနဲ႔ တိုက္ပြဲအတြင္း ရခိုင္ျပည္သူေတြ ေသဆုံးဒဏ္ရာရၿပီး အရပ္သားေတြ၊ တက္ႂကြလႈပ္ရွားသူေတြနဲ႔ ေက်ာင္းသားေတြ ဖမ္းခံရတုန္းက ၿငိမ္းခ်မ္းေရးအတြက္ မေျပာဘဲ ကိုယ့္အမတ္ေလာင္းဖမ္းခံရမွ ၿငိမ္းခ်မ္းေရးမေျပာသင့္ေၾကာင္း၊ စကားကိုအမ်ိဳးမ်ိဳးေျပာၿပီး တိုင္းရင္းသားမ်ား မ်ိဳးေပ်ာက္ေအာင္ လုပ္ေနတာျဖစ္ေၾကာင္း လူမႈကြန္ယက္ေပၚမွာ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္။

လူမႈကြန္ယက္သုံးစြဲသူတခ်ိဳ႕က AA အေနနဲ႔ အစိုးရနဲ႔ တပ္မေတာ္ကို မေတာ္လွန္ဘဲ ႐ိုဟင္ဂ်ာ(မူရင္း ဘဂၤါလီ) ေတြကို ေတာ္လွန္သင့္တယ္လို႔ ေရးသားၾကသူေတြလည္း ရွိပါတယ္။

အခုလို NLD ရဲ႕ ထုတ္ျပန္ခ်က္နဲ႔ လူမႈကြန္ယက္မွာ အျပန္အလွန္ ျပစ္တင္ေျပာဆိုေနမႉေတြနဲ႔ ပတ္သက္ၿပီး တိုင္းရင္းသားအေရးေလ့လာသူ ဦးေမာင္ေမာင္စိုးကို VOM က ေမးျမန္းၾကည့္ေတာ့
” ရခိုင္မွာ ျပႆနာေျမာက္ျမားစြာရွိေနတဲ့ အေျခအေနမ်ိဳးေအာက္မွာ ဒီအေၾကာင္းအခ်က္တခုထဲက ၿငိမ္းခ်မ္းေရးကို ေႏွာင့္ေႏွးသြားေစတယ္ဆိုတာမ်ိဳးကေတာ့ မျဖစ္သင့္ဘူးလို႔ ထင္ပါတယ္။ လူမႈကြန္ယက္မွာ အျပန္အလွန္ ျပစ္တင္ေျပာဆိုေနၾကတာေတြကေတာ့ ပဋိပကၡအသစ္ေပါ့။ ေစာေစာပိုင္းကေတာ့ တပ္မေတာ္နဲ႔ AA တိုက္ခိုက္ေနတာေပါ့။ ေနာက္ပိုင္းမွာက်ေတာ့ NLD အစိုးရကလည္း AA ကို အၾကမ္းဖက္ေၾကညာတယ္။ အၾကမ္းဖက္ႏွိမ္နင္းေရးစစ္ပြဲအေနနဲ႔ တပ္မေတာ္သားေတြကို ေဒၚေအာင္ဆန္းစုၾကည္က ခ်ီးက်ဴးဂုဏ္ျပဳတယ္။ AA ကလည္း ႏိုင္ငံေရးအရေရာ က်န္တဲ့ နည္းေပါင္းစုံနဲ႔ေရာ NLD ကို ျပန္လည္တိုက္ခိုက္လာတာေပါ့။ အရပ္သားေသဆုံးမႈေတြ၊ အၾကမ္းဖက္ခံရမႈေတြ၊ မုဒိမ္းက်င့္ခံရမႈေတြ စတဲ့ ျပႆနာေပါင္းစုံနဲ႔ ပတ္သက္ၿပီး NLD ကႏႈတ္ဆိတ္ေနတယ္။ တပ္မေတာ္ကို ကာကြယ္ေပးေနတယ္ဆိုတဲ့ အျမင္ေတြ ရွိလာတယ္။ အဲ့ေနာက္မွာ ပဋိပကၡအသစ္ကေတာ့ AA ကို ေထာက္ခံတဲ့ ရခိုင္လူထုနဲ႔ NLD ကိုေထာက္ခံတဲ့ ဒီမိုကရက္တစ္အင္အားစုေတြၾကားမွာ ပဋိပကၡအသစ္တခု ထပ္ေပၚလာလိမ့္မယ္လို႔ ျမင္ပါတယ္။ ဒါဟာ ေကာင္းတဲ့လကၡဏာ မဟုတ္ပါဘူး။ ျပႆနာေတြကို ပိုဆိုးဝါးေစမယ့္ အခ်က္ေတြပဲလို႔ ထင္ပါတယ္။ NLD ေထာက္ခံတဲ့ လူေတြကလည္း သူ႔ NLD ကိုထိရင္ေတာ့ သူတို႔လည္း ျပန္တုံ႔ျပန္ၾကမွာေပါ့။ သူ႔ဖက္က ၾကည့္ရင္ေတာ့ သဘာဝက်တယ္လို႔ ထင္မွာေပါ့။ AA ကိုေထာက္ခံတဲ့လူေတြ သို႔မဟုတ္ ရခိုင္လူထုကလည္း သူတို႔ဘက္က သူတို႔မွန္တယ္လို႔ ထင္မွာေပါ့။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ မွ်တတဲ့ ေျဖရွင္းမႈတခု မရွိရင္ေတာ့ ပဋိပကၡ ပိုဆိုးလာမွာေပါ့” လို႔ သုံးသပ္ပါတယ္။

ဥေရာပလူ႔အခြင့္အေရး တရား႐ုံးက အမုန္းစကားအေပၚ အဓိပၸါယ္ ဖြင့္ဆိုခ်က္မွာေတာ့
“လူနည္းစုမ်ား၊ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားႏွင့္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားမွ ဆင္းသက္လာေသာ လူမ်ားကို ဦးတည္၍ ရန္လိုေသာ အမ်ိဳးသားေရးဝါဒႏွင့္ လူမ်ိဳးေရးဝါဒ သေဘာထားမႀကီးမႈမ်ား၊ ခြဲျခားဆက္ဆံမႈမ်ားႏွင့္ ၾကမ္းတမ္းခက္ထန္မႈမ်ား အပါအဝင္ လူမ်ိဳးေရးအေျချပဳ မုန္းတီးမႈမ်ား၊ ႏိုင္ငံျခားသား ေၾကာက္႐ြံ႕စိတ္၊ ဂ်ဴးလူမ်ိဳးဆန႔္က်င္ေရးဝါဒ သို႔မဟုတ္ အျခားေသာ မုန္းတီးမႈအေျခခံ သေဘာထားမႀကီးမႈမ်ားကို ေျပာဆိုျခင္း၊ ျဖန႔္ခ်ိျခင္း၊ ပ်ံ႕ႏွံ႔ေစျခင္း သိုမဟုတ္ ယင္းသို႔ျပဳလုပ္ျခင္းက မွန္ကန္သည္၊ သင့္ေလ်ာ္သည္ဆိုသည့္ တိမ္းေစာင္းေစေသာ ေျပာဆိုမႈ၊ ထုတ္ေဖာ္ျပသမႈ၊ ေရးသားမႈအားလုံး ပါဝင္သည္” လို႔ ပါရွိထားပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ ျပည္နယ္လႊတ္ေတာ္ေတြကေန အမ်ိဳးသားဒီမိုကေရစီအဖြဲခ်ဳပ္ ကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းသုံးဦးကို AA အဖြဲ႕က ေအာက္တိုဘာ ၁၄ရက္က ဖမ္းဆီးခဲ့တာျဖစ္ၿပီး အစိုးရက ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးသမားေတြ၊ ၿငိမ္းခ်မ္းေရးအတြက္ ဆႏၵျပခဲ့ၾကတဲ့ ေက်ာင္းသားေတြကို ႁခြင္းခ်က္မရွိလႊတ္ေပးရင္ ဖမ္းဆီးထားတဲ့ အမတ္ေလာင္းေတြကို ျပန္လႊတ္ေပးမယ္လို႔ ေအာက္တိုဘာ ၁၉ရက္က AA က ေၾကညာခ်က္တေစာင္ ထုတ္ျပန္ၿပီး အသိေပးခဲ့တာေတြ႕ရပါတယ္။

#voiceofmyanmar #VOM #AA #NLD

 

Related posts

Leave a Comment

VOM News

FREE
VIEW