ပလက်ဝမြို့နယ်ပြင်ပကိုရောက်နေသူတွေ အောက်တိုဘာ ၂၅ရက်နောက်ဆုံးထားပြီး ကြိုတင်မဲလျှောက်ထားရမယ်

ပလက်ဝမြို့နယ်ပြင်ပကိုရောက်နေသူတွေ အောက်တိုဘာ ၂၅ရက်နောက်ဆုံးထားပြီး ကြိုတင်မဲလျှောက်ထားရမယ်

အောက်တိုဘာ ၂၂-၂၀၂၀
အေးချမ်းသူ(VOM)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ပြင်ပကို ရောက်ရှိနေတဲ့ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့
၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့် အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် ကြိုတင်မဲထည့်နိုင်ဖို့ ချင်းပြည်နယ်အစိုးရက စီစဉ်ထားတယ်လို့ ချင်းပြည်နယ်စည်ပင်သာယာရေးလျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က VOMကို ပြောပါတယ်။

“ပလက်ဝမြို့နယ်အတွင်းမှာ မဲစာရင်းနာမည်ပါပြီး၊ ပလက်ဝမြို့နယ်ပြင်ပကို ရောက်ရှိနေတဲ့သူတွေအတွက် ကြိုတင်မဲထည့်နိုင်ရန်အတွက်စီစဉ်ထားတယ်။ ကိုယ်ရောက်ရှိနေတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကိုသွားပြီး ပုံစံ ၁၅ ဖြင့်လျှောက်ထားတောင်းခံပြီး ပလက်ဝမြို့နယ်ကော်မရှင်ရုံးကို ပေးပို့ရမှာ၊ ကြိုတင်မဲလက်မှတ်များကို ပလက်ဝမှာ မဲစာရင်းပါဝင်သူများသာမဲထည့်နိုင်မှာဖြစ်တယ်၊ အခြားမြို့တွေမှာ ပုံစံ ၃(က)ဝင်ပြီးသူတွေက ပုံစံ ၁၅ လျှောက်ထားခွင့်မရှိဘူး ၊ကြိုတင်မဲလက်မှတ်ပုံစံ -၁၅ လျှောက်ထားရမယ့် နောက်ဆုံးရက်ဟာ အောက်တိုဘာလ ၂၅ ရက် ဖြစ်ပြီး ပလက်ဝမြို့နယ်ကော်မရှင်မှ မဲလက်မှတ်နောက်ဆုံးပို့ရမှာသည် နိုဝင်ဘာလ ၁ရက်နေ့ဖြစ်တယ်”လို့ ချင်းပြည်နယ်စည်ပင်သာယာရေးလျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးစိုးထက်ကပြောပါတယ်။

ပလက်ဝမြို့နယ်ပြင်ပကိုရောက်ရှိနေတဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ကြိုတင်မဲတွေကို ပလက်ဝမြို့နယ်ကော်မရှင်ရုံးအရောက်ချောလမ်းကြောင်းနဲ့ နိုဝင်ဘာ ၈ရက်နေ့ ညနေ၄နာရီမတိုင်မီ အရောက်ပို့မှာဖြစ်ပါတယ်။

ချောလမ်းကြောင်းအနေနဲ့ ပလက်ဝ-ဆမီး-မတူပီကားလမ်းအတိုင်း၊ မတူပီ -ဆမီး – ပလက်ဝကားလမ်းကြောင်းအတိုင်း ကားနဲ့စီစဉ်ပေးမှာဖြစ်ပြီး ပလက်ဝနဲ့မတူပီစာတိုက်တွေကိုလည်းညိုနှိုင်းထားတယ်လို့ ဝန်ကြီးဦးစိုးထက်ကရှင်းပြပါတယ်။

ပလက်ဝစစ်ဘေးရှောင်စခန်းတွေမှာနေထိုင်တဲ့ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးဖို့ အခက်အခဲမရှိပေမယ့်လည်း လုံခြုံရေးမရှိတဲ့နေရာတွေမှာ မဲပေးဖို့အခက်အခဲရှိတယ်လို့ ဝန်ကြီးဦးစိုးထက်ကပြောပါတယ်။

“နယ်မြေအေးချမ်းတဲ့ နေရာသွားဖို့အတွက် နယ်မြေမအေးချမ်းတဲ့နေရာကို ဖြတ်ရတော့ တစ်ချို့မဲပေးမဲ့သူတွေအတွက် နည်းနည်းတော့အခက်အခဲရှိပါတယ်”လို့ ဝန်ကြီးဦးစိုးထက်ကပြောပါတယ်။

ပလက်ဝမြို့နယ်မှာ၂၀၂၀အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း(၁၇၉)ရုံနဲ့ကျင်းပဖို့လျာထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၆၂၈၄၅)ဦးကျော်ရှိတယ်လို့ ချင်းပြည်နယ်စည်ပင်သာယာရေးလျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဦးစိုးထက်က VOMကို ပြောပါတယ်။

#voiceofmyanmar #VOM #ပလက်ဝ #ရွေးကောက်ပွဲ

Zawgyi

ပလက္ဝၿမိဳ့နယ္ျပင္ပကိုေရာက္ေနသူေတြ ေအာက္တိုဘာ ၂၅ရက္ေနာက္ဆံုးထားၿပီး ႀကိဳတင္မဲေလွ်ာက္ထားရမယ္

ေအာက္တိုဘာ ၂၂-၂၀၂၀
ေအးခ်မ္းသူ(VOM)

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ျပင္ပကို ေရာက္႐ွိေနတဲ့ မဲဆႏၵ႐ွင္ျပည္သူေတြအေနနဲ႔
၂၀၂၀ျပည့္ႏွစ္၊ ပါတီစုံဒီမိုကေရစီအေထြေထြေရြးေကာက္ပြဲမွာ မဲေပးခြင့္ အခြင့္အေရးမ်ား မဆုံးရွုံးေစေရးအတြက္ ၾကိဳတင္မဲထည့္ႏိ္ုင္ဖို႔ ခ်င္းျပည္နယ္အစုိးရက စီစဥ္ထားတယ္လို႔ ခ်င္းျပည္နယ္စည္ပင္သာယာေရးလၽွပ္စစ္ႏွင့္စက္မွုလက္မွုဝန္ႀကီး ဦးစိုးထက္က VOMကုိ ေျပာပါတယ္။

“ပလက္ဝၿမိဳ့နယ္အတြင္းမွာ မဲစာရင္းနာမည္ပါၿပီး၊ ပလက္ဝၿမိဳ့နယ္ျပင္ပကို ေရာက္ရွိေနတဲ့သူေတြအတြက္ ၾကိဳတင္မဲထည့္ႏိ္ုင္ရန္အတြက္စီစဥ္ထားတယ္။ ကိုယ္ေရာက္ရွိေနတဲ့ ၿမိဳ့နယ္ေရြးေကာက္ပြဲေကာ္မရွင္႐ုံးကိုသြားၿပီး ပုံစံ ၁၅ ျဖင့္ေလၽွာက္ထားေတာင္းခံျပီး ပလက္ဝၿမိဳ႕နယ္ေကာ္မ႐ွင္႐ုံးကုိ ေပးပုိ႔ရမွာ၊ ႀကိဳတင္မဲလက္မွတ္မ်ားကို ပလက္ဝမွာ မဲစာရင္းပါဝင္သူမ်ားသာမဲထည့္ႏိုင္မွာျဖစ္တယ္၊ အျခားၿမိဳ႔ေတြမွာ ပုံစံ ၃(က)ဝင္ၿပီးသူေတြက ပုံစံ ၁၅ ေလွ်ာက္ထားခြင့္မရွိဘူး ၊ႀကိဳတင္မဲလက္မွတ္ပုံစံ -၁၅ ေလွ်ာက္ထားရမယ့္ ေနာက္ဆုံးရက္ဟာ ေအာက္တိုဘာလ ၂၅ ရက္ ျဖစ္ၿပီး ပလက္ဝၿမိဳ့နယ္ေကာ္မရွင္မွ မဲလက္မွတ္ေနာက္ဆုံးပို့ရမွာသည္ နိုဝင္ဘာလ ၁ရက္ေန႔ျဖစ္တယ္”လို႔ ခ်င္းျပည္နယ္စည္ပင္သာယာေရးလၽွပ္စစ္ႏွင့္စက္မွုလက္မွုဝန္ႀကီးဦးစိုးထက္ကေျပာပါတယ္။

ပလက္ဝျမိဳ႕နယ္ျပင္ပကိုေရာက္ရွိေနတဲ့ မဲဆႏၵရွင္ျပည္သူေတြရဲ႔ ၾကိဳတင္မဲေတြကို ပလက္ဝၿမိဳ့နယ္ေကာ္မရွင္႐ုံးအေရာက္ေခ်ာလမ္းေၾကာင္းနဲ႔ ႏိုဝင္ဘာ ၈ရက္ေန႔ ညေန၄နာရီမတိုင္မီ အေရာက္ပို့မွာျဖစ္ပါတယ္။

ေခ်ာလမ္းေၾကာင္းအေနနဲ႔ ပလက္ဝ-ဆမီး-မတူပီကားလမ္းအတိုင္း၊ မတူပီ -ဆမီး – ပလက္ဝကားလမ္းေၾကာင္းအတိုင္း ကားနဲ႔စီစဥ္ေပးမွာျဖစ္ၿပီး ပလက္ဝနဲ႔မတူပီစာတိုက္ေတြကိုလည္းညိဳႏိႈင္းထားတယ္လို႔ ဝန္ႀကီးဦးစိုးထက္က႐ွင္းျပပါတယ္။

ပလက္ဝစစ္ေဘးေ႐ွာင္စခန္းေတြမွာေနထုိင္တဲ့ မဲဆႏၵ႐ွင္ေတြအေနနဲ႔ မဲေပးဖို႔ အခက္အခဲမ႐ွိေပမယ့္လည္း လုံျခဳံေရးမ႐ွိတဲ့ေနရာေတြမွာ မဲေပးဖို႔အခက္အခဲ႐ွိတယ္လို႔ ဝန္ႀကီးဦးစိုးထက္ကေျပာပါတယ္။

“နယ္ေျမေအးခ်မ္းတဲ့ ေနရာသြားဖုိ႔အတြက္ နယ္ေျမမေအးခ်မ္းတဲ့ေနရာကုိ ျဖတ္ရေတာ့ တစ္ခ်ိဳ႕မဲေပးမဲ့သူေတြအတြက္ နည္းနည္းေတာ့အခက္အခဲ႐ွိပါတယ္”လို႔ ဝန္ႀကီးဦးစိုးထက္ကေျပာပါတယ္။

ပလက္ဝၿမိဳ့နယ္မွာ၂၀၂၀အေထြေထြေရြးေကာက္ပြဲကို မဲ႐ုံေပါင္း(၁၇၉)႐ုံနဲ႔က်င္းပဖို႔လ်ာထားၿပီး ဆႏၵမဲေပးပိုင္ခြင့္ရွိသူ (၆၂၈၄၅)ဦးေက်ာ္႐ွိတယ္လို႔ ခ်င္းျပည္နယ္စည္ပင္သာယာေရးလၽွပ္စစ္ႏွင့္စက္မွုလက္မွုဝန္ႀကီးဦးစိုးထက္က VOMကုိ ေျပာပါတယ္။

#voiceofmyanmar #VOM #ပလက္ဝ #ေရြးေကာက္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW