ဘန်ကောက်မှာ အရေးပေါ်အမိန့်ကို ထိုင်းအစိုးရရုပ်သိမ်းပေး၊ ဝန်ကြီးချုပ် သုံးရက်အတွင်း နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆို

ဘန်ကောက်မှာ အရေးပေါ်အမိန့်ကို ထိုင်းအစိုးရရုပ်သိမ်းပေး၊ ဝန်ကြီးချုပ် သုံးရက်အတွင်း နှုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေ တောင်းဆို

ဘန်ကောက်၊ အောက်တိုဘာ ၂၂-၂၀၂၀
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အရေးပေါ်အမိန့်တစ်ရပ်ပြဌာန်းပြီး အစိုးရဆန့်ကျင်ရေး အကြီးအကျယ် ဆန္ဒပြမှုတွေကို ရပ်တန့်ဖို့ကြိုးစားပေမယ့် မအောင်မြင်ပြီးနောက် အများပြည်သူစုဝေးခွင့်ကို ပိတ်ပင်ထားချက်ကို ထိုင်းအစိုးရက ရုပ်သိမ်းလိုက်ပါတယ်။

ထိုင်းအစိုးရဟာ လူ ၄ ဦးထက်ကျော်ပြီး စုဝေးခွင့်ကို ပိတ်ပင်ပြီး ညမထွက်ရအမိန့်ပါဝင်တဲ့ အရေးပေါ်အမိန့်တစ်ရပ်ကို ကြေညာခဲ့ပေမယ့်လည်း မကြာသေးမီရက်တွေအတွင်း ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

ဆိုးဆိုးရွားရွားအခြေအနေတွေ လျော့ပါးသွားတာကြောင့် အရေးပေါ်အမိန့်အစီအမံတွေကို ရုပ်သိမ်းလိုက်တာလို့ ထိုင်းအစိုးရကတော့ ပြောပါတယ်။ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေဟာ မကြာသေးမီနှစ်တွေအတွင်း ထိုင်းနိုင်ငံမှာ အကြီးမားဆုံးဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေကတော့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို သုံးရက်အတွင်း ရာထူးကနေနှုတ်ထွက်ပေးဖို့ ရာဇသံပေးထားပြီး ဒီလိုမှမဟုတ်ရင် လမ်းပေါ်ထွက်ဆန္ဒပြမှုတွေနဲ့ အကြီးအကျယ်ရင်ဆိုင်ရလိမ့်မယ်လို့ ပြောပါတယ်။

နှစ်ဘက်လုံးအနေနဲ့ မတူကွဲပြားမှုတွေကို ပါလီမန်လုပ်ငန်းစဉ်မှတစ်ဆင့် ဆွေးနွေးဖြေရှင်းတာဟာ အကောင်းဆုံးဖြေရှင်းနည်းတစ်ရပ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်ချန်အိုချာက ဆိုပါတယ်။

ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ပါလီမန်အရေးပေါ်အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာ ကျင်းပသွားဖို့ရှိနေပါတယ်။

Ref : BBC/NHK
Photo: Getty Images
#voiceofmyanmar #VOM #ဘန်ကောက်

Zawgyi

ဘန္ေကာက္မွာ အေရးေပၚအမိန္႔ကို ထိုင္းအစိုးရရုပ္သိမ္းေပး၊ ၀န္ၾကီးခ်ဳပ္ သံုးရက္အတြင္း နႈတ္ထြက္ေပးဖို႔ ဆႏၵျပသူေတြ ေတာင္းဆို

ဘန္ေကာက္၊ ေအာက္တိုဘာ ၂၂-၂၀၂၀
မ်ိဳးဆက္(VOM)

ထိုင္းနုိင္ငံ၊ ဘန္ေကာက္ျမိဳ႕မွာ အေရးေပၚအမိန္႔တစ္ရပ္ျပဌာန္းျပီး အစိုးရဆန္႔က်င္ေရး အၾကီးအက်ယ္ ဆႏၵျပမႈေတြကို ရပ္တန္႔ဖို႔ၾကိဳးစားေပမယ္႔ မေအာင္ျမင္ျပီးေနာက္ အမ်ားျပည္သူစုေ၀းခြင္႔ကို ပိတ္ပင္ထားခ်က္ကို ထိုင္းအစိုးရက ရုပ္သိမ္းလိုက္ပါတယ္။

ထိုင္းအစိုးရဟာ လူ ၄ ဦးထက္ေက်ာ္ျပီး စုေ၀းခြင္႔ကို ပိတ္ပင္ျပီး ညမထြက္ရအမိန္႔ပါ၀င္တဲ႔ အေရးေပၚအမိန္႔တစ္ရပ္ကို ေၾကညာခဲ႔ေပမယ္႔လည္း မၾကာေသးမီရက္ေတြအတြင္း ဆႏၵျပမႈေတြ ဆက္လက္ျဖစ္ပြားခဲ႔ပါတယ္။

ဆိုးဆိုးရြားရြားအေျခအေနေတြ ေလ်ာ႔ပါးသြားတာေၾကာင္႔ အေရးေပၚအမိန္႔အစီအမံေတြကို ရုပ္သိမ္းလိုက္တာလို႔ ထိုင္းအစိုးရကေတာ႔ ေျပာပါတယ္။ ျဖစ္ပြားေနတဲ႔ ဆႏၵျပမႈေတြဟာ မၾကာေသးမီနွစ္ေတြအတြင္း ထိုင္းနိုင္ငံမွာ အၾကီးမားဆံုးျဖစ္ပါတယ္။

ဆႏၵျပေခါင္းေဆာင္ေတြကေတာ႔ ထိုင္း၀န္ၾကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာကို သံုးရက္အတြင္း ရာထူးကေနနႈတ္ထြက္ေပးဖို႔ ရာဇသံေပးထားျပီး ဒီလိုမွမဟုတ္ရင္ လမ္းေပၚထြက္ဆႏၵျပမႈေတြနဲ႔ အၾကီးအက်ယ္ရင္ဆိုင္ရလိမ္႔မယ္လို႔ ေျပာပါတယ္။

နွစ္ဘက္လံုးအေနနဲ႔ မတူကြဲျပားမႈေတြကို ပါလီမန္လုပ္ငန္းစဥ္မွတစ္ဆင္႔ ေဆြးေႏြးေျဖရွင္းတာဟာ အေကာင္းဆံုးေျဖရွင္းနည္းတစ္ရပ္ျဖစ္တယ္လို႔ ၀န္ၾကီးခ်ဳပ္ခ်န္အိုခ်ာက ဆိုပါတယ္။

ဆႏၵျပမႈေတြနဲ႔ပတ္သက္ျပီး ေဆြးေႏြးဖို႔ ပါလီမန္အေရးေပၚအစည္းအေ၀းကို ေအာက္တိုဘာ ၂၆ ရက္နဲ႔ ၂၇ ရက္တို႔မွာ က်င္းပသြားဖို႔ရိွေနပါတယ္။

Ref : BBC/NHK
Photo: Getty Images
#voiceofmyanmar #VOM #ဘန္ေကာက္

Related posts

Leave a Comment

VOM News

FREE
VIEW