အုပ်စုလိုက် ဓါးထိုးလူသတ်မှု ကျူးလွန်ခဲ့သူတွေကို ဖမ်းမိ

အုပ်စုလိုက် ဓါးထိုးလူသတ်မှု ကျူးလွန်ခဲ့သူတွေကို ဖမ်းမိ

အောက်တိုဘာ ၂၂-၂၀၂၀
ဖြူဖြူ(VOM)

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ရက်နေ့ ညပိုင်းက နာရီပိုင်းအတွင်း အုပ်စုလိုက်ဓါးထိုးမှုနှစ်ခုဖြစ်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ ကျူးလွန်သူအယောက် ၂၀ ကျော်ကို ဖမ်းဆီးရမိထားပြီဖြစ်တယ်လို့ အမှတ် ၇ ရဲစခန်းကနေ သိရပါတယ်။

“ ၂ မှုလုံးမိပြီ။ ဟုတ်တယ်၊ တစ်ဖွဲ့တည်းပဲဗျ။ အရင်ရက်တွေတုန်းက ရန်ဖြစ်ဖူးတဲ့အငြိုးတွေလို့ ပြောတယ်။ လူငယ်လူရွယ်တွေဆိုတော့ ဝန်ခံကြပါတယ်”လို့ အမှတ် ၇ ရဲစခန်းက ရဲအုပ်ဇော်ဝေလင်းက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းက မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ အရာတော်ရပ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးနဲ့ လူအသွားအလာမပြတ်တဲ့ ၃၈ လမ်းနဲ့ ၇၈ လမ်းအနီးမှာ ဓါးထိုးမှုတွေ နာရီပိုင်းအတွင်း ရှေ့ဆင့်နောက်ဆင့် ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဆိုင်ကယ်တွေနဲ့ အုပ်စုလိုက် ကျူးလွန်ခဲ့တာဖြစ်တဲ့အတွက် CCTV မှတ်တမ်းတွေနဲ့ ဆိုင်ကယ်နံပါတ်တွေကို က.ည.န ကနေ တဆင့်စုံစမ်းတာတွေကြောင့် ဖော်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ အမှတ် ၉ ရဲစခန်းက ဒု-ရဲမှူးသိန်းဇော်ဦးက ပြောပါတယ်။

အရာတော်ရပ်မှာဖြစ်ပေါ်ခဲ့တဲ့ ဓါးထိုးမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးသေဆုံးခဲ့ပြီး ၇၈ လမ်းဘက်မှာတော့ လူလတ်ပိုင်းအမျိုးသားနှစ်ဦး ဓါးဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျူးလွန်သူ ၂၂ ယောက်ထဲက ၂၁ ယောက်ကို ဖမ်းမိထားပြီး ဖြစ်စဉ်အလိုက် အမှတ် ၇ ရဲစခန်းနဲ့ အမှတ် ၉ ရဲစခန်းတို့မှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

အမှတ် ၇ ရဲစခန်းမှာ လူသတ်မှုအတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂နဲ့ အမှုဖွင့်ထားပြီး အမှတ် ၉ ရဲစခန်းမှာတော့ နာကျင်စေမှုပုဒ်မတွေဖြစ်တဲ့ ၃၂၃၊ ၃၂၄ ၊ ၃၂၅၊ ၃၂၆ ၊ အားပေးကူညီမှုပုဒ်မ-၁၁၄ တို့နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ကျူးလွန်သူတွေထဲမှာ အသက် ၁၈ နှစ်အောက်လူငယ် ၁၀ ယောက်ခန့်ပါဝင်ပြီး သူတို့ကို မန္တလေးလူငယ်သင်တန်းကျောင်းမှာ ထိန်းသိမ်းထားတယ်လို့လည်း သိရပါတယ်။

Photo-သံလျှက်မှော်အနောက်အရန်မီးသတ်တပ်ဖွဲ့
#voiceofmyanmar #VOM #မန္တလေး #အုပ်စုလိုက်လူသတ်မှု #တရားခံတွေဖမ်းမိ

Zawgyi

အုပ္စုလိုက္ ဓါးထိုးလူသတ္မႈ က်ဴးလြန္ခဲ့သူေတြကို ဖမ္းမိ

ေအာက္တိုဘာ ၂၂-၂၀၂၀
ျဖဴျဖဴ(VOM)

မႏၲေလးၿမိဳ႔၊ မဟာေအာင္ေျမၿမိဳ႕နယ္ထဲမွာ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၅ရက္ေန႔ ညပိုင္းက နာရီပိုင္းအတြင္း အုပ္စုလိုက္ဓါးထိုးမႈႏွစ္ခုျဖစ္ေပၚခဲ့ၿပီး လက္ရွိမွာေတာ့ က်ဴးလြန္သူအေယာက္ ၂၀ ေက်ာ္ကို ဖမ္းဆီးရမိထားၿပီျဖစ္တယ္လို႔ အမွတ္ ၇ ရဲစခန္းကေန သိရပါတယ္။

“ ၂ မႈလုံးမိၿပီ။ ဟုတ္တယ္၊ တစ္ဖြဲ႕တည္းပဲဗ်။ အရင္ရက္ေတြတုန္းက ရန္ျဖစ္ဖူးတဲ့အၿငိဳးေတြလို႔ ေျပာတယ္။ လူငယ္လူ႐ြယ္ေတြဆိုေတာ့ ဝန္ခံၾကပါတယ္”လို႔ အမွတ္ ၇ ရဲစခန္းက ရဲအုပ္ေဇာ္ေဝလင္းက ေျပာပါတယ္။

ေအာက္တိုဘာ ၁၅ ရက္ေန႔ ညပိုင္းက မဟာေအာင္ေျမၿမိဳ႔နယ္၊ သံလွ်က္ေမွာ္အေနာက္ရပ္ကြက္၊ အရာေတာ္ရပ္ရွိ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအနီးနဲ႔ လူအသြားအလာမျပတ္တဲ့ ၃၈ လမ္းနဲ႔ ၇၈ လမ္းအနီးမွာ ဓါးထိုးမႈေတြ နာရီပိုင္းအတြင္း ေရွ႕ဆင့္ေနာက္ဆင့္ ျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။

ဆိုင္ကယ္ေတြနဲ႔ အုပ္စုလိုက္ က်ဴးလြန္ခဲ့တာျဖစ္တဲ့အတြက္ CCTV မွတ္တမ္းေတြနဲ႔ ဆိုင္ကယ္နံပါတ္ေတြကို က.ည.န ကေန တဆင့္စုံစမ္းတာေတြေၾကာင့္ ေဖာ္ထုတ္ႏိုင္ခဲ့တာျဖစ္တယ္လို႔ အမွတ္ ၉ ရဲစခန္းက ဒု-ရဲမႉးသိန္းေဇာ္ဦးက ေျပာပါတယ္။

အရာေတာ္ရပ္မွာျဖစ္ေပၚခဲ့တဲ့ ဓါးထိုးမႈေၾကာင့္ အသက္ ၁၃ ႏွစ္အ႐ြယ္ ေက်ာင္းသားတစ္ဦးေသဆုံးခဲ့ၿပီး ၇၈ လမ္းဘက္မွာေတာ့ လူလတ္ပိုင္းအမ်ိဳးသားႏွစ္ဦး ဓါးဒဏ္ရာေတြ ရရွိခဲ့တာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ က်ဴးလြန္သူ ၂၂ ေယာက္ထဲက ၂၁ ေယာက္ကို ဖမ္းမိထားၿပီး ျဖစ္စဥ္အလိုက္ အမွတ္ ၇ ရဲစခန္းနဲ႔ အမွတ္ ၉ ရဲစခန္းတို႔မွာ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။

အမွတ္ ၇ ရဲစခန္းမွာ လူသတ္မႈအတြက္ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၀၂နဲ႔ အမႈဖြင့္ထားၿပီး အမွတ္ ၉ ရဲစခန္းမွာေတာ့ နာက်င္ေစမႈပုဒ္မေတြျဖစ္တဲ့ ၃၂၃၊ ၃၂၄ ၊ ၃၂၅၊ ၃၂၆ ၊ အားေပးကူညီမႈပုဒ္မ-၁၁၄ တို႔နဲ႔ အမႈဖြင့္ထားတာ ျဖစ္ပါတယ္။

က်ဴးလြန္သူေတြထဲမွာ အသက္ ၁၈ ႏွစ္ေအာက္လူငယ္ ၁၀ ေယာက္ခန႔္ပါဝင္ၿပီး သူတို႔ကို မႏၲေလးလူငယ္သင္တန္းေက်ာင္းမွာ ထိန္းသိမ္းထားတယ္လို႔လည္း သိရပါတယ္။

Photo-သံလွ်က္ေမွာ္အေနာက္အရန္မီးသတ္တပ္ဖြဲ႔
#voiceofmyanmar #VOM #မႏၲေလး #အုပ္စုလိုက္လူသတ္မႈ #တရားခံေတြဖမ္းမိ

Related posts

Leave a Comment

VOM News

FREE
VIEW