ဘုန်းကြီးတစ်ပါးက အသက် ၁၀ နှစ်အရွယ်မိန်းကလေးကို ညစ်ညမ်းဇာတ်ကားပြပြီး အဓမ္မပြုကျင့်

ဘုန်းကြီးတစ်ပါးက အသက် ၁၀ နှစ်အရွယ်မိန်းကလေးကို ညစ်ညမ်းဇာတ်ကားပြပြီး အဓမ္မပြုကျင့်

အောက်တိုဘာ ၂၃ -၂၀၂၀
ကိုတိုးကြီး (VOM)

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ မင်းတစုကျေးရွာအုပ်စု ၊ ဇီးပင်အထက်စုရွာမှာ နေအိမ်မှာမိဘတွေမရှိချိန် အိမ်ကိုကြွလာတဲ့ ဘုန်းကြီးတစ်ပါးက ဆော့ကစားနေတဲ့ ကလေး ၃ ယောက်ထဲက ၂ ယောက်ကို ပိုက်ဆံပေးပြီး မုန်းသွားဝယ်ခိုင်းကာ ကျန်ခဲ့တဲ့ အသက် ၁၀နှစ်အရွယ်မိန်းကလေးတစ်ယောက်ကို ညစ်ညမ်းဇာတ်ကားပြ သားမယားအဖြစ်ပြုကျင့်ခဲ့တာကြောင့် အဲ့ဒီဘုန်းကြီးကို မင်းတစုနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၁၀နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်တဲ့ ဘုန်းကြီးဟာ သက်တော် ၆၅ နှစ် ဝါတော် ၃၀ ရှိပြီဖြစ်တဲ့ ဘုန်းကြီးတပါးဖြစ်တယ်လို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

” ဘုန်းကြီးက ဝါကပ်ထားတဲ့ ကျောင်းရယ်လို့ စာရင်းမပေါက်ဘူး ၊ ဓနုဖြူမြို့နယ်၊ ဘုန်းစိုးတောင်ကျေးရွာအုပ်စု ၊ ကန်စုရွာ ဓမ္မာရုံမှာနေတဲ့ ဘုန်းကြီးဖြစ်တယ် ၊ ဘွဲ့က ဥူးသြဘာသ (ခ) အေးချိုဖြစ်တယ်၊ မှုခင်းဖြစ်စဉ်က ဒီလ ၂၀ ရက် ညနေပိုင်းမှာ ဖြစ်ပွားတာပါ”လို့ မင်းတစု နယ်မြေရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ဘုန်းကြီးကို သံဃာ့ဝိနည်းနဲ့အညီ လူဝတ်လဲစေပြီး အမှုနဲ့စစ်ဆေးနိုင်ဖို့ မင်းတစုနယ်မြေရဲစခန်းက (ပ) ၄၈/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ နဲ့ စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲမှူးကြီး တစ်ယောက်ကလည်း နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာပြီးနောက်ပိုင်း အဲ့ဒီနည်းပညာကို လူတချို့က လူမှုစီးပွား အကျိုးပြုနယ်ပယ်မှာ ပြန်လည်အသုံးချတာမျိုးမလုပ်ဘဲ ကိလေသာ၊ တဏှာ၊ ရမ္မက်အတွက် အသုံးပြုနေတာကြောင့် သက်ငယ်မုဒိမ်းမှုဖြစ်ပွားရတဲ့ စံနူန်းတွေမြင့်တက်လာခဲ့ရတယ်လို့ မှတ်ချက်ပြု ပြောပါတယ်။

#voiceofmyanmar #VOM #ပန်းတနော် #ဘုန်းကြီး #အဓမ္မပြုကျင့်မှု

Zawgyi

ဘုန္းႀကီးတစ္ပါးက အသက္ ၁၀ ႏွစ္အ႐ြယ္မိန္းကေလးကို ညစ္ညမ္းဇာတ္ကားျပၿပီး အဓမၼျပဳက်င့္

ေအာက္တိုဘာ ၂၃ -၂၀၂၀
ကိုတိုးႀကီး (VOM)

ဧရာဝတီတိုင္း ပန္းတေနာ္ၿမိဳ႕နယ္၊ မင္းတစုေက်း႐ြာအုပ္စု ၊ ဇီးပင္အထက္စုရြာမွာ ေနအိမ္မွာမိဘေတြမရွိခ်ိန္ အိမ္ကိုႂကြလာတဲ့ ဘုန္းႀကီးတစ္ပါးက ေဆာ့ကစားေနတဲ့ ကေလး ၃ ေယာက္ထဲက ၂ ေယာက္ကို ပိုက္ဆံေပးၿပီး မုန္းသြားဝယ္ခိုင္းကာ က်န္ခဲ့တဲ့ အသက္ ၁၀ႏွစ္အရြယ္မိန္းကေလးတစ္​ေယာက္ကို ညစ္ညမ္းဇာတ္ကားျပ သားမယားအျဖစ္ျပဳက်င့္ခဲ့တာေၾကာင့္ အဲ့ဒီဘုန္းႀကီးကို မင္းတစုနယ္ေျမရဲစခန္းက အမႈဖြင့္အေရးယူခဲ့ရတယ္လို႔ သိရပါတယ္။

အသက္ ၁၀ႏွစ္အရြယ္ မိန္းကေလးကို အဓမၼျပဳက်င့္တဲ့ ဘုန္းႀကီးဟာ သက္ေတာ္ ၆၅ ႏွစ္ ဝါေတာ္ ၃၀ ရွိၿပီျဖစ္တဲ့ ဘုန္းႀကီးတပါးျဖစ္တယ္လို႔ ရဲမွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

” ဘုန္းႀကီးက ဝါကပ္ထားတဲ့ ေက်ာင္းရယ္လို႔ စာရင္းမေပါက္ဘူး ၊ ဓႏုျဖဴၿမိဳ႕နယ္၊ ဘုန္းစိုးေတာင္ေက်း႐ြာအုပ္စု ၊ ကန္စု႐ြာ ဓမၼာ႐ုံမွာေနတဲ့ ဘုန္းႀကီးျဖစ္တယ္ ၊ ဘြဲ႕က ဥဴးၾသဘာသ (ခ) ေအးခ်ိဳျဖစ္တယ္၊ မႈခင္းျဖစ္စဥ္က ဒီလ ၂၀ ရက္ ညေနပိုင္းမွာ ျဖစ္ပြားတာပါ”လို႔ မင္းတစု နယ္ေျမရဲစခန္းက ရဲဝန္ထမ္းတစ္ေယာက္က ေျပာပါတယ္။

အဲ့ဒီ ဘုန္းႀကီးကို သံဃာ့ဝိနည္းနဲ႔အညီ လူဝတ္လဲေစၿပီး အမႈနဲ႔စစ္ေဆးႏိုင္ဖို႔ မင္းတစုနယ္ေျမရဲစခန္းက (ပ) ၄၈/၂၀၂၀၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၃၇၆ နဲ႔ စစ္ေဆးလ်က္ရွိတယ္လို႔ သိရပါတယ္။

ဧရာဝတီတိုင္း ရဲတပ္ဖြဲ႕႐ုံးမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဒုရဲမႉးႀကီး တစ္ေယာက္ကလည္း နည္းပညာ​ေတြ ဖြံ႕ၿဖိဳးတိုးတက္လာၿပီးေနာက္ပိုင္း အဲ့ဒီနည္းပညာကို လူတခ်ိဳ႕က လူမႈစီးပြား အက်ိဳးျပဳနယ္ပယ္မွာ ျပန္လည္အသုံးခ်တာမ်ိဳးမလုပ္ဘဲ ကိေလသာ၊ တဏွာ၊ ရမၼက္အတြက္ အသုံးျပဳေနတာေၾကာင့္ သက္ငယ္မုဒိမ္းမႈျဖစ္ပြားရတဲ့ စံႏူန္းေတြျမင့္တက္လာခဲ့ရတယ္လို႔ မွတ္ခ်က္ျပဳ ေျပာပါတယ္။

#voiceofmyanmar #VOM #ပန္းတေနာ္ #ဘုန္းႀကီး #အဓမၼျပဳက်င့္မႈ

Related posts

Leave a Comment

VOM News

FREE
VIEW