လှေတွေနဲ့ အင်အားပြကြမယ့် အင်းလေးက NLD ဝန်းရံသူတွေ အစီအစဉ်ဖျက်သိမ်း

၂၇ အောက်တိုဘာ၂၇- ၂၀၂၀
နေနန်းနွယ် (VOM)

NLD ပါတီ ဝန်းရံသူတွေဟာ အင်းလေးရေပြင်မှာ လှေတွေနဲ့ အင်အားပြ အောင်နိုင်ရေးမဲဆွယ်စည်းရုံးဆင်းမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

“ပဋိပက္ခတွေနဲ့ ပြဿနာတွေ ရှောင်ရအောင်လို့ အစီအစဉ်ကို ဖျက်လိုက်တာပါ။ ဒီရက်ပိုင်းလဲ ပြသနာတွေကြားနေရတော့ မလိုလားအပ်တဲ့ ပြသနာတွေ ထပ်မဖြစ်စေချင်လို့ လှေတွေနဲ့ လှည့်ကြမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်၊ ညောင်ရွှေမြို့ပေါ်မှာတော့ တစ်အိမ်တက်ဆင်းစနစ်နဲ့ ဆင်းကြတော့မယ်လို့ ကြားပါတယ်၊ ဒါကလည်း ဝန်းရံသူတွေက စီစဉ်တာပါ” လ်ို့ ရှမ်းပြည်နယ် NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်စန်းစန်းမော်က ဖြေကြားခဲ့ပါတယ်။

လှေတွေနဲ့ အောင်နိုင်ရေးဆင်းကြမယ့်အစီအစဉ်ကို အောက်တိုဘာလ ၂၈ ရက်နေ့မှာ အင်းရေပြင်မှာ ပြုလုပ်မယ်လို့ မူလက စီစဉ်ထားခဲ့ပေမယ့် မလိုလားအပ်တဲ့ ပြသနာတွေကို ရှောင်ရှားဖို့အတွက် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

“အင်းလေးက အစီအစဉ်ကတော့ မလုပ်ဖြစ်တော့ဘူးလို့ ကြားတယ်၊ ဝန်းရံသူတွေ လုပ်ကြတဲ့ အစီအစဉ်ပါ၊ အခုတော့ ပြသနာရှောင်ရအောင် ဖျက်လိုက်တယ်လို့ ကြားတယ်၊ ကျွန်တော်ကတော့ စကားဘက်ရောက်နေလို့ အတိအကျတော့ မသိသေးဘူး” လို့ ညောင်ရွှေမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ဦး (ခ) ဦးနေမျိုးမှ ပြောကြားခဲ့ပါတယ်။

ပုံပါအတိုင်း အင်းရေပြင်မှာ အခင်းအကျင်း စင်မြင့်များ ပြင်ဆင်ပြီးဖြစ်သော်လည်း အစီအစဉ်ကို ဖျက်သိမ်းလိုက်ရတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုလဲ NLD ပါတီ ဝန်းရံသူတွေက စီစဉ်ထားတာပါ။ ယခုတော့ ညောင်ရွှေမြို့ပေါ်မှာပဲ တစ်အိမ်တက်ဆင်းစနစ်နဲ့သာ မဲဆွယ်စည်းရုံးတော့မယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #NLD #အင်းလေး

Zawgy

ေလွေတြနဲ႔ အင္အားျပၾကမယ့္ အင္းေလးက NLD ဝန္းရံသူေတြ အစီအစဥ္ဖ်က္သိမ္း

၂၇ ေအာက္တိုဘာ၂၇- ၂၀၂၀
ေနနန္းႏြယ္ (VOM)

NLD ပါတီ ဝန္းရံသူေတြဟာ အင္းေလးေရျပင္မွာ ေလွေတြနဲ႔ အင္အားျပ ေအာင္ႏိုင္ေရးမဲဆြယ္စည္း႐ုံးဆင္းမယ့္ အစီအစဥ္ကို ဖ်က္သိမ္းလိုက္တယ္လို႔ သိရပါတယ္။

“ပဋိပကၡေတြနဲ႔ ျပႆနာေတြ ေရွာင္ရေအာင္လို႔ အစီအစဥ္ကို ဖ်က္လိုက္တာပါ။ ဒီရက္ပိုင္းလဲ ျပသနာေတြၾကားေနရေတာ့ မလိုလားအပ္တဲ့ ျပသနာေတြ ထပ္မျဖစ္ေစခ်င္လို႔ ေလွေတြနဲ႔ လွည့္ၾကမယ့္ အစီအစဥ္ကို ဖ်က္သိမ္းလိုက္ပါတယ္၊ ေညာင္ေ႐ႊၿမိဳ႕ေပၚမွာေတာ့ တစ္အိမ္တက္ဆင္းစနစ္နဲ႔ ဆင္းၾကေတာ့မယ္လို႔ ၾကားပါတယ္၊ ဒါကလည္း ဝန္းရံသူေတြက စီစဥ္တာပါ” လ္ို႔ ရွမ္းျပည္နယ္ NLD အလုပ္အမႈေဆာင္ အဖြဲ႕ဝင္ ေဒၚစန္းစန္းေမာ္က ေျဖၾကားခဲ့ပါတယ္။

ေလွေတြနဲ႔ ေအာင္ႏိုင္ေရးဆင္းၾကမယ့္အစီအစဥ္ကို ေအာက္တိုဘာလ ၂၈ ရက္ေန႔မွာ အင္းေရျပင္မွာ ျပဳလုပ္မယ္လို႔ မူလက စီစဥ္ထားခဲ့ေပမယ့္ မလိုလားအပ္တဲ့ ျပသနာေတြကို ေရွာင္ရွားဖို႔အတြက္ အစီအစဥ္ကို ဖ်က္သိမ္းလိုက္တာျဖစ္ပါတယ္။

“အင္းေလးက အစီအစဥ္ကေတာ့ မလုပ္ျဖစ္ေတာ့ဘူးလို႔ ၾကားတယ္၊ ဝန္းရံသူေတြ လုပ္ၾကတဲ့ အစီအစဥ္ပါ၊ အခုေတာ့ ျပသနာေရွာင္ရေအာင္ ဖ်က္လိုက္တယ္လို႔ ၾကားတယ္၊ ကြၽန္ေတာ္ကေတာ့ စကားဘက္ေရာက္ေနလို႔ အတိအက်ေတာ့ မသိေသးဘူး” လို႔ ေညာင္ေ႐ႊၿမိဳ႕နယ္ မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဝင္းျမင့္ဦး (ခ) ဦးေနမ်ိဳးမွ ေျပာၾကားခဲ့ပါတယ္။

ပုံပါအတိုင္း အင္းေရျပင္မွာ အခင္းအက်င္း စင္ျမင့္မ်ား ျပင္ဆင္ၿပီးျဖစ္ေသာ္လည္း အစီအစဥ္ကို ဖ်က္သိမ္းလိုက္ရတာျဖစ္ပါတယ္။ ဒီအစီအစဥ္ကိုလဲ NLD ပါတီ ဝန္းရံသူေတြက စီစဥ္ထားတာပါ။ ယခုေတာ့ ေညာင္ေ႐ႊၿမိဳ႕ေပၚမွာပဲ တစ္အိမ္တက္ဆင္းစနစ္နဲ႔သာ မဲဆြယ္စည္း႐ုံးေတာ့မယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #NLD #အင္းေလး

 

Related posts

Leave a Comment

VOM News

FREE
VIEW