သိမ်ဇရပ်ဂိတ်မှာ တရုတ်နိုင်ငံသား ၄ ဦးနဲ့ လက်နက်အချို့ဖမ်းဆီးရမိ

အောက်တိုဘာ၂၇-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ စစ်တောင်းတံတား Covid-19
စစ်ဆေးရေးဂိတ်မှာ အောက်တိုဘာလ၂၅ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံသား ၂ ဦးမောင်းလာတဲ့ ကားပေါ်ကနေ လက်နက်အချို့နဲ့အတူ တရုတ်နိုင်ငံသား ၄ ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ သိမ်ဇရပ်နယ်‌မြေရဲစခန်းမှစုံစမ်းသိရှိရပါတယ်။

” လက်နက်ကိုင်အဖွဲ့ကလို့ပြောတဲ့ အမျိုးသားနှစ်ဦးကို လက်နက်တွေနဲ့အတူဖမ်းမိခဲ့တာပါ။ မြဝတီက ခေါ်ဆောင်လာတဲ့ တရုတ်နိုင်ငံသားလေးဦးကိုလည်း ကားပေါ်မှာမိတာဖြစ်လို့ သက်ဆိုင်တဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လှစ်ထားပါတယ်”လို့ သိမ်ဇရပ်မြို့အုပ်ချုပ်ရေးမှူး ဦးတေဇာကြည်ကပြောပါတယ်။

ဖြစ်စဉ်ကတော့ စစ်တောင်းတံတား COVID- 19 စစ်ဆေးရေးဂိတ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရှိနေချိန် မြန်မာနိုင်ငံသား ၂ ဦးမောင်းလာတဲ့ ကားပေါ်မှာ တရုတ်နိုင်ငံသားတွေဖြစ်တဲ့ ဝမ်ဟိုင်မင်း (၃၀ နှစ်)၊ ချိတ်ကျန်ဖုန်း(၃၂ နှစ်)၊ ချန်ထင်ပါး(၂၆ နှစ်)နဲ့ စူးဝမ်ဂျိမ်း(၃၀နှစ်)တို့ကို ဖမ်းဆ‌ီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့ကားကို ဆက်လက်စစ်ဆေးခဲ့ရာ ပစ္စတိုသေနတ် ၁ လက်နဲ့ ကျည် ၉ တောင့်၊ အမျိုးအစားစိစစ်ဆဲ သေနတ်အရှည် ၁ လက်နဲ့ ကျည်အိမ် ၅ ခု၊ အမျိုးအစားစီစစ်ဆဲ ကျည်၂၆၀ တောင့်၊ စနက်တံမပါ လက်ပစ်ဗုံး ၁ လုံး၊ ယိုးဒယားနိုင်ငံလုပ် Equipment၂ စုံကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသား ၂ဦးအပါအဝင် တရုတ်နိုင်ငံသား ၄ ဦးကို သိမ်ဇရပ်နယ်မြေရဲစခန်းမှ (ပ)၄၈၈/၂၀၂၀၊ (၁၈၇၈)ခုနှစ် လက်နက်ဥပဒေပုဒ်မ-၁၉(စ)/၂၀၊ (ပ)၄၈၉/၂၀၂၀၊ ပို့ကုန်သွင်းကုန်အက်ဥပဒေပုဒ်မ- ၈/၁၀ တို့နဲ့ပါ အမှုဖွင့်ဖမ်းဆီးကာ စစ်‌ဆေး‌ဆောင်ရွက်ထားတယ်လို့ သိမ်ဇရပ်နယ်မြေရဲစခန်းကနေ သိရပါတယ်။

ဓာတ်ပုံ-ရဲမင်းစိုး
#voiceofmyanmar #VOM #ကျိုက်ထို #လက်နက်အချို့ #တရုတ်နိုင်ငံသားများဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW