ကချင်ပြည်နယ်က မဲရုံစောင့်ဝန်ထမ်း ၄ယောက် ကျန်မာရေးချို့ယွင်းလို့ ရဟတ်ယာဉ်နဲ့ ပြန်ခေါ်ပြီးဆေးကုပေးနေရ

မြစ်ကြီးနား -အောက်တိုဘာ ၂၈-၂၀၂၀
ရန်အောင်ထွန်း (VOM)

ကချင်ပြည်နယ် ၊ ခေါင်လန်ဖူးမြို့နယ်ကို မဲရုံစောင့်တာဝန်ကျလို့ သွားတဲ့ပညာရေးဝန်ထမ်း ဆရာ/ဆရာမ ၄ ဦး ကျန်းမာရေး မကောင်းဖြစ်လို့ အောက်တိုဘာ ၂၇ ရက်နေ့မှာ လမ်းတစ်ဝက်ကနေ ရဟတ်ယာဉ်နဲ့ မြစ်ကြီးနားမြို့အထိ ပြန်ပို့လိုက်ရတယ်လို့ ခေါင်လန်ဖူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ပြောပါတယ်။

ပြန်လာရတဲ့ ၄ ယောက်မှာ ဆရာ ၁ ယောက်နဲ့ ဆရာမ ၃ ယောက်ပါဝင်ပါတယ်။ အဲ့ဒီဆရာ/ ဆရာမတွေထဲက တစ်ယောက်က အစာအိမ်ရောဂါရှိပြီး ၊ တစ်ယောက်က အကြောတက်တဲ့ ရောဂါရှိတယ်လို့ သိရပါတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ ခရီးပင်ပန်းပြီး ဖျားလို့ခေါင်လန်ဖူးမြို့နဲ့ ၂၁ မိုင် ဝေးတဲ့ ရိန်ဒန်းမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ခေါင်လန်ဖူးမြို့နယ် ပညာရေးမှူး ဦးစိုးနီက ပြောပါတယ်။

ပူတာအိုခရိုင်ရွေကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိအိဖြိုးကတော့ “ မဲရုံအတွက် တာဝန်ကျတဲ့ ဆရာ/ ဆရာမတွေအများစုက ခေါင်လန်ဖူးမြို့ကို ရောက်နေကြပြီ ကျန်းမာရေး မကောင်းတာက အများကြီးတော့ မဟုတ်ဘူး အနည်းအကျဉ်းပဲ ရဟတ်ယာဉ်နဲ့ မြစ်ကြီးနား ပြန်ပို့လိုက်ပြီ ကျန်တာကတော့ ပညာရေးဌာနက ပိုသိမယ်ထင်တယ် “ လို့ ပြောပါတယ်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က “ကျန်းမာရေးမကောင်းလို့ လမ်းခုလတ်မှာ ဆေးကုသမှုခံယူနေတဲ့ ဆရာ/ဆရာမ ၄ ဦးကို မဲပုံးသွားပို့တဲ့ တပ်မတော် ရဟတ်ယာဉ်နဲ့ သယ်လာပြီး ဆောင်ရွက်ပေးထားရတဲ့ အခြေအနေကတော့ “ ပူတာအိုမှာ ၃ ယောက်ဆေးကုသမှု ခံယူနေပြီ တစ်ယောက်က အစာအိမ်ရောဂါဖြစ်တာ တစ်ယောက်ကတော့ နှလုံးရောဂါနဲ့ ကုသမှုခံနေရတာပေါ့ လေးယောက်လုံးကတော့ အဆင်ပြေပါတယ် မြစ်ကြီးနားဆေးရုံက တစ်ယောက်ကတော့ ဦးနှောက်အမြှေးရောင်ရောဂါမို့ ပူတာအိုဆေးရုံကနေ ဒီကိုလွှဲလိုက်တာ “ လို့ ပြောပါတယ်။

ခေါင်လန်ဖူးကနေမှ မဲရုံမှာ မဲပုံးသွားပို့တဲ့ ရဟတ်ယာဉ်နဲ့ ပြန်ခေါ်လာပြီး ပူတာအိုမှာဆေးကုသမှုခံယူနေသူတွေနဲ့ မြစ်ကြီးနား ဆေးရုံမှာ ဆေးကုသမှုခံယူနေရသူကို ကချင်ပြည်နယ် ပညာရေးဌာနကနေ လိုအပ်တာ ကူညီပေးထားတယ်လို့ ဆိုပါတယ်။

“ဟိုမှာလည်း ခရိုင်ပညာရေးမှူးက ကြီးကြပ်ပြီး လုပ်တယ်။ ကျွန်မတို့ဒီမှာလည်း ရဟတ်ယာဉ်ကွင်းအထိ သွားကြိုပြီး ဆေးရုံကားမှာ ကျွန်မတို့တင်ပေးတယ်၊ သူ့အဖေနဲ့ အစ်မ ပါလာတော့ ဆေးဖိုးဝါးခ တစ်သိန်း ကျွန်မတို့ ပြည်နယ် ပညာရေးကနေ ပံ့ပိုးပေးလိုက်တာ ရှိပါတယ် “ လို့ ကချင်ပြည်နယ် ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့က ပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ်မှာ မဲရုံ ၃၆ ရုံရှိပြီး အဲ့ဒီမဲရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ မဲရုံတစ်ရုံကို ပညာရေးဝန်ထမ်း ၁၁ ယောက်နှုန်း တာဝန်ပေးထားပြီး အရံတွေအပါအဝင် ၃၇၀ ကျော်ရှိတယ်လို့ ခေါင်လန်ဖူးမြို့နယ် ပညာရေးမှူးရဲ့ပြောပြချက်အရ သိရပါတယ်။ အဲ့ဒီအထဲမှာ ဒေသခံက ၁၂၀ လောက်ပါဝင်ပြီး ကျန်တဲ့သူတွေဟာ ရပ်ဝေးကလာတဲ့ ဆရာ/ ဆရာမတွေ ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ခေါင်လန်ဖူး #မဲရုံစောင့်ပညာရေးဝန်ထမ်း #ကချင်ပြည်နယ်

Zawgy

ကခ်င္ျပည္နယ္က မဲ႐ုံေစာင့္ဝန္ထမ္း ၄ေယာက္ က်န္မာေရးခ်ိဳ႕ယြင္းလို႔ ရဟတ္ယာဥ္နဲ႔ ျပန္ေခၚၿပီးေဆးကုေပးေနရ

ျမစ္ႀကီးနား -ေအာက္တိုဘာ ၂၈-၂၀၂၀
ရန္ေအာင္ထြန္း (VOM)

ကခ်င္ျပည္နယ္ ၊ ေခါင္လန္ဖူးၿမိဳ႕နယ္ကို မဲ႐ုံေစာင့္တာဝန္က်လို႔ သြားတဲ့ပညာေရးဝန္ထမ္း ဆရာ/ဆရာမ ၄ ဦး က်န္းမာေရး မေကာင္းျဖစ္လို႔ ေအာက္တိုဘာ ၂၇ ရက္ေန႔မွာ လမ္းတစ္ဝက္ကေန ရဟတ္ယာဥ္နဲ႔ ျမစ္ႀကီးနားၿမိဳ႕အထိ ျပန္ပို႔လိုက္ရတယ္လို႔ ေခါင္လန္ဖူးၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉးက ေျပာပါတယ္။

ျပန္လာရတဲ့ ၄ ေယာက္မွာ ဆရာ ၁ ေယာက္နဲ႔ ဆရာမ ၃ ေယာက္ပါဝင္ပါတယ္။ အဲ့ဒီဆရာ/ ဆရာမေတြထဲက တစ္ေယာက္က အစာအိမ္ေရာဂါရွိၿပီး ၊ တစ္ေယာက္က အေၾကာတက္တဲ့ ေရာဂါရွိတယ္လို႔ သိရပါတယ္။ က်န္တဲ့ ႏွစ္ေယာက္ကေတာ့ ခရီးပင္ပန္းၿပီး ဖ်ားလို႔ေခါင္လန္ဖူးၿမိဳ႕နဲ႔ ၂၁ မိုင္ ေဝးတဲ့ ရိန္ဒန္းမွာ ေဆးကုသမႈ ခံယူခဲ့ရတယ္လို႔ ေခါင္လန္ဖူးၿမိဳ႕နယ္ ပညာေရးမႉး ဦးစိုးနီက ေျပာပါတယ္။

ပူတာအိုခ႐ိုင္ေ႐ြေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲ အတြင္းေရးမႉး ေဒၚအိအိၿဖိဳးကေတာ့ “ မဲ႐ုံအတြက္ တာဝန္က်တဲ့ ဆရာ/ ဆရာမေတြအမ်ားစုက ေခါင္လန္ဖူးၿမိဳ႕ကို ေရာက္ေနၾကၿပီ က်န္းမာေရး မေကာင္းတာက အမ်ားႀကီးေတာ့ မဟုတ္ဘူး အနည္းအက်ဥ္းပဲ ရဟတ္ယာဥ္နဲ႔ ျမစ္ႀကီးနား ျပန္ပို႔လိုက္ၿပီ က်န္တာကေတာ့ ပညာေရးဌာနက ပိုသိမယ္ထင္တယ္ “ လို႔ ေျပာပါတယ္။
ကခ်င္ျပည္နယ္ အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဇာ္က “က်န္းမာေရးမေကာင္းလို႔ လမ္းခုလတ္မွာ ေဆးကုသမႈခံယူေနတဲ့ ဆရာ/ဆရာမ ၄ ဦးကို မဲပုံးသြားပို႔တဲ့ တပ္မေတာ္ ရဟတ္ယာဥ္နဲ႔ သယ္လာၿပီး ေဆာင္႐ြက္ေပးထားရတဲ့ အေျခအေနကေတာ့ “ ပူတာအိုမွာ ၃ ေယာက္ေဆးကုသမႈ ခံယူေနၿပီ တစ္ေယာက္က အစာအိမ္ေရာဂါျဖစ္တာ တစ္ေယာက္ကေတာ့ ႏွလုံးေရာဂါနဲ႔ ကုသမႈခံေနရတာေပါ့ ေလးေယာက္လုံးကေတာ့ အဆင္ေျပပါတယ္ ျမစ္ႀကီးနားေဆး႐ုံက တစ္ေယာက္ကေတာ့ ဦးေႏွာက္အေျမႇးေရာင္ေရာဂါမို႔ ပူတာအိုေဆး႐ုံကေန ဒီကိုလႊဲလိုက္တာ “ လို႔ ေျပာပါတယ္။

ေခါင္လန္ဖူးကေနမွ မဲ႐ုံမွာ မဲပုံးသြားပို႔တဲ့ ရဟတ္ယာဥ္နဲ႔ ျပန္ေခၚလာၿပီး ပူတာအိုမွာေဆးကုသမႈခံယူေနသူေတြနဲ႔ ျမစ္ႀကီးနား ေဆး႐ုံမွာ ေဆးကုသမႈခံယူေနရသူကို ကခ်င္ျပည္နယ္ ပညာေရးဌာနကေန လိုအပ္တာ ကူညီေပးထားတယ္လို႔ ဆိုပါတယ္။

“ဟိုမွာလည္း ခ႐ိုင္ပညာေရးမႉးက ႀကီးၾကပ္ၿပီး လုပ္တယ္။ ကြၽန္မတို႔ဒီမွာလည္း ရဟတ္ယာဥ္ကြင္းအထိ သြားႀကိဳၿပီး ေဆး႐ုံကားမွာ ကြၽန္မတို႔တင္ေပးတယ္၊ သူ႔အေဖနဲ႔ အစ္မ ပါလာေတာ့ ေဆးဖိုးဝါးခ တစ္သိန္း ကြၽန္မတို႔ ျပည္နယ္ ပညာေရးကေန ပံ့ပိုးေပးလိုက္တာ ရွိပါတယ္ “ လို႔ ကခ်င္ျပည္နယ္ ပညာေရးမႉး ေဒၚခင္သန္းႏြဲ႕က ေျပာပါတယ္။

ေခါင္လန္ဖူးၿမိဳ႕နယ္မွာ မဲ႐ုံ ၃၆ ႐ုံရွိၿပီး အဲ့ဒီမဲ႐ုံေတြမွာ တာဝန္ထမ္းေဆာင္ဖို႔ မဲ႐ုံတစ္႐ုံကို ပညာေရးဝန္ထမ္း ၁၁ ေယာက္ႏႈန္း တာဝန္ေပးထားၿပီး အရံေတြအပါအဝင္ ၃၇၀ ေက်ာ္ရွိတယ္လို႔ ေခါင္လန္ဖူးၿမိဳ႕နယ္ ပညာေရးမႉးရဲ႕ေျပာျပခ်က္အရ သိရပါတယ္။ အဲ့ဒီအထဲမွာ ေဒသခံက ၁၂၀ ေလာက္ပါဝင္ၿပီး က်န္တဲ့သူေတြဟာ ရပ္ေဝးကလာတဲ့ ဆရာ/ ဆရာမေတြ ျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ေခါင္လန္ဖူး #မဲ႐ုံေစာင့္ပညာေရးဝန္ထမ္း #ကခ်င္ျပည္နယ္

 

Related posts

Leave a Comment

VOM News

FREE
VIEW