တမန်တော်မိုဟာမက် ကာတွန်းအပေါ် ပြင်သစ်သမ္မတရဲ့ မှတ်ချက်စကားကြောင့် ဘင်္ဂလားဒေ့ရှ်မှ အကြီးအကျယ်ဆန္ဒပြ

ဒါကာ၊ အောက်တိုဘာ-၂၈-၂၀၂၀
မျိုးဆက်(VOM)

အစ္စလာမ်တို့ရဲ့ အယူအဆအပေါ် ပြင်သစ်နိုင်ငံရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြို့တော်ဒါကာမှာ လူသောင်းချီဆန္ဒပြနေကြပြီး ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ တောင်းဆိုနေကြပါတယ်။

တမန်တော် မိုဟာမက်ရဲ့ ရုပ်ပြောင်ကာတွန်းရေးဆွဲတာနဲ့ပတ်သက်ပြီး ခုခံကာကွယ်ပြောဆိုခဲ့တဲ့ ပြင်သစ်သမ္မတရဲ့ ပုံကိုလည်း ဆန္ဒပြသူတွေက မီးရှို့ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေ ပြင်သစ်သံရုံးကို ရောက်မလာဖို့ ရဲတပ်ဖွဲ့က ပိတ်ပင်တားမြစ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံးအစ္စလာမ်ပါတီတစ်ခုက စီစဉ်တဲ့ အဲဒီဆန္ဒပြပွဲမှာ လူလေးသောင်းလောက် ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဘာသာရေးနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံရဲ့ သဘောထားကို ကာကွယ်ပြောဆိုပြီးနောက် သမ္မတမာခရိုဟာ မွတ်ဆလင်အများစုရှိတဲ့ နိုင်ငံတွေရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။

တမန်တော်မိုဟာမက်ကို သရုပ်ဖော်ထားတဲ့ကာတွန်းကို စာသင်ခန်းထဲမှာ ပြသခဲ့တာကြောင့် အခုလအစောပိုင်းက ပြင်သစ်ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်အသတ်ခံရပြီးနောက် ဒီလိုကာကွန်းရေးဆွဲခွင့်အပေါ် ပြင်သစ်နိုင်ငံ ဆက်လက်ရပ်တည်သွားမယ်လို့ သူက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်က ဆန္ဒပြသူတွေဟာ ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့နဲ့ ပြင်သစ်သမ္မတကို အပြစ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပြင်သစ်သမ္မတဟာ နတ်ဆိုးကိုကိုးကွယ်တဲ့ ခေါင်းဆောင်အချို့ထဲက တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

တူရကီနိုင်ငံကလည်း ပြင်သစ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ သမ္မတ အာဒိုဂန်ကလည်း အောက်တိုဘာ ၂၆ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar #VOM #ဒါကာ

Related posts

Leave a Comment

VOM News

FREE
VIEW