ပွဲငတ်နေခိုက် မဲဆွယ်လိုက်သည်နှင့် မဲဆွယ်မျိုးစုံအဖုံဖုံ

မန္တလေး- အောက်တိုဘာ ၂၈-၂၀၂၀
ဆွေလင်းထွန်း+နေလင်း( VOM)

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၆၀ အလို စက်တင်ဘာ ၆ ရက်နေ့ကစပြီး နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတာတွေ စတင်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့အချိန်ဟာ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွားနေတဲ့အချိန်မို့ နိုင်ငံရေးပါတီတွေ အကြပ်ရိုက်ခဲ့ပါတယ်။ တပါတီနဲ့ တပါတီ သူ့အကဲခတ် ကိုယ့်အကဲခတ် စောင့်ကြည့်ရင်း ပါတီကြီးတချို့ရဲ့ခေါင်းဆောင်တွေ လမ်းပေါ်စထွက်ပြီး သွေးတိုးစမ်းရာကနေ ဝန်းရံသူဆိုတဲ့ လူအုပ်ကြီးတွေ လမ်းပေါ်မှာ အလျှိုလျှိုပေါ်လာခဲ့တာ အားလုံးအမြင်ဖြစ်ပါတယ်။

 

ဒီလို မဲဆွယ်လိုက်သူတွေထဲက တချို့ကို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့မေးခွန်းလေးတွေမေးကြည့်တော့ သူတို့ကြိုက်တဲ့ပါတီနိုင်စေချင်လို့ လိုက်တာဆိုတဲ့ အဖြေကလွဲပြီး မဲပေးရမယ့်အနေအထားကို လေ့လာမထားသူအများစုနဲ့ သူတို့နယ်က မဲပေးရမယ့် သူတို့ဝန်းရံတဲ့ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ နာမည်ကိုတောင် မသိသူအများစုဖြစ်တာကို ဗီအိုအမ်ကမေးမြန်းတာမှာ တွေ့ရှိရပါတယ်။

 

ပွဲငတ်နေခိုက် မဲဆွယ်လိုက်သည်နှင့် မဲဆွယ်မျိုးစုံအဖုံဖုံ

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ အထွေထွေရွေးကောက်ပွဲ ကျင်းပရာမှာ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေနဲ့အညီ ဆောင်ရွက်ရမယ့် စံလုပ်ငန်းလမ်းညွှန်တွေကို စက်တင်ဘာ ၇ ရက်နဲ့ ၉ ရက်တို့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်မှာ နိုင်ငံရေးပါတီတွေ မဲဆွယ်ရာမှာ လိုက်နာရမယ့် အသေးစိတ်အချက်တွေ ပါဝင်ပြီး မဲဆွယ်စည်းရုံးရာမှာ လူစုလူဝေး မဖြစ်စေဖို့ အချက်တွေ အဓိက ပါဝင်တာကိုတွေ့ရပါတယ်။

ဒီစည်းကမ်းတွေမှာ မဲဆွယ်စည်းရုံးရာမှာ မော်တော်ယာဉ်တွေပေါ်ကို ဝင်ဆံ့တဲ့ဦးရေရဲ့ တဝက်သာတင်ဖို့၊ ကိုယ်စားလှယ်လောင်းတွေနဲ့ လိုက်ပါသူတွေ နှာခေါင်းစည်းနဲ့ မျက်နှာအကာတွေ ဝတ်ဆင်ဖို့၊ လက်သန့်စင်ဆေးရည်နဲ့ မကြာခဏ လက်ဆေးဖို့၊ လိုက်ပါသူတွေကို ကိုယ်ပူချိန်တိုင်းတာဖို့၊ ကိုဗစ်အတည်ပြုလူနာနဲ့ ထိစပ်မှုရှိမရှိ မေးမြန်းဖို့၊ ကိုဗစ် လက္ခဏာရှိသူတွေကို လိုက်ပါခွင့်မပြုဖို့၊ လူတဦးနဲ့ တဦး ခြောက်ပေအကွာက နေစေဖို့၊ မဲဆွယ်စည်းရုံးရေး လိုက်ပါသူတွေ အသုံးပြုပြီးတဲ့ ပစ္စည်းတွေနဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

အဲ့ဒီလို ထုတ်ပြန်ထားပေမယ့်လည်း မဲဆွယ်စည်းရုံးရေး လုပ်နေကြတဲ့ အရောင်မျိုးစုံဝန်းရံသူတွေကတော့ လိုက်နာမှု အားနည်းတာကို တွေ့ရပါတယ်။ နိုင်ငံရေးပါတီခေါင်းဆောင်တွေကတော့ လူစုလူဝေးနဲ့ မဲဆွယ်တာတွေဟာ ပါတီက လုပ်တာမဟုတ်ဘဲ ထောက်ခံသူတွေ ဝန်းရံသူတွေက ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ကြတာဖြစ်တယ်လို့ အကြောင်းပြပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ “ ကျနော်တို့က ကျမ္မာရေးအတွက် အင်မတန်စိုးရိမ်ပါတယ်။ ဒါပေမယ့် တခြားပါတီတွေက လူစုလူဝေးနဲ့ မဲဆွယ်တာတွေတွေ့တော့ ကျနော်တို့ပါတီထောက်ခံသူတွေကလည်းသူတို့လည်း အင်အားပြချင်တယ်ဆိုတာတွေဖြစ်လာတယ် ၊ ဒီတော့ ကျနော်တို့က အဲလိုလှည့်လည်တဲ့အခါ မူးယစ်သောက်စားတာမလုပ်ဖို့ တုတ်၊ဓါးလက်နက်တွေမကိုင်ဆောင်ဖို့၊ ပါတီတခုနဲ့တခု ပုတ်ခတ်တာတွေမလုပ်ဖို့ အထူးမေတ္တာရပ်ခံထားပါတယ်။ တချို့နေရာတွေမှာ ပြဿနာတက်တာတွေက တဖက်ပါတီက စတင်သလိုတွေဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံး ထိမ်းထိမ်းသိမ်းသိမ်းလုပ်ပါတယ်”

တချို့ပါတီတွေကတော့ ခုလိုမဲဆွယ်လှည့်လည်တဲ့နေရာမှာ ဝန်းရံတဲ့ မဲဆန္ဒရှင်တွေကို တင်းတင်းမာမာတားဖို့လည်း အဆင်မပြေဘူးလို့ ကိုယ်စားလှယ်လောင်းတွေက ပြောကြပါတယ်။

 

ပွဲငတ်နေခိုက် မဲဆွယ်လိုက်သည်နှင့် မဲဆွယ်မျိုးစုံအဖုံဖုံ

NLD ပါတီကိုယ်စားပြုပြီး မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် တိုင်းဒေသကြီး(အမှတ်၁)မှာ ဝင်ပြိုင်မယ့် ဦးကျော်သူထွန်းက “ပါတီဝင်တွေ အချင်းချင်းကြားထဲမှာတော့ စာနဲ့ကိုထုတ်ပြီးတော့ ရပ်ကွက်အဆင့်တွေကို လူစုလူဝေးနဲ့မလုပ်ကြဖို့ တားမြစ်တာတွေ တားတယ်ဆိုတာထက် မေတ္တာရပ်ခံတာပေါ့နော်၊ မဲဆန္ဒရှင်ပြည်သူလူထုကြတော့လည်း လုံးဝ မာမာထန်ထန်တားဖို့ အဆင်မပြေတော့ ညှင်ညှင်သာသာနဲ့ သိမ့်သိမ့်မွေ့မွေ့တားဖို့ရာကိုတော့ စာထုတ်ထားပါတယ်။ ရပ်ကွက် ပါတီဝင်တွေကိုရော ဒီလို လူစုလူဝေး မပြုလုပ်ဖို့ရာအတွက် စာထုတ်ထားပါတယ်”လို့ ပြောပါတယ်။

NLD နဲ့ USDP ပါတီရဲ့ အမှတ်တံဆိပ်ပါ အင်္ကျီတွေကို ဝတ်ဆင်ထားသူတွေအနေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက Stay home သတ်မှတ်ထားတဲ့ မြို့နယ်တွေအပြင် အနယ်နယ်အရပ်ရပ်မှာ လှည့်လည်အင်အားပြတာတွေကို ကြိမ်ဖန်များစွာ လုပ်ကြပါတယ်။ လူစုလူဝေးမလုပ်ရဘူးဆိုတဲ့ အမိန့်ကို ချိုးဖောက်ပြီး လှည့်လည်ကြတာ ဖြစ်ပေမယ့် သက်ဆိုင်ရာကတော့ ပါဝင်သူတွေကို အရေးယူမှု တစုံတရာလုပ်တာမျိုး မတွေ့ရပါဘူး။ ထူးခြားချက်အနေနဲ့ ပုသိမ်မြို့မှာ လူစုလူဝေးနဲ့ လှည့်လည်ခဲ့ကြတဲ့ NLD နဲ့ USDP ပါတီက ဦးဆောင်သူတွေကို ရဲတပ်ဖွဲ့က အရေးယူခဲ့ပါတယ်။

ခုလိုမျိုးပုံစံမျိုးစုံ၊ လူစုလူဝေးနဲ့ မဲဆွယ်နေကြပေမယ့် မန္တလေးမြို့အတွင်း ဈေးတွေကို ဗီအိုအမ်အနေနဲ့ စစ်တမ်းသဘောမျိုး လိုက်လံမေးမြန်းကြည့်တော့ ကိုယ့်မြို့နယ်က ကိုယ်စားလှယ်လောင်းကို မသိကြတာ ရာနှုန်းပြည့်ဖြစ်နေပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီက UEC နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်တာတွေကို လိုက်နာတဲ့အနေနဲ့ လူစုလူဝေးနဲ့ မဲဆွယ်တာတွေမလုပ်ပါဘူး။ လူစုလူဝေးနဲ့ မဲဆွယ်ရင် လိုက်ပါမယ့်လူတွေရော၊ ဘေးပတ်ဝန်းကျင်က လူတွေပါ ရောဂါပိုးကူးဆက်ခံရမှာကို စိုးရိမ်တဲ့အတွက် မလုပ်တာဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောပြပါတယ်။

ကိုဗစ်ကန့်သတ်ချက်တွေကြောင့် မဲဆွယ်ရေးအခက်အခဲဖြစ်ကြတဲ့အထဲမှာ ကိုယ်စားလှယ်လောင်းအနည်းငယ်သာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေက အများဆုံးဖြစ်ပါတယ်။ အဲလို ပါတီတွေကတော့ လူစုလူဝေးနဲ့ လှည့်လည်တာမျိုး မလုပ်ဘဲ ထူးခြားတဲ့ အစီအစဉ်တွေနဲ့ မဲဆွယ်ကြပါတယ်။

 

ပွဲငတ်နေခိုက် မဲဆွယ်လိုက်သည်နှင့် မဲဆွယ်မျိုးစုံအဖုံဖုံ

 

တချို့ပါတီသစ်တွေဖြစ်တဲ့ ပြည်သူ့ပါတီကတော့ တအိမ်တက်ဆင်းမဲဆွယ်တာအပြင် ကိုဗစ်ရောဂါကာကွယ်ဖို့ နည်းလမ်းတွေကို ခေတ်လူငယ်တွေစိတ်ဝင်စားအောင် သရုပ်ဖေါ်ကကွက်လေးတွေနဲ့ မဲဆွယ်တာ၊နှာခေါင်းစည်းဝေတာ‌ေတွေ တွေ့ရသလို ပြည်သူ့ရှေ့ဆောင်ပါတီကတော့ အခြေခံစားသောက်ကုန်တွေကို ဈေးလျှော့ရောင်းတာ ၊ ပိုးသတ်ဆေးဖြန်းတဲ့ လုပ်ငန်းတွေလုပ်တာတွေ့ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီကလည်း အလားတူ ဆန်တွေ ကြက်ဥတွေကို ဈေးလျှော့ရောင်းတဲ့ လုပ်ငန်းနဲ့ နှာခေါင်းစည်းဝေတာတွေ လုပ်တာကို တွေ့ရပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်လောင်းတွေက မဲဆန္ဒနယ်တွေအတွင်း တအိမ်တက်ဆင်း မဲဆွယ်ကြသလို သူတို့ရဲ့ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ကိုယ်စားလှယ်လောင်းတွေကို မိတ်ဆက်တာမျိုးလည်း လုပ်ကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေရှိတဲ့ ဒေသတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေဟာလည်း ကိုဗစ်ကန့်သတ်ချက်တွေအပြင် လက်နက်ကိုင်အဖွဲ့တွေရဲ့ ခြမ်းခြောက်တာကိုလည်း ခံကြရပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဝင်ပြိုင်မယ့် NLD ကိုယ်စားလှယ်လောင်း သုံးဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိပြန်လွှတ်ပေးတာ မရှိသေးသလို တအာင်း(ပလောင်)အမျိုးသားပါတီ(TNP) ဟာလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ရဲ့ ခြိမ်းခြောက်မှုကြောင့် ရှမ်းပြည်နယ်မှာ မဲဆွယ်ရာမှာ အခက်အခဲတွေဖြစ်နေပါတယ်။

“ရွာတွေမှာ မဲဆွယ်လို့မရဘူး။ RCSS/SSAက ရွာသားတွေကိုမှာတယ်။ သူကြီးတွေကိုပြောတယ်။ TNP ကို မလာစေနဲ့ မဲမထည့်ဖို့ ဖိအားတွေပေးတယ်၊ လုပ်ရင်တော့ သူတို့အကြောင်းသိမယ်ဆိုပြီးပြောတယ်။ အဲ့ဒီလိုအခက်အခဲတွေကြောင့် မဲဆွယ်လို့မရဘူး”လို့ ဥက္ကဌ မိုင်းနုပ်ဟန်က VOM ကို ပြောပါတယ် ။

 

ပွဲငတ်နေခိုက် မဲဆွယ်လိုက်သည်နှင့် မဲဆွယ်မျိုးစုံအဖုံဖုံ

လက်နက်ကိုင်တွေရှိတဲ့ ဒေသတွေမှာ မဲဆွယ်ဖို့ ခက်ခဲသူတွေရှိသလို အဆင်ပြေချောမွေ့သူတွေလည်း ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း နေရာအများစုကို အနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီ(ANP) ကတော့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ လူစုလူဝေးနဲ့ မဲဆွယ်တာအပြင် ကစ္ဆပနဒီမြစ်အတွင်းမှာ ရေယာဥ်ကြီးတစ်စီးနဲ့ လှည့်လည်ပြီး အင်အားပြမဲဆွယ်စည်းရုံးခဲ့ပါသေးတယ်။

ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာလည်း မဲဆွယ်ဖို့ အခက်အခဲတွေ ရှိပါတယ်။ ရွေးကောက်ပွဲနီးလာလို့ စစ်ရှောင်စခန်းတွေက မဲဆန္ဒရှင်ပြည်သူတွေဆီ မဲဆွယ်ဖို့ ကြိုးစားတဲ့အခါ Covid-19 ရောဂါ အခြေအနေကြောင့် စစ်ရှောင်စခန်း တာ၀န်ခံတွေက အ၀င်မခံလို့ အခက်အခဲကြုံရတယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ဒွဲဘူက ပြောပြပါတယ်။

လူစုလူဝေးနဲ့ မဲဆွယ်မှ ပါတီနဲ့ ကိုယ်စားလှယ်လောင်းကို သိတာမဟုတ်ဘဲ လေ့လာမှုနဲ့ စိတ်ဝင်စားမှုအရ ပါတီတွေအကြောင်း သိနေကြသူတွေလည်း ရှိပါတယ်။ စီတာပူ စစ်ရှောင်စခန်းမှာ နေထိုင်နေတဲ့ ဒေါ်လုထွယ်က ပါတီတွေစစ်ရှောင်စခန်းတွေမှာ ၀င်ရောက်မဲဆွယ်မှု မပြုတော့ပေမယ့် အရင်က ဆွေးနွေးထားတာတွေ၊ စခန်းတာ၀န်ခံတွေက နေ့စဉ်ပြောပြတာတွေနဲ့ သားသမီးတွေရဲ့ ပြောပြမှုတွေအရ ပါတီတွေအကြောင်းကိုတော့ သိနေပါပြီလို့ ပြောပါတယ်။

ပြည်သူဝန်းရံမှုအားကောင်းတဲ့ NLD နဲ့ USDP တို့ကတော့ ပါတီထောက်ခံသူတွေအနေနဲ့ လူစုလူဝေးနဲ့ မဲဆွယ်တာတွေ မလုပ်ကြဖို့ မေတ္တာရပ်ခံတာမျိုး လုပ်ကြပေမယ့် ထိထိရောက်ရောက်တားမြစ်တာမျိုးမရှိတာကြောင့် လိုက်နာမှုမရှိကြတာကို တွေ့ရပါတယ်။

ဒီလိုအနေအထားကိုလေ့လာနေတဲ့ ၈၈ မျိုးဆက်တဦးလည်းဖြစ် ရွေးကောက်ပွဲအဆက်ဆက် စောင့်ကြည့်လေ့လာခဲ့ပြီး လက်ရှိ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးညီညီကျော်က ခုလုံသုံးသပ်ထားပါတယ်။

“ ကျနော်တို့ ၁၉၉၀ ရွေးကောက်ပွဲမှာ ပါတီ ၂၀၀ကျော်ပြိုင်တယ် ခုလိုတီရှပ်တွေ ဗီနိုင်းတွေမရှိဘူး စားပွဲခင်းပြီး မဲဆွယ်ခဲ့ကြတာ ပြိုင်ဆိုင်မှုတွေဒီလိုမဖြစ်ခဲ့ဘူး ပြည်သူရဲ့နိုင်ငံရေးအနေအထားက အရမ်းကောင်းခဲ့တဲ့အနေအထားရှိခဲ့တယ်။ ၂၀၁၀ မှာတော့ မဲဆွယ်လှည့်လှည်ချင်ရင် သက်ဆိုင်ရာကို ၃ရက်ကြိုတင်ရတာ ပါတီအချင်းချင်းထိပ်တိုက်မတွေ့အောင် ပြင်တာလို့ ပြောပါတယ်။ နောက်ဆုံး လုံခြုံရေးလိုက်ပေးဖို့ တာဝန်ပါလို့ပြောလို့ ရွေးကောက်ပွဲကော်မရှင်တွေကပြောခဲ့တယ်။ ၂၀၁၅ မှာလည်း ဒီလိုမတွေ့ရဘူးဗျ နောက်ဆုံး အန်အယ်လ်ဒီနိုင်လို့ အောင်ပွဲမခံဖို့ ဒေါ်အောင်ဆန်စုကြည် ရက် ၁၀၀ ငြိမ်ခိုင်းတာမျိုးကြောင့် အားလုံးဆေးဆေးပါ ။ ခုတော့ ဒီလိုမဟုတ်ဘူးဗျ တင်းကြပ်တဲ့ တားမြစ်မှုမျိုးမရှိတော့ ဒီနေ့အခင်းအကျင်းက ဥပမာပေးရရင် ရွာတရွာမှာ ပွဲငတ်နေတဲ့အချိန် ပွဲကောင်းကြည့်ဖို့ ဘုန်းကြီးပျံမှ ပွဲကောင်းထည့်မယ်ဆိုပြီး ဆုမတောင်းကောင်းတာတောင်းနေကြသလို ကျနော်တော့ ဘယ်လိုမှခံစားလို့မရဘူး ဒါကို နိုင်ငံရေးလို့မထင်ဘူး” လို့သူ့အမြင်ကိုသုံးသပ်ပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် ပါတီတခုနဲ့ တခု လူအုပ်စု တစုနဲ့တစု မတိုက်ခိုက်ကြဖို့ အားလုံးဝိုင်းဝန်းထိမ်းသိမ်းကြရမှာဖြစ်ပါတယ်။ သေချာတာတခုကတေ့ တင်းကြပ်တဲ့ ဥပဒေတွေ စည်းကမ်းတွေ ထုတ်ပြန်ထားတာမရှိတဲ့အတွက် ရွေးကောက်ပွဲပြီးရင် အနိုင်ရသူနဲ့ ရှုံးနိမ့်သူကြား အပြန်အလှန်စွပ်စွဲတိုင်ကြားတာတွေ ရှိလာမှာကတော့ အသေအချာမို့ မဖြစ်ခင် ကြိုတင်ပြင်ဆင်ကြဖို့ လိုပါလိမ့်မယ်လို့ တင်ပြလိုက်ရပါတယ်။

#voiceofmyanmar #VOM #ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး #ပွဲငတ်နေခိုက်မဲဆွယ်လိုက်သည်

Zawgy

ပြဲငတ္ေနခိုက္ မဲဆြယ္လိုက္သည္ႏွင့္ မဲဆြယ္မ်ိဳးစုံအဖုံဖုံ

မႏၲေလး- ေအာက္တိုဘာ ၂၈-၂၀၂၀
ေဆြလင္းထြန္း+ေနလင္း( VOM)

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲက်င္းပဖို႔ ရက္ေပါင္း ၆၀ အလို စက္တင္ဘာ ၆ ရက္ေန႔ကစၿပီး ႏိုင္ငံေရးပါတီေတြ မဲဆြယ္စည္း႐ုံးတာေတြ စတင္ႏိုင္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာခဲ့တဲ့အခ်ိန္ဟာ ကိုဗစ္ ၁၉ ကပ္ေရာဂါ ျဖစ္ပြားေနတဲ့အခ်ိန္မို႔ ႏိုင္ငံေရးပါတီေတြ အၾကပ္႐ိုက္ခဲ့ပါတယ္။ တပါတီနဲ႔ တပါတီ သူ႔အကဲခတ္ ကိုယ့္အကဲခတ္ ေစာင့္ၾကည့္ရင္း ပါတီႀကီးတခ်ိဳ႕ရဲ႕ေခါင္းေဆာင္ေတြ လမ္းေပၚစထြက္ၿပီး ေသြးတိုးစမ္းရာကေန ဝန္းရံသူဆိုတဲ့ လူအုပ္ႀကီးေတြ လမ္းေပၚမွာ အလွ်ိဳလွ်ိဳေပၚလာခဲ့တာ အားလုံးအျမင္ျဖစ္ပါတယ္။

ဒီလို မဲဆြယ္လိုက္သူေတြထဲက တခ်ိဳ႕ကို ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ေမးခြန္းေလးေတြေမးၾကည့္ေတာ့ သူတို႔ႀကိဳက္တဲ့ပါတီႏိုင္ေစခ်င္လို႔ လိုက္တာဆိုတဲ့ အေျဖကလြဲၿပီး မဲေပးရမယ့္အေနအထားကို ေလ့လာမထားသူအမ်ားစုနဲ႔ သူတို႔နယ္က မဲေပးရမယ့္ သူတို႔ဝန္းရံတဲ့ပါတီရဲ႕ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ နာမည္ကိုေတာင္ မသိသူအမ်ားစုျဖစ္တာကို ဗီအိုအမ္ကေမးျမန္းတာမွာ ေတြ႕ရွိရပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနကေတာ့ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပရာမွာ ကိုဗစ္ ၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြနဲ႔အညီ ေဆာင္႐ြက္ရမယ့္ စံလုပ္ငန္းလမ္းၫႊန္ေတြကို စက္တင္ဘာ ၇ ရက္နဲ႔ ၉ ရက္တို႔မွာ ထုတ္ျပန္ခဲ့ပါတယ္။ ထုတ္ျပန္ခ်က္မွာ ႏိုင္ငံေရးပါတီေတြ မဲဆြယ္ရာမွာ လိုက္နာရမယ့္ အေသးစိတ္အခ်က္ေတြ ပါဝင္ၿပီး မဲဆြယ္စည္း႐ုံးရာမွာ လူစုလူေဝး မျဖစ္ေစဖို႔ အခ်က္ေတြ အဓိက ပါဝင္တာကိုေတြ႕ရပါတယ္။

ဒီစည္းကမ္းေတြမွာ မဲဆြယ္စည္း႐ုံးရာမွာ ေမာ္ေတာ္ယာဥ္ေတြေပၚကို ဝင္ဆံ့တဲ့ဦးေရရဲ႕ တဝက္သာတင္ဖို႔၊ ကိုယ္စားလွယ္ေလာင္းေတြနဲ႔ လိုက္ပါသူေတြ ႏွာေခါင္းစည္းနဲ႔ မ်က္ႏွာအကာေတြ ဝတ္ဆင္ဖို႔၊ လက္သန႔္စင္ေဆးရည္နဲ႔ မၾကာခဏ လက္ေဆးဖို႔၊ လိုက္ပါသူေတြကို ကိုယ္ပူခ်ိန္တိုင္းတာဖို႔၊ ကိုဗစ္အတည္ျပဳလူနာနဲ႔ ထိစပ္မႈရွိမရွိ ေမးျမန္းဖို႔၊ ကိုဗစ္ လကၡဏာရွိသူေတြကို လိုက္ပါခြင့္မျပဳဖို႔၊ လူတဦးနဲ႔ တဦး ေျခာက္ေပအကြာက ေနေစဖို႔၊ မဲဆြယ္စည္း႐ုံးေရး လိုက္ပါသူေတြ အသုံးျပဳၿပီးတဲ့ ပစၥည္းေတြနဲ႔ အမႈိက္ေတြကို စနစ္တက် စြန႔္ပစ္ဖို႔ စတဲ့ အခ်က္ေတြ ပါဝင္ပါတယ္။

အဲ့ဒီလို ထုတ္ျပန္ထားေပမယ့္လည္း မဲဆြယ္စည္း႐ုံးေရး လုပ္ေနၾကတဲ့ အေရာင္မ်ိဳးစုံဝန္းရံသူေတြကေတာ့ လိုက္နာမႈ အားနည္းတာကို ေတြ႕ရပါတယ္။ ႏိုင္ငံေရးပါတီေခါင္းေဆာင္ေတြကေတာ့ လူစုလူေဝးနဲ႔ မဲဆြယ္တာေတြဟာ ပါတီက လုပ္တာမဟုတ္ဘဲ ေထာက္ခံသူေတြ ဝန္းရံသူေတြက ကိုယ့္အစီအစဥ္နဲ႔ကိုယ္ လုပ္ၾကတာျဖစ္တယ္လို႔ အေၾကာင္းျပပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္ကေတာ့ “ က်ေနာ္တို႔က က်မၼာေရးအတြက္ အင္မတန္စိုးရိမ္ပါတယ္။ ဒါေပမယ့္ တျခားပါတီေတြက လူစုလူေဝးနဲ႔ မဲဆြယ္တာေတြေတြ႕ေတာ့ က်ေနာ္တို႔ပါတီေထာက္ခံသူေတြကလည္းသူတို႔လည္း အင္အားျပခ်င္တယ္ဆိုတာေတြျဖစ္လာတယ္ ၊ ဒီေတာ့ က်ေနာ္တို႔က အဲလိုလွည့္လည္တဲ့အခါ မူးယစ္ေသာက္စားတာမလုပ္ဖို႔ တုတ္၊ဓါးလက္နက္ေတြမကိုင္ေဆာင္ဖို႔၊ ပါတီတခုနဲ႔တခု ပုတ္ခတ္တာေတြမလုပ္ဖို႔ အထူးေမတၱာရပ္ခံထားပါတယ္။ တခ်ိဳ႕ေနရာေတြမွာ ျပႆနာတက္တာေတြက တဖက္ပါတီက စတင္သလိုေတြျဖစ္တာကို ေတြ႕ရပါတယ္။ ဒါေပမယ့္ အတတ္ႏိုင္ဆုံး ထိမ္းထိမ္းသိမ္းသိမ္းလုပ္ပါတယ္”

တခ်ိဳ႕ပါတီေတြကေတာ့ ခုလိုမဲဆြယ္လွည့္လည္တဲ့ေနရာမွာ ဝန္းရံတဲ့ မဲဆႏၵရွင္ေတြကို တင္းတင္းမာမာတားဖို႔လည္း အဆင္မေျပဘူးလို႔ ကိုယ္စားလွယ္ေလာင္းေတြက ေျပာၾကပါတယ္။

NLD ပါတီကိုယ္စားျပဳၿပီး မႏၲေလးတိုင္း ေအာင္ေျမသာစံၿမိဳ႕နယ္ တိုင္းေဒသႀကီး(အမွတ္၁)မွာ ဝင္ၿပိဳင္မယ့္ ဦးေက်ာ္သူထြန္းက “ပါတီဝင္ေတြ အခ်င္းခ်င္းၾကားထဲမွာေတာ့ စာနဲ႔ကိုထုတ္ၿပီးေတာ့ ရပ္ကြက္အဆင့္ေတြကို လူစုလူေဝးနဲ႔မလုပ္ၾကဖို႔ တားျမစ္တာေတြ တားတယ္ဆိုတာထက္ ေမတၱာရပ္ခံတာေပါ့ေနာ္၊ မဲဆႏၵရွင္ျပည္သူလူထုၾကေတာ့လည္း လုံးဝ မာမာထန္ထန္တားဖို႔ အဆင္မေျပေတာ့ ညႇင္ညႇင္သာသာနဲ႔ သိမ့္သိမ့္ေမြ႕ေမြ႕တားဖို႔ရာကိုေတာ့ စာထုတ္ထားပါတယ္။ ရပ္ကြက္ ပါတီဝင္ေတြကိုေရာ ဒီလို လူစုလူေဝး မျပဳလုပ္ဖို႔ရာအတြက္ စာထုတ္ထားပါတယ္”လို႔ ေျပာပါတယ္။

NLD နဲ႔ USDP ပါတီရဲ႕ အမွတ္တံဆိပ္ပါ အက်ႌေတြကို ဝတ္ဆင္ထားသူေတြအေနနဲ႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက Stay home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြအျပင္ အနယ္နယ္အရပ္ရပ္မွာ လွည့္လည္အင္အားျပတာေတြကို ႀကိမ္ဖန္မ်ားစြာ လုပ္ၾကပါတယ္။ လူစုလူေဝးမလုပ္ရဘူးဆိုတဲ့ အမိန႔္ကို ခ်ိဳးေဖာက္ၿပီး လွည့္လည္ၾကတာ ျဖစ္ေပမယ့္ သက္ဆိုင္ရာကေတာ့ ပါဝင္သူေတြကို အေရးယူမႈ တစုံတရာလုပ္တာမ်ိဳး မေတြ႕ရပါဘူး။ ထူးျခားခ်က္အေနနဲ႔ ပုသိမ္ၿမိဳ႕မွာ လူစုလူေဝးနဲ႔ လွည့္လည္ခဲ့ၾကတဲ့ NLD နဲ႔ USDP ပါတီက ဦးေဆာင္သူေတြကို ရဲတပ္ဖြဲ႕က အေရးယူခဲ့ပါတယ္။

ခုလိုမ်ိဳးပုံစံမ်ိဳးစုံ၊ လူစုလူေဝးနဲ႔ မဲဆြယ္ေနၾကေပမယ့္ မႏၲေလးၿမိဳ႕အတြင္း ေဈးေတြကို ဗီအိုအမ္အေနနဲ႔ စစ္တမ္းသေဘာမ်ိဳး လိုက္လံေမးျမန္းၾကည့္ေတာ့ ကိုယ့္ၿမိဳ႕နယ္က ကိုယ္စားလွယ္ေလာင္းကို မသိၾကတာ ရာႏႈန္းျပည့္ျဖစ္ေနပါတယ္။

ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီက UEC နဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္တာေတြကို လိုက္နာတဲ့အေနနဲ႔ လူစုလူေဝးနဲ႔ မဲဆြယ္တာေတြမလုပ္ပါဘူး။ လူစုလူေဝးနဲ႔ မဲဆြယ္ရင္ လိုက္ပါမယ့္လူေတြေရာ၊ ေဘးပတ္ဝန္းက်င္က လူေတြပါ ေရာဂါပိုးကူးဆက္ခံရမွာကို စိုးရိမ္တဲ့အတြက္ မလုပ္တာျဖစ္တယ္လို႔ ပါတီဥကၠ႒ ဦးေဒးဗစ္လွျမင့္က ေျပာျပပါတယ္။

ကိုဗစ္ကန႔္သတ္ခ်က္ေတြေၾကာင့္ မဲဆြယ္ေရးအခက္အခဲျဖစ္ၾကတဲ့အထဲမွာ ကိုယ္စားလွယ္ေလာင္းအနည္းငယ္သာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ပါတီေတြက အမ်ားဆုံးျဖစ္ပါတယ္။ အဲလို ပါတီေတြကေတာ့ လူစုလူေဝးနဲ႔ လွည့္လည္တာမ်ိဳး မလုပ္ဘဲ ထူးျခားတဲ့ အစီအစဥ္ေတြနဲ႔ မဲဆြယ္ၾကပါတယ္။

တခ်ိဳ႕ပါတီသစ္ေတြျဖစ္တဲ့ ျပည္သူ႔ပါတီကေတာ့ တအိမ္တက္ဆင္းမဲဆြယ္တာအျပင္ ကိုဗစ္ေရာဂါကာကြယ္ဖို႔ နည္းလမ္းေတြကို ေခတ္လူငယ္ေတြစိတ္ဝင္စားေအာင္ သ႐ုပ္ေဖၚကကြက္ေလးေတြနဲ႔ မဲဆြယ္တာ၊ႏွာေခါင္းစည္းေဝတာ‌ေေတြ ေတြ႕ရသလို ျပည္သူ႔ေရွ႕ေဆာင္ပါတီကေတာ့ အေျခခံစားေသာက္ကုန္ေတြကို ေဈးေလွ်ာ့ေရာင္းတာ ၊ ပိုးသတ္ေဆးျဖန္းတဲ့ လုပ္ငန္းေတြလုပ္တာေတြ႕ရပါတယ္။ ျပည္ခိုင္ၿဖိဳးပါတီကလည္း အလားတူ ဆန္ေတြ ၾကက္ဥေတြကို ေဈးေလွ်ာ့ေရာင္းတဲ့ လုပ္ငန္းနဲ႔ ႏွာေခါင္းစည္းေဝတာေတြ လုပ္တာကို ေတြ႕ရပါတယ္။

လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီက ကိုယ္စားလွယ္ေလာင္းေတြက မဲဆႏၵနယ္ေတြအတြင္း တအိမ္တက္ဆင္း မဲဆြယ္ၾကသလို သူတို႔ရဲ႕ ေဖ့ဘုတ္လူမႈကြန္ယက္စာမ်က္ႏွာကေနတဆင့္ ကိုယ္စားလွယ္ေလာင္းေတြကို မိတ္ဆက္တာမ်ိဳးလည္း လုပ္ၾကပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္ေတြရွိတဲ့ ေဒသေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ပါတီေတြနဲ႔ ကိုယ္စားလွယ္ေလာင္းေတြဟာလည္း ကိုဗစ္ကန႔္သတ္ခ်က္ေတြအျပင္ လက္နက္ကိုင္အဖြဲ႕ေတြရဲ႕ ျခမ္းေျခာက္တာကိုလည္း ခံၾကရပါတယ္။

ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္မွာ ဝင္ၿပိဳင္မယ့္ NLD ကိုယ္စားလွယ္ေလာင္း သုံးဦးကို ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ဖမ္းဆီးခဲ့ၿပီး ဒီေန႔အထိျပန္လႊတ္ေပးတာ မရွိေသးသလို တအာင္း(ပေလာင္)အမ်ိဳးသားပါတီ(TNP) ဟာလည္း ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ(RCSS) ရဲ႕ ၿခိမ္းေျခာက္မႈေၾကာင့္ ရွမ္းျပည္နယ္မွာ မဲဆြယ္ရာမွာ အခက္အခဲေတြျဖစ္ေနပါတယ္။

“႐ြာေတြမွာ မဲဆြယ္လို႔မရဘူး။ RCSS/SSAက ႐ြာသားေတြကိုမွာတယ္။ သူႀကီးေတြကိုေျပာတယ္။ TNP ကို မလာေစနဲ႔ မဲမထည့္ဖို႔ ဖိအားေတြေပးတယ္၊ လုပ္ရင္ေတာ့ သူတို႔အေၾကာင္းသိမယ္ဆိုၿပီးေျပာတယ္။ အဲ့ဒီလိုအခက္အခဲေတြေၾကာင့္ မဲဆြယ္လို႔မရဘူး”လို႔ ဥကၠဌ မိုင္းႏုပ္ဟန္က VOM ကို ေျပာပါတယ္

လက္နက္ကိုင္ေတြရွိတဲ့ ေဒသေတြမွာ မဲဆြယ္ဖို႔ ခက္ခဲသူေတြရွိသလို အဆင္ေျပေခ်ာေမြ႕သူေတြလည္း ရွိပါတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္အတြင္း ေနရာအမ်ားစုကို အႏိုင္ရခဲ့တဲ့ ရခိုင္အမ်ိဳးသားပါတီ(ANP) ကေတာ့ ရခိုင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္မွာ လူစုလူေဝးနဲ႔ မဲဆြယ္တာအျပင္ ကစၦပနဒီျမစ္အတြင္းမွာ ေရယာဥ္ႀကီးတစ္စီးနဲ႔ လွည့္လည္ၿပီး အင္အားျပမဲဆြယ္စည္း႐ုံးခဲ့ပါေသးတယ္။

ကခ်င္ျပည္နယ္က စစ္ေရွာင္စခန္းေတြမွာလည္း မဲဆြယ္ဖို႔ အခက္အခဲေတြ ရွိပါတယ္။ ေ႐ြးေကာက္ပြဲနီးလာလို႔ စစ္ေရွာင္စခန္းေတြက မဲဆႏၵရွင္ျပည္သူေတြဆီ မဲဆြယ္ဖို႔ ႀကိဳးစားတဲ့အခါ Covid-19 ေရာဂါ အေျခအေနေၾကာင့္ စစ္ေရွာင္စခန္း တာ၀န္ခံေတြက အ၀င္မခံလို႔ အခက္အခဲႀကဳံရတယ္လို႔ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ ဒုတိယဥကၠ႒ ေဒၚဒြဲဘူက ေျပာျပပါတယ္။

လူစုလူေဝးနဲ႔ မဲဆြယ္မွ ပါတီနဲ႔ ကိုယ္စားလွယ္ေလာင္းကို သိတာမဟုတ္ဘဲ ေလ့လာမႈနဲ႔ စိတ္ဝင္စားမႈအရ ပါတီေတြအေၾကာင္း သိေနၾကသူေတြလည္း ရွိပါတယ္။ စီတာပူ စစ္ေရွာင္စခန္းမွာ ေနထိုင္ေနတဲ့ ေဒၚလုထြယ္က ပါတီေတြစစ္ေရွာင္စခန္းေတြမွာ ၀င္ေရာက္မဲဆြယ္မႈ မျပဳေတာ့ေပမယ့္ အရင္က ေဆြးေႏြးထားတာေတြ၊ စခန္းတာ၀န္ခံေတြက ေန႔စဥ္ေျပာျပတာေတြနဲ႔ သားသမီးေတြရဲ႕ ေျပာျပမႈေတြအရ ပါတီေတြအေၾကာင္းကိုေတာ့ သိေနပါၿပီလို႔ ေျပာပါတယ္။

ျပည္သူဝန္းရံမႈအားေကာင္းတဲ့ NLD နဲ႔ USDP တို႔ကေတာ့ ပါတီေထာက္ခံသူေတြအေနနဲ႔ လူစုလူေဝးနဲ႔ မဲဆြယ္တာေတြ မလုပ္ၾကဖို႔ ေမတၱာရပ္ခံတာမ်ိဳး လုပ္ၾကေပမယ့္ ထိထိေရာက္ေရာက္တားျမစ္တာမ်ိဳးမရွိတာေၾကာင့္ လိုက္နာမႈမရွိၾကတာကို ေတြ႕ရပါတယ္။

ဒီလိုအေနအထားကိုေလ့လာေနတဲ့ ၈၈ မ်ိဳးဆက္တဦးလည္းျဖစ္ ေ႐ြးေကာက္ပြဲအဆက္ဆက္ ေစာင့္ၾကည့္ေလ့လာခဲ့ၿပီး လက္ရွိ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ဝင္တဦးျဖစ္တဲ့ ဦးညီညီေက်ာ္က ခုလုံသုံးသပ္ထားပါတယ္။

“ က်ေနာ္တို႔ ၁၉၉၀ ေ႐ြးေကာက္ပြဲမွာ ပါတီ ၂၀၀ေက်ာ္ၿပိဳင္တယ္ ခုလိုတီရွပ္ေတြ ဗီႏိုင္းေတြမရွိဘူး စားပြဲခင္းၿပီး မဲဆြယ္ခဲ့ၾကတာ ၿပိဳင္ဆိုင္မႈေတြဒီလိုမျဖစ္ခဲ့ဘူး ျပည္သူရဲ႕ႏိုင္ငံေရးအေနအထားက အရမ္းေကာင္းခဲ့တဲ့အေနအထားရွိခဲ့တယ္။ ၂၀၁၀ မွာေတာ့ မဲဆြယ္လွည့္လွည္ခ်င္ရင္ သက္ဆိုင္ရာကို ၃ရက္ႀကိဳတင္ရတာ ပါတီအခ်င္းခ်င္းထိပ္တိုက္မေတြ႕ေအာင္ ျပင္တာလို႔ ေျပာပါတယ္။ ေနာက္ဆုံး လုံၿခဳံေရးလိုက္ေပးဖို႔ တာဝန္ပါလို႔ေျပာလို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ေတြကေျပာခဲ့တယ္။ ၂၀၁၅ မွာလည္း ဒီလိုမေတြ႕ရဘူးဗ် ေနာက္ဆုံး အန္အယ္လ္ဒီႏိုင္လို႔ ေအာင္ပြဲမခံဖို႔ ေဒၚေအာင္ဆန္စုၾကည္ ရက္ ၁၀၀ ၿငိမ္ခိုင္းတာမ်ိဳးေၾကာင့္ အားလုံးေဆးေဆးပါ ။ ခုေတာ့ ဒီလိုမဟုတ္ဘူးဗ် တင္းၾကပ္တဲ့ တားျမစ္မႈမ်ိဳးမရွိေတာ့ ဒီေန႔အခင္းအက်င္းက ဥပမာေပးရရင္ ႐ြာတ႐ြာမွာ ပြဲငတ္ေနတဲ့အခ်ိန္ ပြဲေကာင္းၾကည့္ဖို႔ ဘုန္းႀကီးပ်ံမွ ပြဲေကာင္းထည့္မယ္ဆိုၿပီး ဆုမေတာင္းေကာင္းတာေတာင္းေနၾကသလို က်ေနာ္ေတာ့ ဘယ္လိုမွခံစားလို႔မရဘူး ဒါကို ႏိုင္ငံေရးလို႔မထင္ဘူး” လို႔သူ႔အျမင္ကိုသုံးသပ္ပါတယ္။

ဘယ္လိုပဲျဖစ္ပါေစ ႏိုဝင္ဘာေ႐ြးေကာက္ပြဲမတိုင္ခင္ ပါတီတခုနဲ႔ တခု လူအုပ္စု တစုနဲ႔တစု မတိုက္ခိုက္ၾကဖို႔ အားလုံးဝိုင္းဝန္းထိမ္းသိမ္းၾကရမွာျဖစ္ပါတယ္။ ေသခ်ာတာတခုကေတ့ တင္းၾကပ္တဲ့ ဥပေဒေတြ စည္းကမ္းေတြ ထုတ္ျပန္ထားတာမရွိတဲ့အတြက္ ေ႐ြးေကာက္ပြဲၿပီးရင္ အႏိုင္ရသူနဲ႔ ရႈံးနိမ့္သူၾကား အျပန္အလွန္စြပ္စြဲတိုင္ၾကားတာေတြ ရွိလာမွာကေတာ့ အေသအခ်ာမို႔ မျဖစ္ခင္ ႀကိဳတင္ျပင္ဆင္ၾကဖို႔ လိုပါလိမ့္မယ္လို႔ တင္ျပလိုက္ရပါတယ္။

#voiceofmyanmar #VOM #ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးေရး #ပြဲငတ္ေနခိုက္မဲဆြယ္လိုက္သည္

 

Related posts

Leave a Comment

VOM News

FREE
VIEW