ပြင်သစ်မှာ လည်လှီးသတ်ဖြတ်တဲ့ အကြမ်းဖက်မှုအပြီး နိုင်ငံတစ်ဝန်းမှာ လုံခြုံရေးအမြင့်ဆုံး တိုးမြှင့်

ပါရီ၊ အောက်တိုဘာ-၃၀-၂၀၂၀
မျိုးဆက် (VOM)

ပြင်သစ်နိုင်ငံ ဘုရားကျောင်းတစ်ခုမှာ အောက်တိုဘာ ၂၉ ရက်က ဖြစ်ပွားခဲ့တဲ့ ဓါးကိုင်တိုက်ခိုက်တဲ့ အကြမ်းဖက်မှုကြောင့် လူသုံးဦးသေဆုံးသွားပြီးနောက် နိုင်ငံတစ်ဝန်းမှာ လုံခြုံရေးကို အမြင့်ဆုံးအထိ တိုးမြှင့်လိုက်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတစ်ဦးဟာ ခေါင်းပြတ်လုနီးနီးထိ လည်လှီးသတ်ဖြတ်ခံခဲ့ ရတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ အစ္စလာမစ်အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ပြင်သစ်သမ္မတ မာခရိုက ပြောပါတယ်။ အသက် ၂၁ နှစ်အရွယ် အကြမ်းဖက်သမားဟာ ဥရောပကိုမကြာသေးမီက ရောက်ရှိလာတဲ့ တူနီးရှားနိုင်ငံသား တစ်ဦးဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းတွေလိုမျိုး အများပြည်သူနေရာတွေကို ကာကွယ်ဖို့ ဖြန့်ကြက်ချထားတဲ့ တပ်ဖွဲ့ဝင်ဦးရေကို ၃၀၀၀ ကနေ ၇၀၀၀ အထိတိုးမြှင့်သွားမှာဖြစ်ပြီး အကြမ်းဖက်တိုဖျက်ရေးတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သမ္မတမာခရိုကဆိုပါတယ်။

ပါရီမြို့အနောက်မြောက်ပိုင်း စာသင်ကျောင်းတစ်ခုမှာ ယခုလအစောပိုင်းမှာ အလားတူတိုက်ခိုက်မှု သေဆုံးသူကျောင်းဆရာဟာ ကျောင်းသားအချို့ကို တမန်တော်မိုဟာမက်ရဲ့ ကာတွန်းပုံကို ပြသပြီးနောက် ရက်အနည်းငယ်အကြာမှာ ခေါင်းဖြတ်အသတ်ခံခဲ့ရတဲ့ဖြစ်စဉ်အပြီးမှာ ပြင်သစ်တောင်ပိုင်းနိုက်စ်မြို့ အခုလို ဓါးကိုင်တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလူသတ်မှုကြောင့် ပြင်သစ်နိုင်ငံမှာ တင်းမာမှုတွေ တိုးပွားနေပါတယ်။ ပြင်သစ်သမ္မတ မာခရိုကတော့ တမန်တော်မိုဟာမက်နဲ့ပတ်သက်ပြီး ကာတွန်းရေးဆွဲမှုအခွင့်အရေးကို ကာကွယ်ခဲ့ပြီး အစွန်းရောက်အစ္စလာမ္မစ်တွေကို အစိုးရကနှိမ်နှင်းသွားမယ်လို့ ပြောဆိုခဲ့တဲ့အတွက် တူရကီနဲ့ အခြားမွတ်စလင်ကြီးစိုးတဲ့ နိုင်ငံတွေက အမျက်ဒေါသထွက်နေကြပါတယ်။

Ref : BBC
Photo:AFP
#voiceofmyanmar #VOM #ပါရီ #အကြမ်းဖက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW