ကျိုက်လတ်မြို့မှာ ပြည်သူ့ပါတီ ၀န်းရံသူများ အင်အားပြလှည့်လည်မှု ရဲတပ်ဖွဲ့မှတားဆီး

အောက်တိုဘာ ၃၁-၂၀၂၀
အေးချမ်းသူ(VOM)

ကျိုက်လတ်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းက ပြည်သူ့ပါတီကို ဝန်းရံအားပေးသူတွေဟာ မြို့တွင်းကိုလှည့်လည်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ တားဆီးခြင်းကိုခံခဲ့ရတယ်လို့ ကြက်ကွင်းကျေးရွာမှ ကိုပေါက်စက VOMကိုပြောပါတယ်။

“ကျနော်တို့က စည်းကမ်းတကျ လှည့်တာ၊ လူလည်းမများဘူး၊ ကြက်ကွင်းကျေးရွာကနေ
ဒိုက်ဖျက်ကျေးရွာအဖြတ်မှာ ဖလံကုန်းရွာကနေရဲတွေကတားပြီး ရွာကိုပြန်ခိုင်းတယ်၊ မသွားရဘူး မလှည့်ရဘူး”လို့ ကိုပေါက်စကပြောပါတယ်။

ပြည်သူ့ပါတီကို ဝန်းရံသူပြည်သူတွေအနေနဲ့ ကျုံပျော်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တွေ စကားအချေအတင်ဖြစ်ကြတဲ့အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှာ သွားရောက်ဖြေရှင်းခဲ့ရပြီး ဝန်းရံသူတွေကလည်း မိမိနေထိုင်ရာကျေးရွာတွေကို ပြန်လွှတ်ခဲ့တယ်လို့ ပြည်သူ့ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်လွင်က VOMကိုပြောပါတယ်။

“လူကမများပါဘူး UECက ကြေညာထားတဲ့အတိုင်းပဲ ၅၀မကျော်ဘူး၊ ဂွန်ဒါင်းတစ်စီး
နဲ့တစ်စီးလည်း အကွာကြီး၊ ဒါပေမဲ့ ပြဿနာမတက်ချင်လို့ ရွာသားတွေကိုပြန်ခိုင်းလိုက်တာ”လို့ ဦးအောင်ကျော်လွင်ကပြောပါတယ်။

ကျုံပျော်မြို့နယ်အတွင်းရှိ ပြည်သူ့ပါတီကို ‌ထောက်ခံအားပေးကြတဲ့ ကျေးရွာ ၂၀၊
ဝန်းရံသူ ၃၀၀ကျော်မှ မြို့အတွင်း လှည့်လည်မယ့်အစီအစဉ်ကိုလည်း သိရှိတယ်လို့ ပြည်သူ့ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်လွင်က ပြောပါတယ်။

အခုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျုံပျော်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးကျော်ကတော့ “ပြသာနာတော့ မဖြစ်ဘူးဗျ၊ သူတို့လှည့်တာအကြောင်းမဟုတ်ဘူး။ အခြားရွာတွေက ကိုဗစ်ကာလမှာ မဖြတ်ခံဘူး၊ ပြီးတော့ UECကစာထုတ်ပြန်တာလည်းရှိတယ်၊ ကိုယ်စားလှယ်တွေနဲ့ ညိုနှိုင်းလိုက်တာ အဆင်ပြေသွားတယ်”လို့ VOMကို ရှင်းပြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၉ရက်နေ့ကနေစပြီး ပါတီအသီးသီးရှိ ဝန်းရံသူများ လူ၅၀ထက်မပိုဘဲ လှည့်လည်ရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပ‌ဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။

ကျုံပျော်မြို့နယ်မှာ ရပ်ကွက် ၄ခုနဲ့ ကျေးရွာအုပ်စု ၈၉ခုရှိပြီး လူဦးရေ ၂သိန်းကျော်နေ
ထိုင်ကာ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ပြည်‌ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ပြည်သူ့ပါတီ၊ပြည်ထောင်စုကောင်းကျိုးတောင်ပါတီ၊ ပြည်သူ့ပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်‌ရေးပါတီ၊ပြည်သူ့‌ရှေ့‌ဆောင်ပါတီ တို့မှဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ကျုံပျော် #မဲဆွယ်ဝန်းရံသူ #ရဲတပ်ဖွဲ့တားဆီး

Related posts

Leave a Comment

VOM News

FREE
VIEW