ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ ကွာရန်တင်းဝင်နေရ

နိုဝင်ဘာ ၂-၂၀၂၀
မျိုးဆက်(VOM)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲဟာ ကိုဗစ်-၁၉ ကူးစက်ခံရသူတစ်ဦးနဲ့ ထိတွေ့မိပြီးနောက် ကွာရန်တင်းဝင်နေရတယ်လို့ နိုဝင်ဘာ ၁ ရက်မှာပြောခဲ့ပေမယ့် သူ့မှာ ကိုဗစ်-၁၉ ရောဂါလက္ခဏာပြသခြင်း မရှိဘူးလို့ ပြောပါတယ်။

မိမိဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူတစ်ဦးနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရို့က တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။

လက်ရှိမှာ အခြေအနေကောင်းမွန်နေပြီး ရောဂါလက္ခဏာလည်း မပြသကြောင်း၊ ဒါပေမယ့် ရက်အတန်ကြာ ကွာရန်တင်းဝင်နေရမှာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ နေအိမ်ကနေ အလုပ်လုပ်ကိုင်သွားမယ်လို့ သူကပြောပါတယ်။

တက်ဒရို့ဟာ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေမှာ ရှေ့တန်းကနေ ပါဝင်လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ကပ်ရောဂါဟာ တရုတ်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်နှောင်းပိုင်းက စတင်ခဲ့ပြီးကတည်းက ကမ္ဘာတစ်ဝန်းရှိ လူ ၄၆ သန်းကျော်ကို ကူးစက်ခဲ့ကာ ၁ ဒသမ ၂ သန်းနီးပါး သေဆုံးခဲ့ပါတယ်။

ဥရောပဒေသမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းဟာ ပြန်လည်မြှင့်တက်နေပြီး ၅ ပတ်အတွင်း နှစ်ဆတိုးခဲ့ကာ နိုဝင်ဘာ ၁ ရက်မှာတော့ ၁၀ သန်းထိရှိလာကြောင်း ရိုက်တာသတင်းဌာနရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Ref : Reuters
Photo: Reuters
#voiceofmyanmar #VOM #ဂျီနီဗာ #ကမ္ဘာ့ကျန်းမာရေးအကြီးအကဲ #ကိုဗစ်ကူးစက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW