ချောင်းဦးမြို့နယ်မှာ လုံခြုံရေးကြိုးပြတ်တောက်သွားတဲ့ ကြိုတင်မဲပုံးကို ဆက်လက်အသုံးပြု

နိုဝင်ဘာ ၂-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှာ မနေ့ နိုဝင်ဘာ ၁ရက်နေ့က ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးရှိ ကြိုတင်မဲပုံး အမှတ်(၁)ဟာ မဲပုံးလုံခြုံရေးကြိုး ပြတ်တောက်နေတဲ့အတွက် ကျေးရွာကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို အကြောင်းကြားချက်အရ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်အေးခန့်နဲ့အဖွဲ့က လုံခြုံရေးကြိုးပြတ်တောက်နေတဲ့ ကြိုတင်မဲပုံးကို သွားရောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

” ပြတ်တောက်နေတဲ့ လုံခြုံရေးကြိုး နံပါတ်-၀၃၀၁၅၆၁ အစား လုံခြုံရေးကြိုးနံပါတ်-၀၃၀၁၅၆၅ ကို တပ်ဆင်ပေးထားတယ်” လို့ အောင်ချမ်းသာကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်အေးက ပြောပါတယ်။

အဲ့ဒီနောက် လုံခြုံရေးကြိုးပြတ်တောက်နေတဲ့ မဲပုံးအမှတ်-၁ ကို လုံခြုံရေးကြိုး အစားထိုးကာ အသစ်တပ်ပြီး မဲရုံကိုယ်စားလှယ်တွေနဲ့ အောင်ချမ်းသာကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ သဘောတူညီချက်အရ အဲ့ဒီ ကြိုတင်မဲပုံးကို ပြန်လည်အသုံးပြုသွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ချောင်းဦး #မဲပုံးလုံခြုံရေးကြိုးပြတ် #ဆက်လက်အသုံးပြု

Related posts

Leave a Comment

VOM News

FREE
VIEW