ပင်လည်ဘူးမြို့မှာ ကွာရန်တင်းဝင်နေတဲ့ အမျိုးသား ၁ ယောက် ကြိုးဆွဲချသေဆုံး

နိုဝင်ဘာ ၂-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့၊ မြို့မ(၁)စာသင်ကျောင်း ကွာရန်တင်းစင်တာမှာ ကိုဗစ် ၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးခံနေသူ အမျိုးသား ၁ ယောက်ဟာ ဒီကနေ့ မနက် ၆ နာရီက ကြိုးဆွဲချပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

” သေဆုံးသူဟာ ကျောင်းဆောင်အပြင်ဘက် ရေကန်နားမှာ ဖြစ်တယ် ၊ သူ့ရွာ ဥက္ကဋ္ဌဆီကို ဖုန်းဆက်အကြောင်းထားတယ်၊ ရဲစခန်းက သေမှုသေခင်းဖွင့်ဖို့ လုပ်နေပြီ”လို့ ပင်လည်ဘူး လူမှုညီရေးအသင်းမှ အသင်းတစ်ယောက်ကပြောပါတယ်။

သေဆုံးသူဟာ ပင်လည်ဘူးမြို့နယ်၊ ဗန့်ဘွေးကုန်းကျေးရွာအုပ်စု ၊ သစ်ကုန်းကျေးရွာက ကိုဖိုးသေး၊ အသက် (၃၁) နှစ်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာကလည် မကွေးတိုင်း၊ ချောက်မြို့က ကွာရန်တင်းစင်တာမှာ ကျန်းမာရေးစစ်ဆေးခံနေတဲ့ အမျိုးသား တစ်ယောက် ကြိုးဆွဲချပြီး အဆုံးစီရင်ခဲ့တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Photo-ပင်လည်ဘူး လူမှုကူညီရေးအသင်း
#voiceofmyanmar #VOM #ပင်လည်ဘူး #ကွာရန်တင်းဝင်အမျိုးသား #ကြိုးဆွဲချသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW