ပေါင်မြို့မှာ ကော်မရှင်တံဆိပ်တုံး အတုနဲ့အစစ် လဲလှယ်ခြင်းခံရ

နိုဝင်ဘာ ၂-၂၀၂၀
ကောင်းလက်ျာ(VOM)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းပြောင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ရွာ ကြိုတင်မဲရုံမှာ မနေ့အောက်တိုဘာ ၁ ရက်နေ့က အသက် ၆၀ နဲ့ အထက် ‌ကြိုတင်မဲပေးနေကြချိန် UEC အမှတ်သားပါ ကော်မရှင်တံဆိပ်တုံးကို အတုနဲ့အစစ် လဲလှယ်ခံခဲ့ရတယ်လို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးအတွင်းရေးမှူး ဦးသက်နိုင်ဦးက ပြောပါတယ်။

” တံခွန်တိုင်မဲရုံမှာ ကော်မရှင်အမှတ်သားပါ တံဆိပ်တုံးကို လဲလှယ်ခံခဲ့ရတာပါ။ အခုရက်ပိုင်း သထုံခရိုင်ထဲမှာ မဲရုံပြဿနာ သုံးခုလောက် ရှိသွားပြီ။ တံဆိပ်တုံး အတုကိစ္စက ဒီကနေ့ ပြည့်ပြည့်စုံစုံအစီရင်ခံစာတင်ဖို့ မှာကြားထားတယ်”လို့ ဦးသက်နိုင်ဦးကပြောပါတယ်။

တံခွန်တိုင်‌ကျေးရွာရှိ ‌ကြိုတင်မဲပေးနေတဲ့ မဲရုံမှာ ကိုယ်စားလှယ်လောင်းရွေးချယ်ရတဲ့ မဲလက်မှတ်ပေါ် အမှတ်အသားပြုရတဲ့ တံဆိပ်တုံးကို ခိုးယူပြီး တံဆိပ်တုံးအတုနဲ့ လဲလှယ် သွားခဲ့တာဖြစ်တဲ့အပြင် တံဆိပ်တုံးအတုမှာ UEC အမှတ်အသား မပါရှိဘူးလို့ သိရပါတယ်။

” မနေ့ညက တစ်ကြိမ် စစ်တယ်။ ဒီကနေ့လည်း ထပ်မံစစ်ဆေးဖို့သွားနေတယ်။ မဲတံဆိပ်တုံးထုတဲ့ကိစ ္စကျုးလွန်သူကိုတော့ မသိရသေးဘူး”လို့ ပေါင်မြိုနယ် ‌ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးအောင်က ရှင်းပြပါတယ်။

ဆန္ဒမဲလက်မှတ်ပေါ်မှာ‌ ရွေးကောက်ပွဲကော်မရှင်တံဆိပ်တုံးကို ထုပါက လေးထောင့်ကွက်ကြား အမှန်ခြစ်လက္ခဏာအမှတ်အသား ပါရမယ့်အပြင် အကွက်နဲ့အောက်ခြေမှာ အင်္ဂလိပ်စာလုံး UECအမှတ်သားပါရမှာဖြစ်တယ်လို့သိရပြီး လဲလှယ်ခံထားရတဲ့ တံဆိပ်တုံးမှာ မပါရှိဘူးလို့ သိရပါတယ်။

ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ကြိုတင်မဲပုံး သိမ်းဆည်းတဲ့နေရာမှာ ပြည်နယ်ဝန်ကြီးတစ်ဦး လမ်းညွှန်ချက်နဲ့ CCTV ကင်မရာတပ်ဆင်ထားတာကို ဖြုတ်သိမ်းခဲ့ရတဲ့ကိစ္စဖြစ်ပွားခဲ့တဲ့အပြင် သထုံမြို့နယ်၊ ဝါးရုံခုတ်ကျေးရွာမှာ ကြိုတင်မဲပေးတဲ့စာအိတ်မပါတဲ့ကိစ္စတွေလည်း ပြီးခဲ့တဲ့ အောက်တိုဘာ၂၉ နဲ့၃၀ရက်နေ့တွေကဖြစ်ပွား ခဲ့ပါသေးတယ်။

သထုံခရိုင်မြို့နယ်တွေမှာ တပ်မ‌တော်မဲရုံတွေအပါအဝင် မဲရုံပေါင်း ၉၀ ကျော် နဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၂၆)သိန်းကျော်ရှိပြီး အဲ့ဒီအထဲက အသက် ၆၀နဲ့အထက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦ‌း‌ရေ (၂၆၃၈၃) ယောက်ဟာ အခုလ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ မဲပေးနိုင်မှာဖြစ်တယ်လို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်ကနေ သိရပါတယ်။

Photo -မန္တလေးမြို့ ၊ ဥပုသ်တော်ရပ်ကွက် ကြိုတင်မဲပေးရတဲ့ တံဆိပ်တုံးအစစ်
#voiceofmyanmar #VOM #ပေါင် #ကြိုတင်မဲတံဆိပ်တုံး #အတု၊အစစ်

Related posts

Leave a Comment

VOM News

FREE
VIEW