တန့်ဆည်မြို့နယ်မှာ မဲတံဆိပ်တုံး ၂ ခု ပျောက်ဆုံးလို့ ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ အမှုဖွင့်

နိုဝင်ဘာ ၃-၂၀၂၀
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အုဖ္ပိုလ်အိုင်ကျေးရွာအုပ်စု၊ အုဖ္ပိုလ်အိုင်ရွာက အ.မ.က (မူလွန်)ကျောင်းမှာ အသက် ၆၀ ကျော် ကြိုတင်မဲပေးရုံက ဆန္ဒပြုမဲတံဆိပ်တုံး ၂ တုံး ပျောက်ဆုံးသွားတဲ့အတွက် အုဖ္ပိုလ်အိုင်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြို့လွင်က တန့်ဆည်မြို့မရဲစခန်းမှာ မနေ့ နိုဝင်ဘာ ၂ ရက်က ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေအရ တရားလိုပြုလုပ်ပြီး အမှုဖွင့် တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။

” တန့်ဆည်မြို့မရဲစခန်း (ပ)၂၄၈/၂၀၂၀၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆ (၁) အရ အမှုဖွင့်တားတယ်”လို့ တန့်ဆည်မြို့မရဲစခန်းက ရဲဝန်ထမ်း တစ်ယောက်က ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ တံဆိပ်တုံး ၂ ခုဟာ ကြိုတင်မဲရုံးထဲက လျှို့ဝှက်ဆန္ဒပြုခန်း စားပွဲပေါ် ထားရာကနေ ပျောက်ဆုံးသွားတဲ့အတွက် မဲရုံ ပါတီကိုယ်စားလှယ်တွေနဲ့ မဲရုံ ဧရိယာအတွင်း အသေးစိပ်ရှာဖွေခဲ့တယ်လို့လည်း သိရပါတယ်။

အဲ့ဒီနောက် တံဆိပ်တုံး ၂ ခု ပြန်မတွေ့တာကြောင့် ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့ မဲရုံ ပါတီကိုယ်စားလှယ်တွေဟာ အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ချက်အရ တန့်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်သန္တာစိုးကိုတင်ပြခဲ့ပြီး အဲ့ဒီ တင်ပြချက်ပေါ် ဒေါ်သန္တာစိုးက ရဲစခန်းမှာ အမှုဖွင့်ဖို့ ညွှန်ကြားလာတဲ့အတွက် အမှုဖွင့်တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တန့်ဆည် #ဆန္ဒမဲပေးတံဆိပ်တုံး #ပျောက်ဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW