ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က NLDပါတီ မဲရုံကိုယ်စားလှယ်ကို ဝိုင်းဝန်းရိုက်နှက်

နိုဝင်ဘာ ၄-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ဝက်ချောင်းကျေးရွာ အ.မ.ကကျောင်း မဲရုံအမှတ်-၄မှာ မနေ့ နိုဝင်ဘာ ၃ ရက် မနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်က NLDပါတီ မဲရုံကိုယ်စားလှယ်ကို ဝိုင်းဝန်းရိုက်နှက်တဲ့ ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။

” မဲရုံကိုယ်စားလှယ် အချင်းချင်း ရိုက်ကြတာပါ၊ အမှုဖွင်ထားပါတယ်၊ ရဲစခန်း (ပ) ၃၂၅ / ၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၂၅/၃၂၃/ ၅၀၆/၁၁၄ အရ ဖြစ်တယ်”လို့ ကနီမြု့မရဲစခန်းရှိ ရဲဝန်ထမ်းတစ်ယောက်က အတည်ပြုပြောပါတယ်။

ကနီမြို့နယ် NLDပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းနိုင်ရဲ့ မဲရုံကိုယ်စားလှယ်ဟာ အ.မ.ကကျောင်းရှေ့ရှိ အမှတ်-၄ မဲရုံအပြင်ဘက် ဝရမ်တာမှာ ကြိုတင်မဲပေးသူစာရင်းတွေကို ပြုလုပ်နေချိန် ကြိုတင်မဲပေးဖို့ရောက်လာတဲ့ အမျိုးသမီး ၂ဦးကို အသက် ၆၀ မပြည့်သေးတဲ့အတွက် ကြိုတင်မဲပေးလို့မရသေးဘူလို့ ပြောဆိုခဲ့တာကို ပြည်ခိုင်ဖြိုးပါတီရဲ့ မဲရုံကိုယ်စားလှယ်က ကျေနပ်မှုမရှိတဲ့အတွက် သစ်သားထိုင်ခုံနဲ့ ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ခိုက်ရန်ဖြစ်ပွားနေချိန် ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်နဲ့ တဖွဲ့ထဲဖြစ်သူ အမျိုးသား ၂ဦးကလည်း လက်သီးနဲ့ ဝိုင်းဝန်းထိုးနှက်ခဲ့တဲ့အပြင် ဝင်ရောက်ဖျန်ဖြေသူကိုပါ သစ်သားထိုင်ခုံနဲ့ ထပ်မံရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

ရိုက်နှက်မှုကြောင့် NLDပါတီ မဲရုံကိုယ်စားလှယ် ဦးကြည်မင်းမှာ နှာခါင်းထိပ် ဖုယောင်ညိုမဲဒဏ်ရာနဲ့ ဝင်ရောက်ဖျန်ဖြေသူ အမျိုးသားမှာ ဝဲဘက်လက်ဖျံ ပေါက်ပြဲ၊ နာကျဉ်ဒဏ်ရာတွေရရှိခဲ့ပြီး ကနီ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီ မဲရုံကိုယ်စားလှယ်ရဲ့ ရိုက်နှက်တာကိုခံရတဲ့ NLDပါတီ မဲရုံကိုယ်စားလှယ်လောင်း ဦးကြည်မင်းက တရားလိုပြုလုပ်ပြီး ကနီမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တာဖြစ်ပါတယ်။

Photo – ဦးထွန်းးထွန်းဝင်း(ကနီ)
#voiceofmyanmar #VOM #ကနီ #မဲရုံကိုယ်စားလှယ် #အချင်းချင်းရိုက်နှက်မှုဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW