ရိခေါဒါရ် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံက တာဝန်ခံ ခေါင်းဖြတ် အသတ်ခံရ

ရိခေါဒါရ် ၊ နိုဝင်ဘာ ၄ ၊ ၂၀၂၀
ကိုတိုးကြီး (VOM)

ချင်းပြည်နယ် မြန်မာ – အိန္ဒိယ နယ်စပ် ကုန်သွယ်ရေး မြို့တစ်ခုဖြစ်တဲ့ ရိခေါဒါရ်မြို့မှာရှိတဲ့ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ ရုံးခန်းထဲမှာ နိုဝင်ဘာ ၃ ရက် ညနေ ၆ နာရီကျော် အချိန်က လူသတ်မှု ဖြစ်စဥ်တစ်ခု ပေါ်ပေါက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သေဆုံးသူဟာ ရိခေါဒါရ်မြို့ အမှတ် (၁) ရပ်ကွက်မှာနေထိုင်တဲ့ ရုပ်မြင်သံကြား ထပ်ဆင့် ထုတ်လွှင့်ရုံ တာဝန်ခံ ဦးကပ်လှေပြောင် အသက် ( ၄၃) နှစ်ဆိုသူဖြစ်ပါတယ်။

သေဆုံးသူ တာဝန်ယူ လုပ်ကိုင်ရတဲ့ ရုပ်မြင်သံကြား မိုက်ခရိုဝေ့ရုံးခန်းထဲကို ရိခေါဒါရ်မြို့ အမှတ် (၂)ရပ်ကွက်ထဲမှာ အလုပ်အကိုင် ကျဘမ်းနဲ့ ခေတ္တ လာရောက်နေထိုင်နေသူ ကိုရှယ်ထန်း (ခ) ထန်းငှါ အသက် (၂၈) ဆိုသူက ရောက်ရှိလာပြီး ရုပ်သံ ထပ်ဆင့်ထုတ်လုပ်ရေး မိုက်ခရိုဝှေ့ တာဝန်ခံကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ရဲ့ မှတ်တမ်းအရသိရပါတယ်။

သတ်ဖြတ်သူက သတ်ဖြတ်ခံရသူရဲ့ ဦးခေါင်းကို ဖြတ်တောက်ပြီး ပုဆိုကွင်းနဲ့ ထုပ်ပြီး ရိခေါဒါရ် မြို့ ထဲကို ယူဆောင်လာခဲ့တာဖြစ်ပါတယ်။

” ဘာကြောင့် သတ်တယ်ဆိုတာ စီစစ်ဆဲဖြစ်တယ်၊ ပြည်သူ့ဆေးရုံမှာ ဆေးစစ်ဆေးချက်ရယူပြီး ဆရာဝန်ရဲ့ တရားဝင်ပြန်ကြားချက်ရမှ စိတ်ကျန်းမာရေးကြောင့်လား အခြားဘာကြောင်ံ့ လဲဆိုတာ အဖြေသိရမှာပါ အလတ်တလော မှတ်ချက်ပြုပြောလို့ ဘာမှ မရနိုင်သေးဘူး ” လို့ ရိခေါဒါရ် နယ်မြေရဲစခန်းက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှု ဖြစ်စဥ်နဲ့ ပတ်သက်လို့ နိုင်ငံရေး ဘာသာရေး နဲ့ လူမျိုးရေး ပဋိပက္ခ တစုံတရာ ပါဝင်ခြင်းမရှိပဲ ပြစ်မှုကျုးလွန်းသူရဲ့ စိတ်ခံစားချက်အရ အဲ့ဒီ ပြသနာ ဖြစ်ရတယ်လို့ သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက သုံးသပ်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရိခေါဒါရ်လူသတ်မှု #ချင်းပြည်နယ်

zawgy

ရိေခါဒါရ္ ႐ုပ္ျမင္သံၾကား ထပ္ဆင့္လႊင့္စက္႐ုံက တာဝန္ခံ ေခါင္းျဖတ္ အသတ္ခံရ

ရိေခါဒါရ္ ၊ ႏိုဝင္ဘာ ၄ ၊ ၂၀၂၀
ကိုတိုးႀကီး (VOM)

ခ်င္းျပည္နယ္ ျမန္မာ – အိႏၵိယ နယ္စပ္ ကုန္သြယ္ေရး ၿမိဳ႕တစ္ခုျဖစ္တဲ့ ရိေခါဒါရ္ၿမိဳ႕မွာရွိတဲ့ ႐ုပ္ျမင္သံၾကား ထပ္ဆင့္လႊင့္စက္႐ုံ ႐ုံးခန္းထဲမွာ ႏိုဝင္ဘာ ၃ ရက္ ညေန ၆ နာရီေက်ာ္ အခ်ိန္က လူသတ္မႈ ျဖစ္စဥ္တစ္ခု ေပၚေပါက္ခဲ့တယ္လို႔ သတင္းရရွိပါတယ္။

ေသဆုံးသူဟာ ရိေခါဒါရ္ၿမိဳ႕ အမွတ္ (၁) ရပ္ကြက္မွာေနထိုင္တဲ့ ႐ုပ္ျမင္သံၾကား ထပ္ဆင့္ ထုတ္လႊင့္႐ုံ တာဝန္ခံ ဦးကပ္ေလွေျပာင္ အသက္ ( ၄၃) ႏွစ္ဆိုသူျဖစ္ပါတယ္။

ေသဆုံးသူ တာဝန္ယူ လုပ္ကိုင္ရတဲ့ ႐ုပ္ျမင္သံၾကား မိုက္ခ႐ိုေဝ့႐ုံးခန္းထဲကို ရိေခါဒါရ္ၿမိဳ႕ အမွတ္ (၂)ရပ္ကြက္ထဲမွာ အလုပ္အကိုင္ က်ဘမ္းနဲ႔ ေခတၱ လာေရာက္ေနထိုင္ေနသူ ကိုရွယ္ထန္း (ခ) ထန္းငွါ အသက္ (၂၈) ဆိုသူက ေရာက္ရွိလာၿပီး ႐ုပ္သံ ထပ္ဆင့္ထုတ္လုပ္ေရး မိုက္ခ႐ိုေဝွ႔ တာဝန္ခံကို သတ္ျဖတ္ခဲ့တာျဖစ္တယ္လို႔ ေဒသဆိုင္ရာ အာဏာပိုင္အဖြဲ႕ရဲ႕ မွတ္တမ္းအရသိရပါတယ္။

သတ္ျဖတ္သူက သတ္ျဖတ္ခံရသူရဲ႕ ဦးေခါင္းကို ျဖတ္ေတာက္ၿပီး ပုဆိုကြင္းနဲ႔ ထုပ္ၿပီး ရိေခါဒါရ္ ၿမိဳ႕ ထဲကို ယူေဆာင္လာခဲ့တာျဖစ္ပါတယ္။

” ဘာေၾကာင့္ သတ္တယ္ဆိုတာ စီစစ္ဆဲျဖစ္တယ္၊ ျပည္သူ႔ေဆး႐ုံမွာ ေဆးစစ္ေဆးခ်က္ရယူၿပီး ဆရာဝန္ရဲ႕ တရားဝင္ျပန္ၾကားခ်က္ရမွ စိတ္က်န္းမာေရးေၾကာင့္လား အျခားဘာေၾကာင္ံ့ လဲဆိုတာ အေျဖသိရမွာပါ အလတ္တေလာ မွတ္ခ်က္ျပဳေျပာလို႔ ဘာမွ မရႏိုင္ေသးဘူး ” လို႔ ရိေခါဒါရ္ နယ္ေျမရဲစခန္းက ရဲဝန္ထမ္းတစ္ေယာက္က ေျပာပါတယ္။

အဲ့ဒီ လူသတ္မႈ ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ႏိုင္ငံေရး ဘာသာေရး နဲ႔ လူမ်ိဳးေရး ပဋိပကၡ တစုံတရာ ပါဝင္ျခင္းမရွိပဲ ျပစ္မႈက်ဳးလြန္းသူရဲ႕ စိတ္ခံစားခ်က္အရ အဲ့ဒီ ျပသနာ ျဖစ္ရတယ္လို႔ သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြက သုံးသပ္ထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရိေခါဒါရ္လူသတ္မႈ #ခ်င္းျပည္နယ္

 

Related posts

Leave a Comment

VOM News

FREE
VIEW