အုပ်ချုပ်ရေးမှူးအိမ်မှာ မဲရုံဖွင့်လှစ်ပြီး ကြိုတင်မဲပေးတာကို SNLD ကိုယ်စားလှယ်လောင်း ကန့်ကွက်

နိုဝင်ဘာ ၅-၂၀၂၀
အေးချမ်းသူ(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ
ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မှာ ကြိုတင်မဲပေးခြင်းနဲ့ မဲပုံးသိမ်းဆည်းထားတာကို SNLDကိုယ်စားလှယ်လောင်းက ကန့်ကွက်ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်SNLDပါတီကနေ သိရပါတယ်။

” အုပ်ချုပ်ရေးမှူးအိမ်က ချောင်ကြိုချောင်ကြားထဲမှာ၊ လာထည့်တာလည်း တရုတ်တွေ မြန်မာစကားနားလည်တာမဟုတ်ဘူး၊ အဲ့ဒါကြောင့်ကန့်ကွက်တာပါ။ တစ်ချို့ဆို ကိုယ်
စားလာထည့်တဲ့သူတောင်ရှိတယ်လို့ ပြောတယ်”လို့ SNLDပါတီမှ မူဆယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းထွေးမှုံကVOMကိုပြောပါတယ်။

အခုလိုကန့်ကွက်မှုကြောင့် မူဆယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ကြိုတင်မဲပေးမှုနဲ့
အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မှာ မပြုလုပ်တော့ဘဲ စာသင်ကျောင်းတွေကို ပြောင်းရွှေ့ပြုလုပ်ပြီး ကြိုတင်မဲပုံးတွေကိုလည်း စာသင်ကျောင်းတွေကို ပြောင်းရွှေ့ထားခဲ့တယ်လို့ ဒေါ်နန်းထွေးမှုံက ဆက်ပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မှာ ကြိုတင်မဲပေးတာကို SNLDမှ ကန့်ကွတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မူဆယ်ခရိုင်ရွေးကောက်ပွဲကော်ရှင်အဖွဲ့အတွင်းရေးမှူး ဦးအောင်ကျော်စိုးကို VOMက ဆက်သွယ်မေးမြန်းရာမှာတော့”ရုံးကို ကိုယ်တိုင်လာရောက်မေးမြန်းမှ ဖြေနိူင်မှာဖြစ်တယ်”လို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

မူဆယ်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ၊ တအာင်း (ပလောင်) အမျိုး သားပါတီ၊ ကချင်အမျိုးသားပါတီ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှစ်ဦးတို့က လာမယ့်၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Photo-SNLD
#voiceofmyanmar #VOM #ပန်ဆိုင်း #ကြိုတင်မဲ

Related posts

Leave a Comment

VOM News

FREE
VIEW