ရန်ကုန်တိုင်းက ရခိုင်နဲ့ကရင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ စိတ်ဝင်စားစရာ

နိုဝင်ဘာ-၆-၂၀၂၀

ဆွေလင်းထွန်း(VOM)

 

ရန်ကုန်တိုင်းအတွင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၁ ဦးမှာ နာမည်ကြီးနိုင်ငံရေးသမားတွေပါတာမို့  အကြိတ်အနယ်ယှဉ်ပြိုင်ကြရမယ့်နေရာဖြစ်ပါတယ်။

 

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၅ ဦးအနက် ဒေါ်ထုမေဟာ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ယခင်ကရခိုင်ဒီမိုကရေစီအဖွဲချုပ်ပါတီဝင်တဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ရခိုင်အမျိုးသားပါတီ နှစ်ခြမ်းကွဲခဲ့ပြီးနောက်ပိုင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ဝင်ရောက်ဖို့ လုပ်ခဲ့ပေမယ့် ရခိုင်အမျိုးသားပါတီက ထွက်ခွင့်မပေးခဲ့တဲ့အတွက် ခုရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလအနေနဲ့ပဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ရန်ကုန်ရောက်ရခိုင်လူငယ်တွေ တည်ထောင်ထားတဲ့ Scholor Institute မှာ အင်္ဂလိပ်စာ ဆရာမတဦးအဖြစ် ပညာဒါနသင်ကြားပေးနေတဲ့အပြင် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့်ရေးလှုပ်ရှားမှု(Shwe Gas Movement) မှာ ညှိနှိုင်းရေးမှုးတဦးအနေနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းအတွင်းမဲပေးခွင့်ရှိတဲ့ ရခိုင်တိုင်းရင်းသား ၇၃၀၀၀ ကျော်ရှိပြီး အများစုက စက်ရုံတွေမှာလုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်း အသက် ၆၀နဲ့အထက်တွေကို ကြိုတင်မဲကောက်ခံရာမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့် မရတာမျိုးတွေ ကြုံနေရပါတယ်။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ ဝင်ပြိုင်မယ့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းဒေါ်ထုမေက ရခိုင်တိုင်းရင်းသားတွေ မဲပေးခွင့်ဆုံးရှုံးနေတဲ့အကြောင်း ခုလိုပြောပြပါတယ်။

“ရန်ကုန်တိုင်းတတိုင်းလုံးမှာဆိုရင် မဲထည့်ခွင့်ဆုံးရှုံးတဲ့လူတွေ တော်တော်များနေပါတယ်။ သန်လျင်မှာဆိုရင် မဲမထည့်လိုက်ရဘူးဆိုတဲ့လူတွေ နာမည်စာရင်းနဲ့ အတိအကျရှိတယ်။ ရပ်ကွက်လည်း အတိအကျရှိပါတယ်ရှင့်။ မဲထည့်ခွင့်ဆုံးရှုံးတဲ့အတွက် ကျမအနေနဲ့ ရန်ကုန်တိုင်း UEC ကို စာပို့ထားပါတယ်” လို့ ဒေါ်ထုမေက ပြောပါတယ်။

ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ သူမနဲ့ ယှဉ်ပြိုင်ရမယ့် သူတွေကတော့ NLD ပါတီက ဒေါ်ခင်မျိုးဦး၊ ရခိုင်အမျိုးသားပါတီက ဦးဦးမြင့်ကျော်၊ တသီးပုဂ္ဂလဖြစ်တဲ့ ဦးတင်ထူးအောင်နဲ့ဒေါက်တာစံလှကျော်တို့ ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးဖြစ်တဲ့ ဦးဇော်အေးမောင်ကတော့ ဝင်ရောက်ယှဉ်ပြိုင်တာမတွေ့ရပါဘူး။ သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့ပြီးဖြစ်ပေမယ့် ရခိုင်တိုင်းရင်းသားတွေအတွက် ထိရောက်တဲ့ အပြောင်းအလဲတွေ မလုပ်နိုင်ခဲ့လို့ ဝေဖန်ခံနေရပါတယ်။

တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း    ဦးတင်ထူးအောင်ကတော့ အစိုးရအဖွဲ့ဝင်တယောက် မဟုတ်ပေမယ့်ရခိုင်တိုင်းရင်းသားဝန်ကြီးတယောက် လုပ်ရမယ့် အလုပ်တွေကို လုပ်ဆောင်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိတယ်လို့ပြောပါတယ်။

ဦးတင်ထူးအောင်က “ရခိုင်အမျိုးသားကွန်ယက်နဲ့အတူ ၈ နှစ်တာ ဖြတ်သန်းခဲ့တဲ့ အတောအတွင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတယောက် လုပ်ရမယ့်အလုပ်တွေဖြစ်တဲ့ သာရေး၊ နာရေး၊ စီးပွားရေး၊ လူမှုရေး၊နိုင်ငံရေး၊ သံတမန်ဆက်ဆံရေးနဲ့ လူကုန်ကူးမှုပြဿနာ စတဲ့ အရေးကိစ္စတွေကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်။ ကျနော်တို့အနေနဲ့ တရားဝင်မှုရဖို့အတွက် ရွေးကောက်ပွဲဝင်လာရခြင်း ဖြစ်တယ်” လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုဝင်ပြိုင်မယ့် ဒေါ်ခင်မျိုးဦးကတော့ နိုင်ငံရေးအတွေ့အကြုံမရှိဘဲရန်ကုန်ကို ဆေးလာကုတဲ့ ရခိုင်လူမျိုးတွေအတွက် အလှုငွေပေးတာမျိုးတွေ၊ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်၁၉ ကာကွယ်ကုသရေးတွေအတွက် အလှုငွေကောက်ခံပေးတာမျိုးတွေ လုပ်ဆောင်နေပါတယ်။ ရခိုင်အမျိုးသားတွေအတွက် လူမှုဘဝတိုးတက်မြင့်မားရေး၊ လူအခွင့်အရေးနဲ့ ဥပဒေ တန်းတူညီမျှရရှိရေး၊ ရခိုင့်စာပေနှင့် ယဉ်ကျေးမှု တိုးတက်မြင့်မားရေး၊ ရန်ကုန်ရောက် ရခိုင်အလုပ်သမားတွေ၊ လူငယ်တွေအတွက်အလုပ်အကိုင်အခွင့်အရေးတွေ ဖော်ဆောင်ပေးရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ လူမှုကွန်ယက်မှာ တင်ထားတဲ့ မဲဆွယ်မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ကြိုတင်မဲကောက်ခံရာမှာလည်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ကြိုတင်မဲလက်မှတ်တွေ မပါဝင်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။ အဆိုပါနေရာကနေ NLD ပါတီကိုယ်စားပြု ဝင်ပြိုင်မယ့် နော်စူစင်နာလှလှစိုးကတော့ တိုင်းရင်းသားတွေအတွက် သပ်သပ် ထပ်မံ ကောက်ခံပေးမှာဖြစ်တယ်လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးခဲ့ပါတယ်။

ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ကိုယ်စားလှယ်လောင်း ၆ ဦး ဝင်ပြိုင်မှာဖြစ်ပြီး ကရင်တိုင်းရင်းသားတွေ ကြားထဲမှာ ရေပန်းစားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုတဲ့နော်စူစင်နာလှလှစိုးနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီက နော်အုံးလှတို့ အဓိကယှဉ်ပြိုင်ရမယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

၎င်းတို့နှစ်ဦးလုံးဟာ တက်ကြွလှုပ်ရှားသူတွေအဖြစ်ကနေ ရွေးကောက်ပွဲဝင်ပြိုင်ကြမှာဖြစ်ပြီး နော်လှလှစိုးကတော့ လက်ရှိမှာ အင်းစိန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။

၂၀၀၃ ခုနှစ်ကနေစပြီး အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး၊ သက်ငယ်မုဒိမ်းမှုပပျောက်ရေး၊တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ နော်လှလှစိုးဟာ ၂၀၁၅ရွေးကောက်ပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါတယ်။ လွှတ်တော်တွင်းမှာလည်း ကရင်စာပေသင်ကြားရေး၊ မိခင်ဘာသာစကားဖြင့် သင်ကြားရေး၊ တိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ အဆိုတင်တာ၊ ဆွေးနွေးတာတွေလည်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ကရင်လူမျိုး နှစ်သိန်းကျော်မဲပေးခွင့်ရှိပြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက စောဂျက်ကော့ထူး၊ ပြည်သူ့ရှေ့ဆောင်ပါတီက နော်လင်းသိင်္ဂီထွန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နော်လှလှစိုး၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီက နော်အုံးလှ၊ ကရင်ပြည်သူ့ပါတီက မန်းသန်းဝင်းဦး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ဒေါ်သင်းသင်းခိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် စစ်အစိုးရရဲ့ ထောင်ဒဏ်ချမှတ်မှုတွေ အကြိမ်ကြိမ်ကျခံခဲ့ရတဲ့ နော်အုံးလှဟာယခင် NLD ပါတီဝင်ဖြစ်ပြီး ၂၀၀၅ မှာ ပါတီကနေ အထုတ်ခံခဲ့ရပါတယ်။ အထုတ်ခံခဲ့ရပေမယ့် ဒေါ်နော်အုံးလှဟာ NLD ပါတီကို ဆက်လက်ဝန်းရံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်းဝတ်ပြုဆုတောင်းပွဲတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းမယ်လို့ ‌ကြွေးကြော်ထားတဲ့ဒေါ်နော်အုံးလှဟာ ကရင်လူမျိုးတွေရဲ့ ရပိုင်ခွင့်တွေရဖို့ ရွေးကောက်ပွဲဝင်ပြိုင်တာဖြစ်တယ်လို့ ပြောပါတယ်။

နော်အုံးလှက “အဓိကကတော့ ၂၀၀၈ နဲ့ဘာမှ မရဘူး၊ အဲ့ဒါကို ကျမတို့ ပြောင်းလဲပြီးတော့မှ ကျမတို့ လိုချင်တဲ့ ရပိုင်ခွင့်တွေရမယ်လို့ ကျမထင်တယ်၊ ကျမလွှတ်တော်ထဲကို သွားတယ်ဆိုတာ ကျမတို့ လူမျိုးအတွက်ရော၊ ကျမတို့အတွက်ရော တော်လှန်ရေးပြန်စဖို့ပဲ” VOM ကို ပြောပါတယ်။

ရန်ကုန်တိုင်းက ကရင်နဲ့ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ အစိုးရနှစ်ဆက်အတွင်း ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး လာမယ့်ရွေးကောက်ပွဲမှာ မိမိတို့ရဲ့ အခွင့်အရေးတွေအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်မယ့် တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းကို မှန်ကန်စွာ ရွေးချယ်ပြီး ဆုံးရှုံးနေတဲ့ မိမိတို့ရဲ့အခွင့်အရေးတွေ ရရှိရေးအတွက် နိုဝင်ဘာ ၈ ရက်နေ့ဟာ မိမိတို့ လူမျိုးအတွက် ရွေးချယ်မှုမှန်ကန်ဖို့ အရေးကြီးတဲ့နေ့ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်တိုင်းရင်းသားရေးရာဝန်ကြီး

ဓါတ်ပုံ ရွှေအင်းသား ခင်မောင်ဝင်း

zawgy

ရန္ကုန္တိုင္းက ရခိုင္နဲ႔ကရင္ တိုင္းရင္းသားေရးရာဝန္ႀကီးေနရာ စိတ္ဝင္စားစရာ

ႏိုဝင္ဘာ-၆-၂၀၂၀
ေဆြလင္းထြန္း(VOM)

ရန္ကုန္တိုင္းအတြင္း ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီးႏွင့္ ကရင္တိုင္းရင္းသားေရးရာဝန္ႀကီး ေနရာေတြၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း ၁၁ ဦးမွာ နာမည္ႀကီးႏိုင္ငံေရးသမားေတြပါတာမို႔ အႀကိတ္အနယ္ယွဥ္ၿပိဳင္ၾကရမယ့္ေနရာျဖစ္ပါတယ္။

ရန္ကုန္တိုင္း ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း ၅ ဦးအနက္ ေဒၚထုေမဟာ လက္ရွိ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တဦးျဖစ္ၿပီး ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ရခိုင္အမ်ိဳးသားပါတီကို ကိုယ္စားျပဳၿပီး အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ သူမဟာ ယခင္က ရခိုင္ဒီမိုကေရစီအဖြဲခ်ဳပ္ပါတီဝင္တဦးျဖစ္ၿပီး ၂၀၁၇ ခုႏွစ္မွာ ရခိုင္အမ်ိဳးသားပါတီ ႏွစ္ျခမ္းကြဲခဲ့ၿပီးေနာက္ပိုင္း ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို ျပန္လည္ဝင္ေရာက္ဖို႔ လုပ္ခဲ့ေပမယ့္ ရခိုင္အမ်ိဳးသားပါတီက ထြက္ခြင့္မေပးခဲ့တဲ့အတြက္ ခုေ႐ြးေကာက္ပြဲမွာေတာ့ တသီးပုဂၢလအေနနဲ႔ပဲ ဝင္ၿပိဳင္မွာ ျဖစ္ပါတယ္။ရန္ကုန္ေရာက္ ရခိုင္လူငယ္ေတြ တည္ေထာင္ထားတဲ့ Scholor Institute မွာ အဂၤလိပ္စာ ဆရာမတဦးအျဖစ္ ပညာဒါန သင္ၾကားေပးေနတဲ့အျပင္ ေ႐ႊသဘာဝဓာတ္ေငြ႕ပိုက္လိုင္းေစာင့္ၾကည့္ေရးလႈပ္ရွားမႈ(Shwe Gas Movement) မွာ ညႇိႏႈိင္းေရးမႈးတဦးအေနနဲ႔ လုပ္ကိုင္ေနတာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းအတြင္းမဲေပးခြင့္ရွိတဲ့ ရခိုင္တိုင္းရင္းသား ၇၃၀၀၀ ေက်ာ္ရွိၿပီး အမ်ားစုက စက္႐ုံေတြမွာ လုပ္ကိုင္ေနတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္ပါတယ္။ ရန္ကုန္တိုင္းအတြင္း အသက္ ၆၀နဲ႔အထက္ေတြကို ႀကိဳတင္မဲေကာက္ခံရာမွာ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ မဲေပးခြင့္ မရတာမ်ိဳးေတြ ႀကဳံေနရပါတယ္။ ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီးေနရာမွာ ဝင္ၿပိဳင္မယ့္ တသီးပုဂၢလ ကိုယ္စားလွယ္ေလာင္း ေဒၚထုေမက ရခိုင္တိုင္းရင္းသားေတြ မဲေပးခြင့္ဆုံးရႈံးေနတဲ့အေၾကာင္း ခုလိုေျပာျပပါတယ္။

“ရန္ကုန္တိုင္းတတိုင္းလုံးမွာဆိုရင္ မဲထည့္ခြင့္ဆုံးရႈံးတဲ့လူေတြ ေတာ္ေတာ္မ်ားေနပါတယ္။ သန္လ်င္မွာဆိုရင္ မဲမထည့္လိုက္ရဘူးဆိုတဲ့လူေတြ နာမည္စာရင္းနဲ႔ အတိအက်ရွိတယ္။ ရပ္ကြက္လည္း အတိအက်ရွိပါတယ္ရွင့္။ မဲထည့္ခြင့္ဆုံးရႈံးတဲ့အတြက္ က်မအေနနဲ႔ ရန္ကုန္တိုင္း UEC ကို စာပို႔ထားပါတယ္” လို႔ ေဒၚထုေမက ေျပာပါတယ္။

ရန္ကုန္တိုင္း ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီးေနရာမွာ သူမနဲ႔ ယွဥ္ၿပိဳင္ရမယ့္ သူေတြကေတာ့ NLD ပါတီက ေဒၚခင္မ်ိဳးဦး၊ ရခိုင္အမ်ိဳးသားပါတီက ဦးဦးျမင့္ေက်ာ္၊ တသီးပုဂၢလျဖစ္တဲ့ ဦးတင္ထူးေအာင္နဲ႔ ေဒါက္တာစံလွေက်ာ္တို႔ ျဖစ္ပါတယ္။ လက္ရွိဝန္ႀကီးျဖစ္တဲ့ ဦးေဇာ္ေအးေမာင္ကေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္တာမေတြ႕ရပါဘူး။ သက္တမ္းႏွစ္ႀကိမ္ ထမ္းေဆာင္ခဲ့ၿပီးျဖစ္ေပမယ့္ ရခိုင္တိုင္းရင္းသားေတြအတြက္ ထိေရာက္တဲ့ အေျပာင္းအလဲေတြ မလုပ္ႏိုင္ခဲ့လို႔ ေဝဖန္ခံေနရပါတယ္။

တသီးပုဂၢလကိုယ္စားလွယ္ေလာင္း ဦးတင္ထူးေအာင္ကေတာ့ အစိုးရအဖြဲ႕ဝင္တေယာက္ မဟုတ္ေပမယ့္ ရခိုင္တိုင္းရင္းသားဝန္ႀကီးတေယာက္ လုပ္ရမယ့္ အလုပ္ေတြကို လုပ္ေဆာင္ခဲ့ဖူးတဲ့ အေတြ႕အႀကဳံရွိတယ္လို႔ ေျပာပါတယ္။

ဦးတင္ထူးေအာင္က “ရခိုင္အမ်ိဳးသားကြန္ယက္နဲ႔အတူ ၈ ႏွစ္တာ ျဖတ္သန္းခဲ့တဲ့ အေတာအတြင္း ရခိုင္တိုင္းရင္းသားေရးရာဝန္ႀကီးတေယာက္ လုပ္ရမယ့္အလုပ္ေတြျဖစ္တဲ့ သာေရး၊ နာေရး၊ စီးပြားေရး၊ လူမႈေရး၊ ႏိုင္ငံေရး၊ သံတမန္ဆက္ဆံေရးနဲ႔ လူကုန္ကူးမႈျပႆနာ စတဲ့ အေရးကိစၥေတြကို လုပ္ကိုင္ေဆာင္႐ြက္ခဲ့ၿပီး ျဖစ္တယ္။ က်ေနာ္တို႔အေနနဲ႔ တရားဝင္မႈရဖို႔အတြက္ ေ႐ြးေကာက္ပြဲဝင္လာရျခင္း ျဖစ္တယ္” လို႔ ေျပာပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားျပဳဝင္ၿပိဳင္မယ့္ ေဒၚခင္မ်ိဳးဦးကေတာ့ ႏိုင္ငံေရးအေတြ႕အႀကဳံမရွိဘဲ ရန္ကုန္ကို ေဆးလာကုတဲ့ ရခိုင္လူမ်ိဳးေတြအတြက္ အလႈေငြေပးတာမ်ိဳးေတြ၊ ရခိုင္ျပည္နယ္အတြင္း ကိုဗစ္ ၁၉ ကာကြယ္ကုသေရးေတြအတြက္ အလႈေငြေကာက္ခံေပးတာမ်ိဳးေတြ လုပ္ေဆာင္ေနပါတယ္။ ရခိုင္အမ်ိဳးသားေတြအတြက္ လူမႈဘဝတိုးတက္ျမင့္မားေရး၊ လူအခြင့္အေရးနဲ႔ ဥပေဒ တန္းတူညီမွ်ရရွိေရး၊ ရခိုင့္စာေပႏွင့္ ယဥ္ေက်းမႈ တိုးတက္ျမင့္မားေရး၊ ရန္ကုန္ေရာက္ ရခိုင္အလုပ္သမားေတြ၊ လူငယ္ေတြအတြက္ အလုပ္အကိုင္အခြင့္အေရးေတြ ေဖာ္ေဆာင္ေပးေရးအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္တာ ျဖစ္တယ္လို႔ လူမႈကြန္ယက္မွာ တင္ထားတဲ့ မဲဆြယ္မိန႔္ခြန္းမွာ ထည့္ေျပာပါတယ္။

ရန္ကုန္တိုင္းအတြင္း ႀကိဳတင္မဲေကာက္ခံရာမွာလည္း ကရင္တိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ ႀကိဳတင္မဲလက္မွတ္ေတြ မပါဝင္တဲ့ ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါေသးတယ္။ အဆိုပါေနရာကေန NLD ပါတီကိုယ္စားျပဳ ဝင္ၿပိဳင္မယ့္ ေနာ္စူစင္နာလွလွစိုးကေတာ့ တိုင္းရင္းသားေတြအတြက္ သပ္သပ္ ထပ္မံ ေကာက္ခံေပးမွာ ျဖစ္တယ္လို႔ သူရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာကေန အသိေပးခဲ့ပါတယ္။

ရန္ကုန္တိုင္း ကရင္တိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ ကိုယ္စားလွယ္ေလာင္း ၆ ဦး ဝင္ၿပိဳင္မွာျဖစ္ၿပီး ကရင္တိုင္းရင္းသားေတြ ၾကားထဲမွာ ေရပန္းစားတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားျပဳတဲ့ ေနာ္စူစင္နာလွလွစိုးနဲ႔ ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ား ဒီမိုကေရစီပါတီက ေနာ္အုံးလွတို႔ အဓိက ယွဥ္ၿပိဳင္ရမယ္လို႔ ႏိုင္ငံေရး ေလ့လာသူေတြက သုံးသပ္ၾကပါတယ္။

၎တို႔ႏွစ္ဦးလုံးဟာ တက္ႂကြလႈပ္ရွားသူေတြအျဖစ္ကေန ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ၾကမွာျဖစ္ၿပီး ေနာ္လွလွစိုးကေတာ့ လက္ရွိမွာ အင္းစိန္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ တာဝန္ထမ္းေဆာင္ေနပါတယ္။

၂၀၀၃ ခုႏွစ္ကေနစၿပီး အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး၊ သက္ငယ္မုဒိမ္းမႈပေပ်ာက္ေရး၊ တရားဥပေဒစိုးမိုးေရးနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးမွာ ပါဝင္ေဆာင္႐ြက္ခဲ့တဲ့ ေနာ္လွလွစိုးဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ NLD ပါတီကို ကိုယ္စားျပဳၿပီး အင္းစိန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ဝင္ၿပိဳင္ၿပီး အႏိုင္ရရွိခဲ့ပါတယ္။ လႊတ္ေတာ္တြင္းမွာလည္း ကရင္စာေပသင္ၾကားေရး၊ မိခင္ဘာသာစကားျဖင့္ သင္ၾကားေရး၊ တိုင္းရင္းသားအခြင့္အေရးေတြနဲ႔ ပတ္သက္ၿပီး လႊတ္ေတာ္မွာ အဆိုတင္တာ၊ ေဆြးေႏြးတာေတြလည္း လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္း ကရင္တိုင္းရင္းသားေရးရာဝန္ႀကီးေနရာအတြက္ ကရင္လူမ်ိဳး ႏွစ္သိန္းေက်ာ္မဲေပးခြင့္ရွိၿပီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီက ေစာဂ်က္ေကာ့ထူး၊ ျပည္သူ႔ေရွ႕ေဆာင္ပါတီက ေနာ္လင္းသိဂႌထြန္း၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီက ေနာ္လွလွစိုး၊ ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီက ေနာ္အုံးလွ၊ ကရင္ျပည္သူ႔ပါတီက မန္းသန္းဝင္းဦး၊ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီက ေဒၚသင္းသင္းခိုင္တို႔ ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။

ႏိုင္ငံေရးလႈပ္ရွားမႈေတြေၾကာင့္ စစ္အစိုးရရဲ႕ ေထာင္ဒဏ္ခ်မွတ္မႈေတြ အႀကိမ္ႀကိမ္က်ခံခဲ့ရတဲ့ ေနာ္အုံးလွဟာ ယခင္ NLD ပါတီဝင္ျဖစ္ၿပီး ၂၀၀၅ မွာ ပါတီကေန အထုတ္ခံခဲ့ရပါတယ္။ အထုတ္ခံခဲ့ရေပမယ့္ ေဒၚေနာ္အုံးလွဟာ NLD ပါတီကို ဆက္လက္ဝန္းရံခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္လြတ္ေျမာက္ေရးအတြက္ အဂၤါေန႔တိုင္း ဝတ္ျပဳဆုေတာင္းပြဲေတြ လုပ္ခဲ့တာျဖစ္ပါတယ္။ ၂၀၀၈ အေျခခံဥပေဒဖ်က္သိမ္းမယ္လို႔ ေႂကြးေၾကာ္ထားတဲ့ ေဒၚေနာ္အုံးလွဟာ ကရင္လူမ်ိဳးေတြရဲ႕ ရပိုင္ခြင့္ေတြရဖို႔ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္တာျဖစ္တယ္လို႔ ေျပာပါတယ္။

ေနာ္အုံးလွက “အဓိကကေတာ့ ၂၀၀၈ နဲ႔ဘာမွ မရဘူး၊ အဲ့ဒါကို က်မတို႔ ေျပာင္းလဲၿပီးေတာ့မွ က်မတို႔ လိုခ်င္တဲ့ ရပိုင္ခြင့္ေတြရမယ္လို႔ က်မထင္တယ္၊ က်မလႊတ္ေတာ္ထဲကို သြားတယ္ဆိုတာ က်မတို႔ လူမ်ိဳးအတြက္ေရာ၊ က်မတို႔အတြက္ေရာ ေတာ္လွန္ေရးျပန္စဖို႔ပဲ” VOM ကို ေျပာပါတယ္။

ရန္ကုန္တိုင္းက ကရင္နဲ႔ ရခိုင္တိုင္းရင္းသားေတြအေနနဲ႔ အစိုးရႏွစ္ဆက္အတြင္း ျဖစ္ရပ္ေတြကို သင္ခန္းစာယူၿပီး လာမယ့္ေ႐ြးေကာက္ပြဲမွာ မိမိတို႔ရဲ႕ အခြင့္အေရးေတြအတြက္ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ေပးႏိုင္မယ့္ တိုင္းရင္းသားေရးရာဝန္ႀကီး ကိုယ္စားလွယ္ေလာင္းကို မွန္ကန္စြာ ေ႐ြးခ်ယ္ၿပီး ဆုံးရႈံးေနတဲ့ မိမိတို႔ရဲ႕ အခြင့္အေရးေတြ ရရွိေရးအတြက္ ႏိုဝင္ဘာ ၈ ရက္ေန႔ဟာ မိမိတို႔ လူမ်ိဳးအတြက္ ေ႐ြးခ်ယ္မႈမွန္ကန္ဖို႔ အေရးႀကီးတဲ့ေန႔ျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္တိုင္းရင္းသားေရးရာဝန္ႀကီး

 

Related posts

Leave a Comment

VOM News

FREE
VIEW