အသက် ၁၁ နှစ်အရွယ် မိန်းကလေးကို အသက်၆၃နှစ်အရွယ် အဘိုးအိုက ဖုန်းဝယ်ပေးမယ်လို့ပြောပြီး အဓမ္မပြုကျင့်

နိုဝင်ဘာ ၆-၂၀၂၀
ကောင်းလက်‌ျာ(VOM)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတွန်ကျေးရွာမှာနေတဲ့ အသက် ၁၁ နှစ်အရွယ်မိန်း‌ကလေးတစ်ဦးကို အိမ်နီးချင်း အသက် ၆၃နှစ်အရွယ် အဘိုးအိုတစ်ဦးက ဖုန်းဝယ်ပေးမယ်လို့ပြောဆိုကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ဆိုပြီး တိုင်ကြားလာတဲ့အတွက် နိုဝင်ဘာ ၄ ရက်နေ့ ညနေပိုင်းက အမှုဖွင့်ဖမ်းဆီးလိုက်တယ်လို့ ဇင်းကျိုက်နယ်‌မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော်မျိုးလွင်က ပြောပါတယ်။

” မုန့်ဖိုးပေးမယ် ဖုန်းဝယ်ပေးမယ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ခန့်ကစပြီး အဓမ္မပြုကျင့်ခဲ့တာပါ။ နိုဝင်ဘာလ ၄ ရက်နေ့က လယ်တဲမှာ‌နောက်တစ်ကြိမ်ပြုကျင့်ရာက သိသွားခဲ့တာပါ”လိုရဲအုပ်ကျော်မျိုးလွင်က ပြောပါတယ်။

အောက်တိုဘာလ တတိယပတ်ခန့်က ၂ကြိမ်၊ အခုလ ၄ ရက်နေ့ မနက်ကတစ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၄ရက်နေ့က အသက် ၆၃နှစ်အရွယ် အဘိုးအိုနေထိုင်တဲ့
နောက်ဖေး နွားတင်းကုပ်မှာ အဓမ္မပြုကျင့်နေတာကို ပတ်ဝန်းကျင်ကသိရှိခဲ့တာကြောင့် မိဘတွေကို လာရောက်အသိပေးခဲ့ရာကနေ သိရှိခဲ့တာဖြစ်တယ်လို့ ဇင်းကျိုက်နယ်မြေရဲစခန်းကနေ သိရပါတယ်။

မုဒိမ်းမှုကျုးလွန်တယ်လို့ဆိုကာ တိုင်တန်းထားတဲ့ ဦးမောင်အေး ဆိုသူကို ဇင်းကျိုက်နယ်မြေရဲစခန်းမှ (ပ)၆၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၇၆ အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Photo – ရာမညတိုင်းမ်
#voiceofmyanmar #VOM #ဇင်းကျိုက် #အဓမ္မပြုကျင့်မှု

Related posts

Leave a Comment

VOM News

FREE
VIEW